စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Saturday, October 29, 2011

U4MDY (Ubuntu For Mandalay)

ဤ DoAttend Event Form သည် မန္တလေးမြို့တခုတည်းကိုသာ အဓိကထားသော Event ဖြစ်သည့်အတွက်  မန္တလေးမြို့နေ Ubutnu အားစိတ်ပါဝင်စားသူ ညီအစ်ကိုမောင်နှမများ၏ ဝိုင်းဝန်းကူညီမှုအား အထူးပင်  ကြိုဆိုပါသည်။
Ubuntu Myanmar LoCo Team  မှ မန္တလေးမြို့ရှိ Ubuntu အသုံးပြုနေသူများ အား နောက်ဆုံးထွက် Version Ubuntu 11.10 (Oneiric Ocelot) သို့ လွယ်လင့်တကူ Upgrade/Install ပြုလုပ်နိုင်စေရန်။ မန္တလေးမှ Ubuntu အား စိတ်ပါဝင်စားသူများ၊ စတင်လေ့လာချင်သူများ အလွယ်တကူ Install ပြုလုပ်၍လေ့လာနိုင်ရန် အတွက် Ubuntu 11.10 DVD အခွေများအား (ယခု Form မှ ရရှိမည့် မြို့နယ် နှင့် လူဦးရေစာရင်းအပေါ် မူတည်၍) မန္တလေးမြို့ရှိ နီးစပ်ရာ Internet ဆိုင်များသို့ပေးပို့ပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် အခွေမရရှိခြင်း၊ လိပ်စာမသိခြင်းများ မရှိစေရန် အတွက် မိမိတို့ ၏ နေရပ်လိပ်စာ အား မှန်ကန်စွာထည့်သွင်းပေးပါရန် ကြိုတင်၍ အသိပေးအပ်ပါသည်။
မှတ်ချက်။   ။ Form ဖြည့်စွက်ပြီးပါက Confirmation email အား ပို့ပေးမည်ဖြစ်ပြီး အဆိုပါ email တွင် Ticket ကိုပါထည့်သွင်းပေးလိုက်မည်ဖြစ်သည်။ ထို Ticket အား Print ထုတ်ယူထားပါ။ အဆိုပါ email ရရှိပြီးပါက DVD အခွေထုတ်ယူနိုင်မည့်နေရာအား November (၂၀)ရက်နေ့မတိုင်မီ email ထပ်မံပေးပို့ပါမည်။  DVD အခွေများဖြန့်ဖြူးပေးရာတွင် Ticket ပြနိုင်သောသူကိုသာ အခွေထုတ်ပေးသွားမည်ဖြစ်ပါသည်။
DVD အခွေမှာယူရန် ဤနေရာတွင်  Register   ပြုလုပ်နိုင်ပါသည်။ ရရှိလာသော အခွေများကိုလည်း အခြား Ubuntu အားစိတ်ဝင်စားသူများ၊ လေ့လာလိုသူများအား ထပ်ဆင့်ဝေငှပေးခြင်းဖြင့် Ubuntu Myanmar Community အား Contribute ပြုလုပ်ပေးစေလိုပါသည်။ Ubuntu အား Install ပြုလုပ်ရာတွင်ဖြစ်စေ၊ Software များထည့်သွင်းရာတွင် ဖြစ်စေ၊ အခက်အခဲကြုံလာပါက ..
စသည့်နေရာများတွင် ဝင်ရောက်မေးမြန်း၊လေ့လာ၊ဆွေးနွေး နိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...