စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Monday, October 24, 2011

iphone,iPad နှင့် ipod touch များတွင် ဇော်ဂျီဖောင့်သွင်းနည်း

Source: Myanmar Mobile Application Store
iPhone နဲ့ iPod touch ထဲမှာ ဇော်ဂျီဖောင့်သွင်းဖို့အတွက် jailbreak လုပ်ထားဖို့လိုအပ်ပါတယ်။ jailbreak လုပ်ပြီးသားစက်တွေအတွက်လုပ်နည်းကိုပြောပြပါ့မယ်။ ဇော်ဂျီအင်ဖာင့်သွင်းဖို့အတွက် အင်တာနက်ကွန်နက်ရှင်ရှိရပါမယ်။ ကိုယ့်ရဲ့ iPhone/Pod ထဲက
Cydia ကို သွားပါ။ ပြီးလျှင် manage အောက်က Source ကိုသွားပါ။ Edit ကနေ Add လုပ်လိုက်ပါ ။ Address တွင်
http://cydia.macforus.com
ကိုထည့်ပါ ။ ပြီးလျှင် Package များကို reload လုပ်ပါလိမ့်မယ်။အကုန်ပြီးသွားရင် Section အောက်မှာ Zawgyi Keyboard iOS 4.1 ဆိုတာကိုရွေးလိုက်ပြီး install လုပ်လိုက်ပါ။ အထဲမှာ
Zawgyi Font နှင့်Zawgyi Keyboard နှစ်ခုပါ ပါတယ်။ ပြီးရင်စက်ကို restart ချပါ။ ပြီးလျှင်
Setting > General ထဲက Keyboard > International Keyboard ကိုသွားပါ။
နောက် Add new keyboard ဆိုပြီးတော့ list ထဲက Myanmar(မြန်မာ)ဆိုတာကိုရွေးပေးလိုက်ပါ ။
ဒါဆိုရင် သွင်းလို့ပြီးသွားပါပြီ။ ဇော်ဂျီကီးဘုတ်ပြောင်းရိုက်ချင်ရင် အင်္ဂလိပ်ကီးဘုတ်အောက်ခြေနားက ကမ္ဘာလုံးပုံလေးကိုနှိပ်ပြီး ပြောင်းရိုက်နိုင်ပါတယ်။

iOS 4.2 နှင့်အထက်အတွက် Zawgyi iPad ကီးဘုတ်ကို ရှာချင်ရင်လည်း အထက်ပါအတိုင်းပဲသွင်းရမှာပါ။ Address တွင် http://cydia.macforus.com
ကိုထည့်ပါ ။ ပြီးလျှင် Package တွေပေါ်လာတဲ့အထဲက Zawgyi Keyboard iPad 4.2 ကိုရွေးပြီး အထက်ပါနည်းလမ်းများအတိုင်းသွင်းနိုင်ပါတယ်။

Related Posts Plugin for WordPress, Blogger...