စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Tuesday, October 11, 2011

Zawgyi&Unicode box for blog

RFF: ကိုကြီးလေး
ခုနောက်ပိုင်းဆိုရင် ဘလော့ဂါတွေက Unicode ဖောင့်တွေအသုံးများလာပြီးဖြစ်ပါတယ်၊ တစ်ချို့ဘလော့ဂါတွေက ဇော်ဂျီ လည်းလက်မလွှတ်နိုင် ယူနီကုတ်လဲလက်မလွှတ်နိုင်ဖြစ်နေတတ်ပါတယ်။ အဲဒီလိုလူမျိုးတွေအတွက် မရှိမဖြစ်ရှိသင့်တဲ့- ဖောင့် Chooser ကတော့ Blog-page Font changer ပါပဲ၊ အဲဒါသူ့နာမည်မဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင်ထွင်ထား တဲ့နာမည်ပါ :P... ထည့်တဲ့နည်းကတော့လွယ်ပါတယ် အောက်ကအတိုင်းသာဆက်လုပ်ပါ။

နည်းလမ်း

  • ဘလော့ဂါသို့ sing in ၀င်ပြီး Dashboard က Layout ကိုသွားလိုက်ပါ။
  • သွားပြီးရင် Sidebar က Add a gadget ကိုနှိပ်လိုက်ပါ။
  • ပြီးပြီဆိုလျှင် HTML/JavaScript ကိုရွေးနှိပ်ပါ။
  • ဘောင့်စ်တစ်ခုပေါ်လာလို့ရှိရင် အောက်ကကုဒ်တွေကို ထည့်ပေးလိုက်ပါ။
  • လက်စသက်တဲ့အနေနဲ့ ခေါင်းစဉ်ထည့်ပေးပြီး Save နှိပ်လိုက်ပါ။
<script type="text/javascript" src="http://kogeelay.googlecode.com/files/unicodeorzawgyi_KG.js"></script>
အပေါ်က အပြာရောင်နဲ့စာကြောင်းက Z&U box java direct လင့်ခ်လေးပါခင်ဗျာ...ကိုယ်ပိုင် hosting နဲ့လဲပြန်ဖြည့်လို့ ရပါတယ် ဒါမှမဟုတ် ကျွန်တော်ပေးထားတဲ့လင့်ခ်နဲ့လဲ သုံးနိုင်ပါတယ်။ အကယ်၍ ကိုယ်ပိုင် hosting မှာတင်ချင်ရင်တော့ ဒီဖိုင် ကိုဒေါင်းပြီး အခြား hosting ဆိုက်တွေမှာတင်နိုင်ပါတယ်။ မရှင်းတာရှိရင် ကွန်မန့်ပေးပြီးတော့ နောက်တစ်နေ့ဒီ ပိုစ့်မှာလာပြန် check  နိုင်ပါတယ်ခင်ဗျာ...အတတ်နိုင်ဆုံးမြန်မြန် ပြန်ဖြေပေးပါ့မယ်။ အားလုံး ကျွန်တော်ဆိုက်ကိုလာ လည်တဲ့အတွက် Thank You ပါ။
Related Posts Plugin for WordPress, Blogger...