စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Monday, October 24, 2011

iPad,iPhone,iPod touch များတွင် Firmware upgrade လုပ်နည်း



iPad,iPhone များတွင် Firmware upgrade လုပ်ဖို့အတွက် မိမိလုပ်လိုသော Firmware ကို =>ဒီနေရာမှာ<= အရင်ဆုံးရယူလိုက်ပါ။ ရယူပြီးပြီဆိုလျှင်
ကွန်ပျူတာ desktop ပေါ်မှာ folder အသစ်ခုဆောက်လိုက်ပါ။ folder ရဲ့နာမည်ကို “Pwnage” လို့နာမည်ပေးပါ။ အဲဒီ folder ထဲကို ခုနက
download လုပ်ထားတဲ့ firmware file ကိုထည့်ထားလိုက်ပါ။ အောက်ကပုံအတိုင်းပါ။
(iPad ကိုနမူနာထားပြီး လုပ်နည်းကိုပြောပြပါ့မယ်။ လုပ်နည်းက iPhone ရော ၊ iPad ရော ၊ iPod touch ရော အတူတူပါပဲ) ပြီးရင် ကွန်ပျူတာနဲ့ iPad ကိုချိတ်လိုက်ပါ ။ ပြီးရင် ကွန်ပျူတာထဲက iTunes ကို run လိုက်ပါ။ iTune software ပွင့်လာပြီဆိုရင် မိမိရဲ့ iPad device location ကိုသွားလိုက်ပါ ။ အောက်ကပုံထဲကအတိုင်း ပေါ်ပါလိမ့်မယ်။


အပေါ်ပုံထဲက restore ဆိုတဲ့ button ကို နှိပ်ရပါမယ်( restore button ကိုနှိပ်ရာမှာ ကွန်ပျူတာကီးဘုတ်ပေါ်က Shift key ကိုအရင်ဖိနှိပ်ထားပြီးမှ restore ကိုနှိပ်ပါ) ။
အဲဒီမှာ ဖိုင်လမ်းကြောင်းရွေးဖို့ directory box ပေါ်လာတဲ့အခါမှာ ခုနက ဆောက်ထားတဲ့ Pwnge folder ဆီကိုသွားပါ။ပြီးရင် ခုနက download လုပ်ထားတဲ့ iOS firmware ဖိုင်ကိုရွေးပါ။ ပြီးရင် open နှိပ်ပါ။ အောက်ကပုံအတိုင်းပါ။
ဒါဆိုရင် iTunes က မိမိရဲ့ iDevice ကိုစတင်ပြီး Firmware Upgrade လုပ်ပါလိမ့်မယ် ။၁၀ မိနစ်လောက်ကြာပြီးတာနဲ့ Restore လုပ်ငန်းစဉ် ပြီးပါလိမ့်မယ်။
restore ပြီးပြီဆိုရင် မိမိရဲ့ iPad, iPhone မှာ Cable နဲ့ iTunes ပုံလေးပြန်ပေါ်လာပါလိမ့်မယ်။ ဒါ့အပြင် Slide Bar လေးပါ “Slide
for emergency” ဆိုပြီးပေါ်လာရင် iOS Firmware Upgrade လုပ်လို့ပြီးသွားပါပြီ။
Source: Myanmar Mobile Application Store
Related Posts Plugin for WordPress, Blogger...