စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Wednesday, October 19, 2011

Ubuntu OS ဆိုတာ ဘာလဲ

Ubuntu အကြောင်း မေးထားတာလေးတွေကို ပြန်ဖြေပြထားတာ ဖြစ်ပါတယ်။ FAQ ပုံစံလေး ရေးပေး ထားပါတယ်။
 Ubuntu ဆိုတာဘာလဲ။
Ubuntu ဟာ အာဖရိကန်ဘာသာနဲ့ဆို “တဦးနဲ့ တဦး စာနာထောက်ထားခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ Mark Shuttleworth ဆိုတဲ့ တောင်အာဖရိကသား တစ် ယောက်ရဲ့ Canonical Ltd ကနေ Free Cost & Freedom ပေးထားတဲ့ Ubuntu OS လို့ သိကြပါတယ်။ DEBIAN Linux OS ပေါ်မှာ အခြေခံပြီး Euro အခြေစိုက် Canonical ဆိုတဲ့ ကုမ္ပဏီက ထုတ်လုပ်ပါတယ်။ အမြဲတမ်း အခမဲ့ပေး မယ်လို့လဲ အာမခံထားပါတယ်။ အိမ်သုံး၊ ရုံးသုံးကနေ Server တွေအထိ အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ မျိုးကွဲတွေ အနေနဲ့ အခြေခံအားဖြင့် Kbuntu(KDE), Xubuntu (Xfce), Ebuntu(Education) ဆိုတာတွေ ရှိနိုင်ပြီး Multimedia Professional သမားတွေအတွက် Tools တွေ အစုံထည့် ပေးထားတဲ့  Ubuntu-Studio Edition, ဘာသာရေးနဲ့ ကိုက်ညီ အဆင်ပြေအောင် ပြုလုပ်ထားတဲ့ Ubuntu ME(Muslim Edition),Ubuntu CE(Christian Edition), MythTV ကနေ ထုတ်တော့ mythbuntu, Google ကနေ Green OS ဆိုပြီးထုတ်တော့ gOS အဲလို မူကွဲပေါင်းများစွာ ရှိပါတယ်။ ကိုယ်နဲ့ အဆင်ပြေတာကို သုံးရုံပါပဲ။
Debian Linux Base, (FOSS) Free and Open Source Software.

အခမဲ့ ပေးထားတော့ ရေရှည်စိတ်ချရပါ့မလား၊ သူတို့ ကကော ဘယ်ဝင်ငွေနဲ့ရပ်တည်လဲ။
Canonical ကတော့ Customer Engineering Services, Support, Certification နဲ့ Training စတာတွေနဲ့ ရပ်တည်ပါတယ်။ Application တွေ ရေးဆွဲပေးခြင်းနဲ့ အသစ်ထွက်တဲ့ အခမဲ့ Application တွေကို အမြန်ဆုံး အရောက်ပို့တာတို့ ရှိပါတယ်။ အဲဒါတွေကလည်း Ubuntu အပေါ်မှာ မှီခိုနေတာတွေဆိုတော့ ရေရှည်အတွက် စိတ်ချရပါတယ်။ Ubuntu အတွက် ရံပုံငွေအနေနဲ့ကတော့ Ubuntu Logo ရိုက်နှိပ်ထားတဲ့ KeyChange, ကော်ဖီခွက် တွေကနေ T-Shirt, ခရီးဆောင်အိတ်, ဦးထုတ် စတာတွေ အထိ မျိုးစုံရောင်းပါတယ်။

Ubuntu Software တင်ဖို့ ခက်ခဲလား။
Windows တစ်ခု တင်တာလောက်တောင် မခက်ခဲ ပါဘူး။ Wubi နဲ့တင်ရင် Forum တစ်ခုမှာ Login လုပ်ရတာ လောက် လွယ်ပါတယ်။

Ubuntu တင်ဖို့အတွက် Partition ထပ်ပိုင်းရင် Data ပျောက်ဆုံးတာတွေ ဖြစ်မသွားနိုင်ဘူးလား။ Windows နဲ့ Ubuntu တွဲတင်လို့ရလား။ ရရင်ရော လွယ်ပါ့မလာ။
Windows မှာတောင် Partition ကို မကိုင်တွယ် တတ်ရင်တော့ ခင်ဗျားရဲ့ Data တွေကို Services သမားနဲ့ ပြန်ရှာရမှာပါပဲ။ ဒါပေမယ့် Ubuntu မှာ အဲဒါကို ရှောင်ရှား နိုင်မယ့်နည်းလမ်းတွေ ပါလာပါတယ်။ Ubuntu Install DVD နဲ့ဖြစ်စေ CD နဲ့ဖြစ်စေ လွယ်လွယ်လေး တင်လို့ရနိုင်ပါ တယ်။ လိုအပ်တဲ့ Partition ကို Free Space ကနေ Side Bar လေး ဘယ်ညာရွေ့ရုံနဲ့တင်ယူမလား ရတယ်။ Free Space တွေကပဲ ချိန်ညှိယူသွားတာဖြစ်လို့ ဘာ Data မှ မပျောက်စေရဘူး။ DVD နဲ့တင်ရင် Software တွေ အစုံအလင်ပါနိုင်ပေမယ့် CD နဲ့တင်ရင်တော့ WUBI ကို အသုံးပြုနိုင်လို့ ပိုလွယ်ကူပါလိမ့်မယ်။ Partition မပိုင်းပဲ Folder လေးတစ်ခုထဲမှာတင် Ubuntu တင်မလား Wubi ကို သုံးရုံပဲလေ။ Windows ရဲ့ Installer တစ်ခုတင်တာ လောက်တောင် မခက်စေရဘူး။ နောက်တစ်ခါ boot တက် ရင် Windows နဲ့ Ubuntu ကြိုက်ရာရွေးသုံးလို့ရပြီလေ။

Wubi ဆိုတာဘာလဲ။ ဆိုက်ဘယ်လောက်ရှိလဲ။ သူ့ကို သုံးရင် ဘယ်လောက်ပေးရလဲ။
Wubi ဆိုတာ Windows User တွေအတွက် Ubuntu Installer လေးပါ။ ဆိုက်ကတော့ 1.5 MB ရှိပါ လိမ့်မယ်။ Ubuntu CD မှာဆို တစ်ခါတည်းပါလာပါတယ်။  သူ့ဆိုက်မှာ ရေးထားတာတွေ့ရင် ခင်ဗျား ပိုသဘောကျ သွားနိုင်ပါတယ်။ Wubi ကို Run လိုက်ပါ၊ Username နဲ့ Password ကိုဖြည့်ပါ။ Install ကိုနှိပ်ပြီးရင်တော့ Coffee သောက်ပြီး Ubuntu သုံးဖို့ စောင့်နေရုံပါပဲတဲ့။ သူပြောတာ မှန်ပါတယ်ဗျာ။ အရမ်းကို လွယ်ကူပါတယ်။ သူက ခင်ဗျား ရဲ့ Harddisk ပေါ်မှာ 5 GB လောက် Folder လေးတစ်ခုပဲ တင်ထားမှာ Ubuntu ကို မလိုချင်တော့ရင် Windows ရဲ့ Add & Remove Software ဒါမှမဟုတ် Ubuntu ဆိုတဲ့ Folder အောက်က Uninstall ကနေပြန်ပြီး Uninstall လုပ်လိုက်ရုံပဲ။

Ubuntu တင်ပြီးမှ မကြိုက်တော့ရင် ပြန်ဖြုတ်ရ ခက်မလား။ Partition၊ Data တွေ ပျောက်နိုင်လား။
Wubi သုံးပြီးတော့ Ubuntu ကို Install လုပ်ထား တယ်ဆိုရင်တော့ Wubi ကို Unistall လုပ်လိုက်ရုံပဲ၊ Partition မပိုင်းထားတဲ့အတွက် ဘာမှမပြောင်းလဲ မသွား ပါဘူး။ အပျက်အစီး မဖြစ်နိုင်ပါဘူး။
Ubuntu တင်ဖို့ ဘာတွေလိုလဲ။
Windows မှာနေရာအလွတ် 5GB လောက် ကျန် နေသေးရင် Ubuntu ကို တင်နိုင်ပါတယ်။
RAM 256 MB, HDD 5 GB ဆိုရင် Ubuntu ကို တင်လို့ ရပါပြီ။ Xubuntu ဆိုရင် RAM 128 MB ရှိရင် တင်လို့ ရပါတယ်။ ကြိုက်မကြိုက် CD နဲ့အရင် Live လေးကြည့်ပြီး စမ်းလိုက်ပါဦး။ အခွေထည့်ထားပြီး Boot တက်ရင် Ubuntu ကို Office Tool တွေ Internet Tools တွေ သုံးလို့ ရနေပြီဗျ။ သဘောကျမှ မိမိ Computer ထဲကို install လုပ် မယ်ဆိုလည်း ဖြစ်ပါတယ်။ အဲဒီ Live Function လေးကို အသုံးပြုပြီး Windows မတက်တော့တဲ့ စက်တွေက Data တွေကို Recover ပြန်ဆယ်လို့ ရပါတယ်။

Windows နဲ့ Ubuntu ဘာတွေ ကွာသလဲ။
ပထမဆုံးကတော့ Price ပါ။
Windows ကို $ 300 လောက်ပေးရင် One User အတွက် ရပါတယ်။ စက်တစ်လုံးစာပဲပေါ့။
Ubuntu ကတော့ CD အခွေ နှစ်ရာမှာရင်  £ 135.32 ပေးရပါတယ်။
အခွေနှစ်ဆယ်အထိကတော့ အခမဲ့ မှာနိုင်ပါ တယ်။ 20 ကနေ 100 အထိက £ 80.85 ပေးရပါမယ်။
ပါဝင်တဲ့ Application တွေလဲ Ubuntu မှာက အခမဲ့ပါ။
လွန်ခဲ့တဲ့ သုံးနှစ်က စစ်တမ်းအရ Virus ကတော့ Windows မှာ ရှိတာ 2000 ဆိုရင် Linux မှာ 1 ။
အသုံးပြုရလွယ်ကူမှုကတော့ windows သုံးနေကျ လူတွေအနေနဲ့ နည်းနည်းစိမ်းသလိုရှိပေမယ့် GUI ကတော့ Design တူတူထားရင် Windows Vista တွေ Windows7 တွေနဲ့ နှိုင်းယှဉ်ပြရာမှာ Microsoft ရဲ့ Windows တွေက Process နဲ့ Memory ပိုလိုအပ်တယ်။ Design ပိုင်းမှာ ဘယ် လောက်သာတယ် လှတယ်လို့ပြောပြော အသုံးပြုနေဆဲ ဖြစ်တဲ့ အသားကျပြီးသား Windows XP ရဲ့နေရာနဲ့တော့ သွားယှဉ်လို့ ရမှာမဟုတ်ဘူး။ DTP သမားတွေအတွက် ကတော့ XP က လောလောဆယ် အဆင်ပြေဆုံး ဖြစ်နေ တယ်လေ။

Ubuntu မှာကော Virus မရှိဘူးလား။
တကယ်တော့ Linux ရဲ့ လုံခြုံရေးစနစ်ကြောင့် Virus နဲ့ Trojan တွေဟာ Ubuntu မှာ အလုပ်မလုပ် နိုင်ပါဘူး။
ခက်ခဲတဲ့ အဆင့်တော်တော်များများကို User ကနေ သေသေချာချာ ပြုလုပ်ပေးရင်တောင် Virus Run ဖို့ မလွယ်ကူပါဘူး။ Windows နဲ့ယှဉ်ပြရရင် User အနေနဲ့ Admin လို Root User, Group လို Signin User, နောက် Everyone လို Other User ဆိုပြီး သုံးမျိုးခွဲထားပါတယ်။ လုံခြုံရေးအနေနဲ့ Read, Write, Execute ဆိုပြီး သုံးခုမှာ Other User အနေနဲ့ Read လောက်ပဲ ရပါလိမ့်မယ်။ Setting တစ်ခုခုလေးချိန်းရင်တောင် Password တောင်းပါ လိမ့်မယ်။ System ကို ပြောင်းလဲမယ်ဆိုရင်တော့ Root User အနေနဲ့မှသာ လုပ်ဆောင်နိုင်မှာပါ။ Ubuntu ကတော့ Default Root ကို Disable လုပ်ထားပါတယ်။ အားသာတာ တစ်ခုက Windows Virus တွေက Ubuntu (Linux) မှာ Platform မတူတဲ့အတွက် အလုပ်မလုပ်ပါဘူး။ Linux အတွက် Virus က သပ်သပ်ရေးရတာပါ။
   Microsoft က ထုတ်တဲ့ Windows တိုင်းကတော့ အပြင်ကနေ (Web Browser ကနေပြီးတော့ပဲ ဖြစ်ဖြစ်) Run နိုင်အောင် လုပ်ထားတာပါ။ Web Pages တွေကနေ Active လုပ်တာ Install လုပ်တာ အဆင်ပြေအောင်ပါ။ လက်ရှိအခြေအနေမှာတော့ Email တွေ IM Client (eg. mIRC) တွေ Browser တွေကနေတစ်ဆင့် Virus တွေ Trojan တွေ Malware တွေဟာ လွယ်လွယ်ကူကူနဲ့ Run တော့တာပဲ။ နေရာတစ်နေရာကနေ ပုန်းပြီး အလုပ်လုပ် ပါတယ်။ တချို့မေးတေ၊ွ Web တွေက Download ဆွဲမှ Install လုပ်မှ ဖြစ်တာပါ။ တချို့ Web တွေကတော့ Browser ကနေ ဖွင့်လိုက်တာနဲ့ အလုပ် စလုပ်တော့တာ ပါပဲ။ Click လုပ်ပေးစရာတောင် မလိုပါဘူး။
အဲဒါဆိုရင် Linux (Ubuntu) က လုံးဝစိတ်ချရလား မေးပါလိမ့်မယ်။ အဲဒီလိုတော့လဲ မဟုတ်သေးပါဘူး။ ကိုယ်တိုင်က Root account ကို မလိုပဲသုံးပြီး တွေ့သမျှ install မလုပ်ဖို့ Click မလုပ်ဖို့ လိုပါတယ်။ (Root User နဲ့ဆိုရင် ဘာမှ ပြန်မမေးတော့ဘူး။ User ခိုင်းတဲ့အတိုင်း လုပ်ပေးပါလိမ့်မယ်။)

ဒီလိုဆို Ubuntu အတွက် Anti-Virus Software မရှိဘူးပေါ့ ဟုတ်လား။
Kaspersky, Panda, Vexira Antivirus, RAV Antivirus, Trend Micro, Sophos တို့ကို အသုံးပြုနိုင်ပါ တယ်။ BitDefender ဆိုရင် အခမဲ့ Version အပြင် 7.0 ကို 1 year license အခမဲ့ပေးနေပါတယ်။ နာမည်ကြီးတာ ကတော့ Clamav ဆိုတဲ့ Anti-Virus ရှိပါတယ် FOSS ပါပဲ။ သူက Windows အတွက် Software လဲထုတ်ပေးပါတယ်။
http://www.clamav.net
နောက် firewall အတွက်  Firestarter ကို သုံးနိုင်ပါ တယ်။ အခြားခြားသော Software တွေလဲ ရှိပါသေး တယ်။ ဒါတွေကတော့ အကောင်းဆုံးလို့ မဲပေးခံရတဲ့ Software လေးတွေပါ။

Ubuntu မှာ သုံးဖို့ Software တွေက ဈေးကြီး နိုင်လား။ ဘာ Software ပါမလဲ။
အကုန်လုံးနီးပါး GPL FOSS တွေပါပဲ။ အခမဲ့ ပေးထားတာတွေပါ။ Microsoft ရဲ့ $ 700 တန် Office လိုမျိုး အလုပ်လုပ်တဲ့ Open Office ပါပါတယ်။ MS Office မှာ မပါတဲ့ PDF အဖြစ်တောင် တိုက်ရိုက် Save လုပ်နိုင်ပါ လိမ့်မယ်။ $ 700 တန် Photoshop လိုမျိုး GIMP ပါလာ ပါတယ်။ Movie Player တွေ Internet သုံးဖို့ Firefox Browser ပါမယ်။ Gtalk, Yahoo, AIM, MSN, QQ စတဲ့ IM တွေ သုံးဖို့က Pidgin ပါမယ်။
CD နဲ့ သွင်းရင်တောင် အဲဒါတွေပါပြီးသား ဖြစ်နေ မှာပါ။ လိုချင်တာရှိသေးရင် Internet က Download ဆွဲပြီး တော့ဖြစ်စေ LRC(Linux Resource Center) မှာ အခွေသွား ကူးပြီးတော့ဖြစ်စေ ရယူနိုင်ပါတယ်။
Ubuntu မှာ Driver တွေကိုရှာရခက်မလား။
အရမ်းကြီး ရှားပါးနေတဲ့ Driver တွေ မဟုတ်ခဲ့ရင် အလွယ်တကူပါပြီးသား ဖြစ်ပါတယ်။  Windows မှာ သီးသန့်ထပ်တင်ပေးရတဲ့ Audio Driver တွေ Graphic Driver တွေ Ubuntu မှာ တစ်ခါတည်းပါပြီးသားပါ။  Audio/Video Code ပဲထည့်ပေးရမှာပါ။ Ubuntu တက် တာနဲ့ Audio ပါ တန်းတက်လာပါလိမ့်မယ်။ mp4 player တွေ Mobile Phone တွေဆိုရင် Windows က USB အနေ နဲ့ပဲ သိပေမယ့် Ubuntu မှာက Phone/Firmware Model ကိုပါ သိပါတယ်။ Printer Scanner တွေလဲ Autodetect သိပါတယ်။ ဘာမှ သိပ်ထွေထွေထူးထူး တင်ပေးစရာ မရှိ ပါဘူး။ Internet ချိတ်ဆက်ထားမယ်ဆိုရင် အလို အလျောက် Driver Update လုပ်ပေးသွားဦးမှာပါ။

Windows Application exe ဖိုင်တွေ Ubuntu မှာ RUN နိုင်မလား။
ရနိုင်ပါတယ်။ Wine Installer ဆိုတာ ရှိပါတယ်။ Windows Emulator ဆိုပါတော့။ IE တို့ Photoshop တို့ ကနေ တချို့ ဂိမ်းတွေအထိ ရပါတယ်။ Half-Life2, Day of Defeat, Call of Duty, Star War စတာတွေကို အကောင်းဆုံး Platinum List ထဲမှာ တွေ့ရပါတယ်။ Final Fantasy XI, Counter-Strike, Command & Conquer 3, Command & Conquer 3 စတာတွေလည်း အသုံးပြုလို့ ရနိုင်ပါတယ်။ exe တွေ့တိုင်း အကုန်လုံးတော့ အဆင် မပြေသေးပါဘူး။ လောလောဆယ်တော့ exe application ပေါင်း ၇၈၀၀ ကျော် အသုံးပြုနိုင်ပါတယ်။
Ubuntu မှာ Myanmar fonts သုံးလို့ရမရ။
Ubuntu မှာ Win fonts, CE fonts နဲ့ Unicode fonts တွေ။ ဥပမာ Myanmar2, Myanmar3, Zawgyi-One, Myazedi စတာတွေ အသုံးပြုနိုင်ပါတယ်။

အခမဲ့ပေးတယ်ဆိုတော့ မြန်မာပြည်ကနေ မှာလို့ ရမလား။
ရပါတယ်။  Canonical Ltd ကနေ မှာယူမယ်ဆိုရင် https://shipit.ubuntu.com/ မှာ Register လုပ်ပြီး အခမဲ့ မှာ ယူနိုင်ပါတယ်။  4 week ကနေ 6 week ကြာမယ်လို့ တော့ သတိပေးထားပါတယ်။ 4 Week လောက်ဆို အခွေ ရောက်ပါတယ်။ ဗိုလ်အောင်ကျော်လမ်း အောက် ဘလောက် စာတိုက်ကြီးနားက ဆက်သွယ်ရေးရုံးမှာ ပါဆယ်သွားထုတ်ရပါတယ်။ မှတ်ပုံတင်၊ သန်းခေါင် စာရင်း/ ဧည့်စာရင်းတွေ မိတ္တူကူးပြီး ယူသွားရပါမယ်။ Nick Name နဲ့ မမှာမိပါစေနဲ့။ အဖွဲ့အစည်း Company နာမည်နဲ့မှာရင် Company ရဲ့ ထောက်ခံချက်ပါ ယူသွားဖို့ လိုပါလိမ့်မယ်။
တကယ်လို့ အဲဒီလောက် မစောင့်ချင်ရင် http://www.ubuntu-myanmar.org/ သို့မဟုတ် http://friend4.wordpress.com/ တို့တွင် အခွေမှာ၍ဖြစ်စေ၊ MM-LRC မှာ  အခွေလွတ်ဖြင့် သွားရောက်ကူးယူ၍ဖြစ်စေ ရယူ နိုင်ပါတယ်။
         ကူးယူနိုင်သော ဆိုင်လိပ်စာများမှာ -
Skyworld Internet Café
အမှတ် ၄၇၊ ရေကျော်လမ်း၊ ပုဇွန်တောင်။
Brown Hill Internet Café
အမှတ် ၂၁၇၊ ဆိပ်ကမ်းသာလမ်း၊ ကျောက်တံတား။
TipTop Internet Café
အမှတ် (၆၂)၊ လှိုင်မြစ်လမ်း၊ အင်းစိန်ဈေးရှေ့၊ အင်းစိန်။
ချစ်မင်းပိုင်

 
Related Posts Plugin for WordPress, Blogger...