စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Saturday, October 22, 2011

Wikipedia ကဘာလဲ။

Wikipedia ကဘာလဲမေးရင်တော့ Google မှာ ထပ်ဆုံးကနေပေါ်ပေါ်လာတက်တဲ့ စာတွေအများနဲ့ရှင်း
ပြပြထားတဲ့ website တခုလို့ဘဲ သတိထားမိကြမှာပါ။ အချို့က ကျတော့လဲ Wikipedia မှာရေးထားတာကိုမှ  ပိုပြီးတော့ကြိုက်ကြတယ် ပြီးတော့ ပိုလေးစားကျတယ် Wikipedia က ဆိုရင် ယုံပြီးသားလို့လဲ ပြောတက်ကျတယ် ဒါတွေက ဘာဖြစ်လို့လဲဆိုတော့ ဒီ Wikipedia မှာ စာရေးတဲ့ အခါမှာ ဘာကိုဘဲရေးရေး ကိုယ်ရေးတဲ့ဟာက ဘာထောက်အထားရှိလဲဆိုတာကို အမြဲ Reference ပြရတယ် Reference မရှိတဲ့ စာဆိုရင် ချက်ချင်းကို ပြန်ဖျတ်ခြင်းခံရပါတယ်။ ပြီးနောက်မှာ Wikipedia က
လူတစ်ယောက်ထဲက ရေးသားတာမဟုတ်ဘဲ လူပေါင်းမြောက်မြားစွာက နေပြီးတော့ အမြဲရေးသား ပြုပြင် နေကျတာဖြစ်တယ် ဒါကြောင့်လဲ ကိုယ်ကြည့်လိုက်တဲ့ အချိန်မှာ တချို့က အမှားကြီးကိုရေးထားတာ ကိုလဲကြုံရတက်ပါတယ် ဒါပေမဲ့ ဒီလိုအမှားကြီးဆိုရင်လဲ ခဏလေးသာ တွေ့ရပြီး ချက်ချင်း ပျောက်သွားမှာ ဖြစ်ပါတယ်။ နောက်တခုရှိတာက Wikipedia မှာ မဟုတ်မမှန်တာတွေ ရေးရင် ဥပဒေအရလဲ အရေးယူခံနိုင်ပါတယ် ဒါကတော့ တခါမှတော့ မဖြစ်ဘူးပါဘူး။ မြန်မာလို ရိုးရိုးလေးပြန်ပြောရရင်တော့ အွန်လိုင်းစွယ်စုံကျမ်း လို့ဘဲ ကျွန်တော်က တော့ နာမည်ပေးမိပါတယ် အတိအကျနဲ့ နာမည်ပေးထားတာ ကတော့ အခမဲ့လွယ်လပ်စွယ်စုံကျမ်း ပေါ့ပို့ပြီးတော့ စုံလင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ အခမဲ့လဲဖြစ်သလို လွယ်လွယ်လပ်လပ်လဲရေးလို့ရပါတယ်။ နည်းနည်း ကြီးကြီးပြောရမယ် ဆိုရင် ကိုယ်က သမိုင်းကိုရေးတဲ့လူ ဖြစ်သွားပြီး အခုနောက်ပိုင်းမှာ စာအုပ်တွေက ရေစိုပြီး ပျက်ဆီးတက်ပါတယ် ပြီးတော့ သမိုင်းအချက်အလက်ကိုလဲ ဒီအတိုင်းကြီး သိမ်းထားလို့ရပေမဲ့ ရေရှည်ခံမှာ မဟုတ်ပါဘူး ဒါကြောင့် ဒီလိုမျိုး သမိုင်းကျတဲ့ အချက်
အလက်ဘဲ ဖြစ်ဖြစ် ခေတ်ပေါ်အကြောင်းအရာဘဲဖြစ်ဖြစ်ကို မြန်မာလိုနဲ့ Wikipedia မှာ  ရေးထားခြင်းအားဖြင့် နောက်မှာလာကျမဲ့ ကွန်ပျုတာ သမားတွေအတွက် အထောက်အကူဖြစ်မယ်။ ပြီးတော့ မြန်မာစွယ်စုံကျမ်း ကြီးကို စာကြည့်တိုက်မှာ တကုတကဖတ်စရာ
မလိုဘဲ Online ကနေဖတ်နိုင်မယ် ဝေမျှနိုင်ပြီး တိုးတက်နှုန်း ပိုမို မြန်ဆန်နိုင်ပါတယ်။
နောက်တချက် အနေနဲ့ပြောရရင် ဒီ Wikipedia မှာ စာရေးခြင်းကလဲ နိုင်ငံအကျိုးကို ဆောင်ခြင်းတမျိုးလို့လဲ
ကျွန်တော်က တော့ယူဆမိတယ် ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတိုင်းလိုလိုက သူ့သမိုင်းနဲ့ သူရှိမှာဘဲ ဒီလိုဘဲ
ကိုယ့်နိုင်ငံက သမိုင်းတွေကို ဒီလို Wikipedia မှာ ရေးခြင်းအားဖြင့် နောက်မသိတဲ့ လူတွေကို Myanmar
wikipedia မှာ ညွှန်းပြလို့ရတယ် ပြီးတော့ တခြားနိုင်ငံသား တွေမေးလာရင်လဲ ကျွန်တော်တို့  နိုင်ငံ
ရဲ့ အကြောင်းကို wikipedia ထဲမှာ ဖတ်ကြည့်လို့ညွှန်းပြလို့ရတယ်။ ပြီးတော့ မြန်မာပြည်သားတွေ ဘယ်လောက် တက်ညီလက်ညီနဲ့ ဒီလိုမျိုး ကမ္ဘာအလည်မှာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းတွေ မြန်မာစာသားတွေ ကို ဝေမျှခြင်းတွေကို တခြားနိုင်ငံသားတွေ အနေနဲ့လဲ အားကျမိမှာအမှန်ပါဘဲ။

ကိုယ့်ရဲ့အမြင်တွေနဲ့ Wikipedia ကို စိတ်ဝင်စားလာအောင် ဆွဲဆောင်လိုက်တာပါ။
အရင်တလောက ဆိုရင် ရန်ကုန်မှာတောင် Wikipedia ရေးနည်း အခဲမဲ့သင်တန်းတို ဖွင့်တယ်ဆိုပြီး
Invitation တောင်ရမိသား... တကယ်ကို လေ့လာသင့်တဲ့ Website ဖြစ်ပြီး အထူးသဖြင့် စာပေ၀ါသနာပါသူ၊ သမိုင်းဝါသနာပါသူတွေ အတွက် အထူးသင့်တော်ပါတယ်။ ပြီးတော့ တကယ်တမ်းဆိုရင်
မြန်မာလို ကောင်းကောင်းရိုက်တက်တာနဲ့တော့ ရေးလို့ရပါတယ် ဘာဖြစ်လို့လဲဆိုတော့ myanmar
wikipedia မှာ ကျွန်တော် ဟိုတနေ့က ကြည့်ကြည့်တာ ချင်းပြည်နယ်တို့၊ မွန်ပြည်နယ်တို့ စတာတွေလဲ
ဘာမှာကို သိပ်ပြည်ပြည်စုံစုံမရေးရသေးဘူး။ ဒါတွေကို မြန်မာပြည်တွင်းထဲမှာ ဆိုရင် ရှိထားတဲ့ စာအုပ်တွေ
ထဲက ဟာတွေကို ဘဲပြန်ရေးလိုက်ရင်ရနေတာမျိုးပေါ့၊ ပြီးတော့ အချို့ဟာတွေဆိုလဲ ဒီလိုဘဲ မြန်မာလို
စာအုပ်တွေ ထွတ်ပြီးသားထဲက ဟာတွေကိုဘဲ ပြန်ပြီးရေးလိုက်ရရယ်ရပါတယ် တကယ်ကို အကျိုးရှိပါတယ်
ဒီအတိုင်း Chatting ထဲမှာ ရေးမဲ့ စာတွေအစား ဒီအချိန်မှာ Myanmar လို wikipedia ရေးပြီး သူငယ်ချင်း
တွေကို ကြွားလိုက်ရင် တကယ်ကို ဂုဏ်ရှိတဲ့ ဟာဖြစ်ပါတယ် အထက်က ကျွန်တော် ပြောခဲ့သလို
တကယ်ကို နောက်မှာဆိုရင် သမိုင်းရေးတဲ့ လူဖြစ်လာမှာပါ။


နောက်ပိုင်းမှာ ရေးထားပြီးသား wikipedia article တွေကို ဘယ်လို Update လုပ်မလဲ၊အမှားပြင်လဲ
ဆိုတာတွေကို ကျွန်တော်တို့ အတူတူရှင်းပြရင်နဲ့ ပိုစ့်တင်သွားပါမယ်။


SBSangpi(စံပီး)
Related Posts Plugin for WordPress, Blogger...