စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Sunday, July 31, 2011

Gtalk ကနေ လူတွေ အများကြီးနဲ့ Conference ပြောကြရအောင်


လုပ်နည်းတွေက အများကြီးပဲ ..အလွယ်ဆုံးနည်းကို ပြောပြမယ် ….
service@gtalk2voip.com ကို ကိုယ့် Gtalkထဲကို Add လိုက်ပါ ….
ကိုယ်နဲ့ ပြောချင်တဲ့ သူတွေလဲ
service@gtalk2voip.com ကို အကုန်လိုက် Add ပါ … ပြီးရင် …Master
လုပ်မည့် သူရဲ့ အလုပ်ကို အရင်ပြောမယ် … Master လုပ်မည့်သူက …
service@gtalk2voip.com ကို ချက်ဘောက်ထုတ်ပြီး .. conf လို ရိုက်
..ပြီးရင် Enter ခေါက် .. ။ ဒီလိုလေး

ပြီးရင် Service ကနေ Master လုပ်တဲ့ သူဆီကို Misscall ၀င်လာမယ် …
Answer လိုက်ပါ … ။

ပြီးရင်. ..Service ကနေ cookies code ပေးလာလိမ့်မယ် …..
အဲဒီ Code ကို ကိုယ်နဲ့ အတူတူပြောချင်တဲ့ သူတွေကို ပေးရလိမ့်မယ် …..
ပေးတဲ့ နေရာမှာ ထပ်ဖြည့်ပေးစရာရှိတယ် ..ဘာလဲဆိုတော့ … code ရဲ့
ရှေ့မှာ …. join/ ဆိုတာလေး ထည့်ပေးရမယ် …. ။ အပေါ်က ပုံထဲက code ကို
ဥပမာပြမယ် …ဒီလိုလေး … join/ FPDMJCD0IC19YAD2 အထူးသတိပြုရမှာက join/
ပြီးရင် Spacebar တစ်ချက်ကို ခြားပေးရမယ် … မခြားလို့ မရဘူးနော် ….
ခြားပြီးမှာ code ကို ဆက်ရေး ….. အဲဒါကို တစ်ဖက် ကိုယ်နဲ့
ပြောမည့်သူကိုပေးလိုက် …. တစ်ဖက်လူက ဘာလုပ်ရမလဲဆို ….(
အရမ်းပင်ပန်းတယ် … လျှာထုတ်ပြလိုက်မယ် လျှာထုတ်ပြလိုက်မယ်
လျှာထုတ်ပြလိုက်မယ်) Master လုပ်တဲ့ သူက ပေးတဲ့ code လေးကို
service@gtalk2voip.com ချက်ဘောက်မှာ ထည့်ပြီး ( copy , paste )
ပေးပြီး Enter ခေါက်လိုက် ….

G-Talk ကနေ မိမိကြိုက်နှစ်သက်ရာသီချင်းတောင်းဆို နားဆင်နိုင်သော အွန်လိုင်း ရေဒီယိုအစီအစဉ်


တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်များ
မြန်မာတေးသီချင်းများထုတ်လွှင့်မှု၊ အနောက်တိုင်းတေးများ ထုတ်လွှင့်မှု၊ တရားတော်များထုတ်လွှင့်မှု၊ ဟာသအစီအစဉ်များ နှင့် အခြားသော အစီအစဉ်များထုတ်လွှင့်ပေးခြင်း
တးသီချင်းများနားဆင်ရန်
မိမိကြိုက်နှစ်သက်ရာ ရေဒီယိုကို နားဆင်လို့ရပါတယ်။
အိပ်မက်လှိုင်းရေဒီယို အတွက်
မိမိကွန်ပျူတာရှိ Window Media Player တွင် File Menu> Open URL ဆိုတဲ့နေရာမှာ
http://energy08.egihosting.com/22109/ (သို့မဟုတ်) mms://energy08.egihosting.com/22109/
ထည့်ပြီး နားဆင်နိုင်ပါတယ်။
website link လေးကတော့ http://www.eainmathlaing.com/ ပါ။
အဖြူရောင်သံစဉ်ရေဒီယို အတွက်
Window Media Player တွင် File Menu> Open URL ဆိုတဲ့နေရာမှာ
http://89.238.146.148/APYTZ ထည့်ပြီး နားဆင်နိုင်ပါတယ်။
website link လေးကတော့ http://www.apytz.net/ ပါ။ တိုက်ရိုက်ကလစ်နှိပ်ပြီးလည်း နားထောင်လို့ရပါတယ်။
MYMC (Myanmar Youth Media Club) ရေဒီယိုအတွက်
Window Media Player တွင် File Menu> Open URL ဆိုတဲ့နေရာမှာ

Saturday, July 30, 2011

Computer Screen Filter လေးသုံးကြည့်ရအောင်

ကျတော်တို့တစ်တွေ ကွန်ပျူတာကို အကြာကြီး သုံးတဲ့ အခါ မျက်ရိုးကိုက်လာတာတို့ ခေါင်းကိုက်လာတာတို့ ဖြစ်တတ်ပါတယ်။ ဒါတွေက ကွန်ပျူတာက ထွက်တဲ့ အလင်းရောင်တွေကြောင့်ပေါ့။ အသုံးပြုချိန် ကြာတာနဲ့ အမျှ ကျန်းမာရေးကလည်း ထိခိုက်လာပါတော့မယ်။ အဲဒါတော့ ကျတော်တို့ ကွန်ပျူတာတွေကို Screen filter လေးခံပြီး သုံးကြည့်ရအောင် . . .
သူက ဘာလုပ်ပေးသလဲ ဆိုတော့ Screen ရဲ့ အလင်းရောင်ကို အမှိန်အဖျော်ညှိပေးတာပါ။

Autocad 2010 (မြန်မာလို)

ကိုညီနေမင်းဆိုဒ်ကတွေ့လို့်တင်ပေးလိုက်ပါတယ်.......အဆင်ပြေပါစေ...
         autocad သမားများအတွက်ပါ . 2010 version ကို သုံးပြထားတာပါ . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် . ကျွန်တော်ကတော့ autocad ကို သိပ်မကျွမ်းကျင် ပါဘူး . ၀ါသနာမပါလို့ မလေ့လာတာလဲ ပါတာပေါ့ . လိုချင်တဲ့သူများ အောက်မှာ download လုပ်လိုက်ပါ .စာအုပ်နှစ်အုပ်တင်ပေးထားပါတယ် ..

Book 1 >> ifile.it | Mediafire | Zshare | Ziddu | Megaupload
Book 2 >> ifile.it | Mediafire | Zshare | Ziddu | Megaupload

Source: http://www.nyinaymin.org/2011/07/autocad-2010.html

Friday, July 29, 2011

USB စတစ်လေးအတွက် ဒုတိယမြောက်ကွန်ပျူတာတစ်လုံး။

USB စတစ်လေးထဲကကွန်ပျူတာတစ်လုံး ဆိုပြီး Portableapps အကြောင်းကို ဒီမှာ ရေးပေးခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ ပထမတုန်းကလိုပဲ Portable Opensource ဖြစ်တဲ့ Lupo Pensuite လေးပါ။

USB Stick လေးထဲမှာသင့်ရဲ့ကွန်ပျူတာတစ်လုံးကိုထည့်ထားသလိုမျိုး Folder လေးတွေနဲ့ Software လေးတွေ ။ Games လေးတွေရယ်ပါသလို
Online နဲ့ ရော Offline နဲ့ ပါအဆင်ပြေပြေသုံးနိုင်ပါတယ်။ ရွေးချယ်စရာတွေကလည်းများပါတယ်။ Portable တွေအသုံးပြုရတာအဆင်ပြေလာတာနဲ့ အတူ
ဒါလေးတွေကတော့ဆောင်ထားသင့်တာပေါ့ဗျာ။

ဒီလိုမျိုး Menu လေးတစ်ခုရမယ်။

Software တွေကလည်းတစ်ပုံတပင်ပါပဲ။
Installation လုပ်တာကတော့ အရင်အတိုင်းပါပဲ လွယ်ကူပါတယ်။ ကိုယ်ထည့်ထားချင်တဲ့ Memory Stick ကို ရွေးပေးလိုက်ပြီးတော့ Next လုပ်လိုက်ရုံပဲပေါ့။
ဒီမှာ ဒေါင်းလိုက်ပါ  Full Version နှင့် Lite Version ဆိုပြီးနှစ်မျိုးပေးထားပါတယ်။ လိုအပ်တဲ့အခြေအနေအပေါ်မူတည်ပြီး ကြိုက်နှစ်သက်ရာသုံးနိုင်ပါတယ်ခင်ဗျာ။
ဟောဒီမှာထပ်ပေးလိုက်မယ်နော် www.lupopensuite.com တဲ့ဗျာ။
Source: ရခိုင်သားလေး

ကမ္ဘာပေါ်မှာရှိတဲ့ အရေးအကြီးဆုံးအင်တာနက်ဆာဗာကြီးများ။ ( DNS Root Servers)

ကမ္ဘာပေါ်မှာရှိတဲ့ အင်တာနက်အတွက်အရေးအကြီးဆုံးဖြစ်တဲ့ ( Domain Name Root Servers) ကြီးများကို ဖော်ပြပေးလိုက်ပါတယ်။ တကယ်လို့ ဒီဆာဗာ ကြီးတွေသာမရှိရင်ကျွန်တော်တို့ လည်းအင်တာနက်သုံးနိုင်မှာမဟုတ် ပါဘူး။ အဓိက DNS root server ကြီး
13 ခုရှိပါတယ်။
အဲဒါတွေကတော့ ……..
Locations……….
1. Kelowna, British Columbia, Canada
2. Des Monines , Lowa , USA
3. Chicago , lllinoie , USA
4. London, United Kingdom
5. Paris, France
6. Amsterdam, the Netherlands
7. Casarano, Italy
8. Budapest, Hungary
9. Moscow, Russia
10.Tehran, Iran
11.Cochin, Kerala, India
12.Singapore
13.Melbourne, Victoria, Australia
Source: ရခိုင်သားလေး

Laptop Washing

Laptop Washing 
         ကဲခေါင်းစဉ်ကြည့်တာနဲ့သိလောက်ပါတယ် ကျွန်တော့်ကို Comment ပေးခဲ့တဲ့ သူတွေထဲက Laptop အတွက် လေး ရေးပေးပါဆိုလို့ ရေးပေးတာပါ။ ကဲဧဒင်သယ်ရင်းတွေထဲက Laptop ပိုင်ရှင်လေးတွေ စိတ်ချမ်းသာဖို့ ရာ ကျွန်တော်တို့ Laptop လျှော်ကြရအောင်။ ပထမဆုံးပဲ ကျွန်တော်မေ့တတ်လွန်း လို့ပြောမယ်နော် မလျှော်ခင်မှာ Power Off ထားကြမယ် တစ်ခြား Power ပေးတဲ့ ကြိုးတွေကိုလည်း ဖြုတ်ထားမယ် တစ်ခုမှမကျန်စေနဲ့နော် ပြီးရင် ၅ မိနစ်လောက် Laptop လေးကိုအနားပေးထားလိုက်ပါ ပိုပြီးစိတ်ချရတာပေါ့။ အားလုံးစိတ်ချရပြီဆိုတော့မှ ကျွန်တော်တို့ စလျှော်ဖွတ်ကြရအောင်။
Laptop ဆိုတာက Desktop မဟုတ်ဘူးဗျ (လာတာနဲ့စဖောက်ပြီ ဒင်းပြောမှလား ဒါတော့ဒို့လည်း သိတာပေါ့) နည်းနည်းလက်ပေါက်ကပ်တယ် လို့ပြောမလို့ပါ..... ။ ဘယ်လိုလက်ပေါက်ကပ်တာလဲ ဆိုတော့ကာ ကပ်ရ တဲ့ အကြောင်းအရင်းရှိပါတယ် Laptop မှာက Screw တွေအပြင် ကလစ်လေးတွေလည်း ပါတာကိုးဗျ အဲဒိတော့ ဖြုတ် ရတာလက်ပေါက်ကပ်တယ်ပေါ့ဗျာ။ ဖြုတ်နည်းလေးတွေ ဟိုရှာဒီရှာနဲ့ ပဲ တင်ပေးလိုက်ပါတယ် ကျွန်တော်ကတော့ ကွန်ပြူတာအစုတ်ပဲကိုင်နိုင်လို့ ကိုယ်တိုင် ကလိနေပုံတွေ မတင်ပေးနိုင်လို့ပါခင်ဗျာ......(Laptopတွေကတော့ ပေါင်းစုံပဲ ဟီး ဟိုခိုးဒီခိုးလုပ်ထားတာလေ)
          ကိုယ်တိုင်ဖြုတ်ကြည့်ဖို့ မရဲဘူးဆိုတဲ့ ကိုကို တွေ မမ တွေအတွက်လဲ ဒီအထဲမှာ အကုန်ပြောပေးသွားပါ့မယ်။ချိတ်ဓာတ်မကျနဲ့နော့လာတာနဲ့ဖြုတ်ခိုင်းလို့ချိုပြီးတော့...ပထမဆုံးတော့ကလိချင်တဲ့ကိုကိုမမတွေအတွက်အရင်ပြောပါ့မယ်………ကလိဖို့ရာဘာတွေလိုအပ်လဲဆိုတော့ -

Creating Gtalk Bot



Gtalk bot လုပ်နည်းကို mmgeeks အဖွဲ့က en2mm dictionary ကို Gtalk မှာရအောင် လုပ်ပြီး မြန်မာအွန်လိုင်းပရိတ်သတ်ကို bot တွေနဲ့ မိတ်ဆတ်ပေးခဲ့တယ်။ နောက် etrade myanmar က gtalk မှာပဲ sms ပို့ပေးတဲ့ bot တစ်ခုကို ဖန်တီးလိုက်ပြန်တယ်။ အခုနောက်ဆုံး technomation studio က mydirectory bot ကို ဖန်တီးပြလိုက်တယ်။
bot ဆိုတာ လူမဟုတ်ဘူးလေ။ Gtalk မှာ သူဟာအမြဲတမ်း အွန်လိုင်းဖြစ်နေလိမ့်မယ်။ သတ်မှတ်ထားတဲ့ အလုပ်တစ်ခုကိုပဲ လုပ်ပေးလိမ့်မယ်။ ဥပမာ technomation studio ရဲ့ mydirectory bot ဆိုရင် database query လုပ်ပေးတဲ့ bot တစ်မျိုးပဲပေါ့။ စာဖတ်သူရော အဲဒီလို လုပ်မကြည့်ချင်ဘူးလား။
ပထမဆုံးအနေနဲ့ bot ကို PHP နဲ့ ရေးရပါတယ်။ database တွေပါရင် MySQL နဲ့ပါ တွဲရေးပေါ့။ ဒီနေရာမှာ bot ကို PHP နဲ့တင် ရေးလို့ မရပါဘူး။ API တစ်ခုခုကို သုံးရပါလိမ့်မယ်။ www.imified.com ကထုတ်ပေးထားတဲ့ API ဆိုရင် တော်တော်လေးကောင်းပါတယ်။ သူ့ API ကိုသုံးပြီး ရလာတဲ့ bot ရဲ့ လိပ်စာဟာ botname@bot.im ဆိုပြီး ဖြစ်ပါလိမ့်မယ်။ ကဲ..အောက်မှာတော့ PHP နဲ့ imifield ရဲ့ API ကိုသုံးပြီး ရေးထားတဲ့ bot တစ်ခုရဲ့ coding ပါ။

switch ($_REQUEST['step']) { // user က ပထမဆုံး စာရိုက်ပြီး enter ခေါက်လိုက်တာနဲ့ step တန်ဖိုးက 1 ဖြစ်သွားပါတယ်။
case 1: //step တန်ဖိုး 1 ဆိုရင်
echo "Hi, what's your name?"; //မင်းနာမည်ဘယ်သူလဲဆိုပြီး bot က ပြန်မေးပါလိမ့်မယ်။ အဲဒီမှာ user က သူ့နာမည်ကိုရိုက်ပြီး enter ခေါက်ပါလိမ့်မယ်။ ဒါဆို step တန်ဖိုးက 2 ဖြစ်သွားပါပြီ။
break;
case 2:
echo "Hi " . $_REQUEST['value1'] . ", where do you live?"; // step တန်ဖိုး 2 ဆိုရင် အခုလို ပေါ်ပါလိမ့်မယ်။ $_REQUEST['value1'] ဆိုတာ step 1 တုန်းက user ရိုက်လိုက်တဲ့ စာကို ပြန်ဖော်ပြတာပါ။
break;
case 3:
echo "Well, welcome to this hello world bot, " . $_REQUEST['value1'] . "
from " . $_REQUEST['value2'] . ".";
break;
}

?>

explorer.exe မတက်သည့်ပြဿနာ

Virus ကြောင့်ပဲဖြစ်ဖြစ်၊Window အသုံးပြုတာကြာလို့ပဲဖြစ်ဖြစ် ဒီလို explorer.exe မတက်သည့်ပြသနာဖြစ်တတ်ပါတယ်။
explorer.exe မတက်တော့ဘူးဆိုရင်တော့ desktop တခုလုံးပျောက်နေပါတယ်။ taskbar ရော start menu ပါပျောက်နေမှတော့ သုံးရတာ ဘယ်လိုမှအဆင်မပြေပါဘူး။ အကြောင်းမသိရင် တော်တော်ဒုက္ခရောက်ပါတယ်။ Reg file ရေးရတာနဲ့ explorer ကို replace ပြန်လုပ်ရတာနဲ့ တော်တော့်ကိုစားပါတယ်။ အခုပြောမယ့်နည်းကတော့ အလွယ်လေးပါပဲ။ ပထမဆုံး Ctrl+Alt+Delete (or) Ctrl+Shift+Esc key တွေကိုတွဲနှိပ်ပြီး task manager ကိုခေါ်ပါ။

Quick Format နှင့် Regular Formatအကြောင်း..သိကောင်းစရာများ

ဟ့ဒ်ဒစ်စ်ကိုအကြောင်းအမျိုးမျိုးကြောင့်ဖော်မက်တွေချကြပါတယ်။အဲ့ဒီမှာ Quick Format နှင့် Regular Formatဆိုတဲ့အပိုင်းလေးတွေကိုသတိမထားမိဘဲ အလွယ်တကုချကြတာကိုတွေ့ ရပါတယ်။           အဲ့ဒီအကြောင်းကိုသိပြီးလုပ်ဆောင်ရင်ပိုကောင်းမယ်ထင်လို့ ဒီပို့ စ်လေးကိုတင်
ပေးလိုက်ပါတယ်။
ကျွန်တော်တို့ Windows တင်တဲ့အခါမှာ Hard disk formatting နဲ့
ပက်သက်လို့ အောက်ပါအတိုင်းတွေ့ရပါတယ်။
တစ်ချို့ Windows တွေမှာ FAT File System မပါရှိတော့ပါဘူး
NTFS File System ဘဲ ပါပါတော့တယ်။နောက်ပြီး no Changes
လဲ ပါမလာတာတွေ ရှိပါတယ်။
Quick Format နှင့် Regular Format ကို နားလည်ဖို့ဘဲ လိုပါတယ်။
ဒီနေရာလေးထဲမှာ

ကွန်ပျူတာမှာရှိနေတဲ့အမှိုက်တွေကိုအလွယ်တကူရှင်းဖို့ .....

                                    ကျနော်လဲပျင်းပျင်းနဲ့ Google မှာ ၀င်ပြီးမွှေကြည့်လိုက်တာ ကိုမြတ် ဆိုဒ်ထဲရောက်သွားလို့်လက်ဆောင်သယ်လာလိုက်တယ်ဗျာ..ကွန်ပျူတာမှာရှိနေတဲ့အမှိုက်တွေကိုအလွယ်တကူရှင်းဖို့ ဆိုတာနဲ့ဗျာ


Moleskinsoft Disk Cleaner 2.4.1.160 | 2.11 Mb
Disk Cleaner is a simple and in the same time powerful program for disk clean up of unnecessary files. If you need a good PC cleaner Disk Cleaner’s for you. Besides it contains some additional functions which will help you with adjustment and management of your Windows operational system.








Source: ကိုမြတ်

Thursday, July 28, 2011

ကင်မရာမလိုပဲ vedio ရိုက်ပြီးစာသင်ချင်သူတွေအတွက်

ကိုဃ်screen မှာ လုပ်သမျှကို မှတ်ထားပြီး သူများကို
စာသင်လို့ရတဲ့ဆော့ဝဲလ်လေးပါ ကောင်းတဃ်

http://www.etrusoft.com/screen-recorder/

မှာဒေါင်းလိုက်ပါ လုပ်နည်းကတော့ ရိုးရှင်းပါတဃ်
အဆင်ပြေမဃ်လို့ထင်ပါတဃ်။
Source: စန်းပွင့်သူ9

Window 8 အသံထွက်လာ

ကျွန်တော်တို့ Windows 7 အကြောင်း OS လောကမှာ အပြောများနေတုန်းမှာ ကောင်းတယ် မကောင်းဘူး ဝေဖန်နေတုန်းမှာဘဲ Windows 8 ဆိုပြီ သတင်းထွက်လာပါပြီ။ ဒါပေးမဲ့ သတင်း အဆင့်သာ ရှိပါသေးတယ်။ ၂၀၁၂ မှာမှ ထွက်ရှိလာမယ်လို့ ဆိုထားပါတယ်။ အခု လက်ရှိ Windows 7 မှာတော့ 32/64/86 Bit ဆိုပြီ အသုံးပြုလို့ရပါတယ်။ ဒါပေးမဲ့ Windows 8 မှာတော့ 128 Bit အထိအသုံးပြုလို့ရအောင် ပြုလုပ်မယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် Microsoft ရဲ့ Windows များထွက်ရှိမှုကိုနိုင်းယှဉ်လို့ ရအောင်နှင့် ဗဟုသုတအားဖြင့် တင်ပြပေးလိုက်ပါတယ်။

Source: မိုးထက်မြင့်

Admin Accounts အကြောင်းသိကောင်းစရာ

Window 7 သုံးတဲ့အခါ Regular account ကိုပဲ အများအားဖြင့်သုံးလေ့ရှိပါတယ်။ Admin account ကိုတော့ Window က auto hide ထားလေ့ရှိပါတယ်။ ဒါကြောင့် လိုအပ်တဲ့အခါ Admin account ကို ခေါ်ယူသုံးနိုင်ဖို့ ဖော်ထားချင်တဲ့အခါ ဖော်ရမယ့်နည်းလေးကို တင်ပြလိုက်ပါတယ်။ ဒါကတော့ regular account ကနေ admin account ဖော်တဲ့နည်းလေးပါ။
လုပ်နည်း
1. Win+R ကနေ cmd လို့ရိုက်ပီး Ctrl+Shift+Enter ဒါမှမဟုတ် Right Click ထောက်ပြီး run as Adminstrator အနေနှင့် run လိုက်ပါ။

 2. ပွင့်လာတဲ့ Command prompt မှာ net user administrator /active:yes လို့အတိအကျရိုက် ပြီး Enter ခေါက်လိုက်ပါ။

 3. Log out လုပ်ပြီး ပြန်ဝင်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ Built in ပါပြီးသား Admin account လေးထွက်လာပါလိမ့်မယ်။ 

အထက်မှာဖော်ပြခဲ့တာကတော့ regular account ကနေ admin ကိုဖော်တဲ့နည်းပါ။ ပြန်ဖျောက်ထားချင်တယ် ဆိုရင်တော့ အဆင့် (၂) ရောက်ရင် net user administrator /active:no လို့အတိအကျရိုက်ပြီး Enter နှိပ်လိုက်ပါ။ Log out လုပ်ပြီး ပြန်ဝင်ကြည့်လိုက်ပါ။ မူအတိုင်းပြန်ဖြစ်သွားပါ လိမ့်မည်။
Accounts များကို Auto Login လုပ်နည်း
အခုဆက်လက်ဖော်ပြချင်တာကတော့ စက်ဖွင့်လိုက်တဲ့အခါ password ခံထားသည်ပဲဖြစ်စေ ဒါမှမဟုတ် မခံထားသည်ပဲဖြစ်စေ window logon ဆိုတာကြီးကို တွေ့နေရတဲ့အခါ အလိုလျောက် auto logon ဖြစ်အောင်လုပ်တဲ့ နည်းလမ်းလေးပါ။ သိပြီးသား သူများအတွက်ကတော့ မလိုပါဘူး။ လိုအပ်မယ်ထင်တဲ့ သူငယ်ချင်းများအတွက် လိုသလိုအသုံးပြူနိုင်ဖို့ပါ။
လုပ်နည်း
1. Start ကနေ netplwiz လို့ရိုက်ပြီး enter ခေါက်လိုက်ပါ။

 2. User Accounts ဆိုတဲ့ Box လေးကျလာပါလိမ့်မယ်။ ကျလာတဲ့ Box လေးထဲမှာ မိမိ auto login လုပ်ချင်တဲ့ အကောင့်ကိုရွေးပေး ရပါမယ်။ ကျတော်ကတော့ Admin account ကိုလုပ်မှာဖြစ်တဲ့အတွက် သူ့ကိုရွေးပြထားပါတယ်။ 

 
3. Box ထဲကမှ Users must enter a user name and password to use this computer ဆိုတဲ့နေရာလေးကို အမှန်ခြစ်လေး ဖြူတ်ပေးလိုက်ပါ။

4. Apply >> OK ဆိုရင် ရပါပြီ။ 
စာကြွင်း။ ။ အထက်မှာဖော်ပြခဲ့တဲ့ နည်းလေးတွေကတော့ တော်တော်များများ သိပြီးသားဖြစ်ကြမှာပါ။ သို့သော် မသိသေးတဲ့ အခြေခံ သူငယ်ချင်းများအတွက် ဆေးတစ်ခွက်ဖြစ်မယ်ဆိုရင်ဖြင့်..... :P
Source: မိုးထက်မြင့်

USB-Universal Serial Bus အကြောင်းသိကောင်းစရာ

             USB ဆိုတာ ပစ္စည်းတစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့အခါ မြန်နှုန်းမြင့် ဒေတာသယ်ဆောင်မှုကို ဆက်သွယ်ပေးတဲ့ နည်းပညာဖြစ်ပါတယ်..usb ကိုအသုံးပြုတာ ဆယ်နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်..printer ,scanner ,Camera , keyboard , mouse,usb hubs စတဲ့ device တွေအားလုံးကို ချိတ်ဆက်နိုင်တဲ့အတွက် universal serial bus လို့ ခေါ်ပါတယ်.. usb device တွေဟာ host တစ်ခုမှာ အရေအတွက် 127 ခုထိ ချိတ်ဆက်လို့ ရပါတယ်.. .USB connector မှာ အသုံးပြုထားတဲ့ ခေါင်းက flat connector ဖြစ်ပြီး wire အားဖြင့် 4 wire ပါရှိပါတယ်..အဲထဲကမှ နှစ်ပင်ကတော့ +5 v နဲ့  ground ဖြစ်ပြီးတော့ ကျန်တဲ့ နှစ်ပင်ကတော့ data ကို transfer လုပ်ပါတယ်..ကနဦးပေါ် ထွက်လာကတည်းက ခုလက်ရှိအချိန်ထိ USB version လေး မျိုးရှိပါတယ်.
အဲဒါကတော့ USB 1.0,USB 1.1,USB 2.0,USB3.0 ဖြစ်ပါတယ်..

ကွန်ပျူတာ Bus အကြောင်း

 ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D

Registry စုစည်းမှု့များ

                      ကျွန်တော်တို့ စိတ်ဝင်စားစရာ ကောင်းတဲ့ Restrictions (ကန့်သက်ချက် ) တွေကို ကျွန်တော် တင်ပြပေးလိုက်ပါတယ်။ ဘာတွေ ကန့်သတ်နိုင်မှာလဲလို့ မေးစရာရှိတယ်။ ဘယ်လို OS တွေမှာ ကန့်သတ်နိုင်မလဲဆိုတာ တင်ပြပေးပါမည်။ မိမိတို့ computer မှာ အသုံးမပြုစေချင်တဲ့ Display properties ,Taskbar properties , Filder Option စတဲ့ Registry ပေါ်မှာ အခြေခံထားတဲ့ Tricks တွေကို ကန့်သတ်မှု ပြုလုပ်တဲ့နည်း ဖြစ်ပါတယ်။ အရင်ကတော့ ကျွန်တော်ကို အမေးများတဲ့ Registry ပိတ်ရင် ဘယ်လိုဖွင့်လဲ Run Box ပျောက်နေရင် ဘယ်လို ဖော်ရလဲ စသဖြင့် အသုံးများ တဲ့ နည်းတွေကို ကျွန်တော် အတော် များများတင်ပြပေးခဲ့ပြီးပါပြီ။ Software သုံးပြီ လုပ်တဲ့နည်းပါ တင်ပြခဲ့ပါတယ်။ အခုနည်းကတော့ ကိုကိုယ်တိုင်း ဖန်းတီးနိုင် အောင် ကျွန်တော် စုစည်းတင်ပြပေးလိုက်တာဖြစ်ပါတယ်။ Registry ကို စိတ်ဝင်စားတဲ့ သူများ နှင့် Windows အကြောင်း လေ့လာနေတဲ့ သူငယ်ချင်းများအတွက် တင်ပြပေး လိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်က Name နဲ့ value ကိုသာ တင်ပြပေးပါမည်။ ကိုယ်တိုင် ဖန်းတီးရပါလိမ့်မည်။ ( အင်တာနက် Café ဆိုဒ်တွေမှာ Registry ကနေ ပိတ်ထားလျင် ဒီနည်းနဲ့ ပြန်ဝင်လို့ ရအောင် စမ်းသတ်ကြည့်နိုင်ပါတယ်) Windows 2000, XP, 2003, Vista, 2008 and 7 တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ် ခု က Registry ကို ၀င်ပြီ အသုံးပြုတော့မယ်ဆိုရင် Back up ပြုလုပ်ထားဖို့ ကျွန်တော် အကြံပေးချင်ပါတယ်။ တစ်ချို့ Code တွေကတော့ ကျွန်တော် ကိုယ်တိုင်း မစမ်းသပ် ဘူးပါ။ ဒါကြောင့် စာဖတ်သူကိုယ်တိုင်း စမ်းသပ်ကြည့်လိုက်ပါ။ ကျေးဇူးတင်ပါသည်။

IDevices use as a wifi- Hotspot (ipad,iphone,ipod)

I-devices ဖြစ်ကျတဲ့ Ipad,iphone,ipod တွေမှာ ကျွန်တော်တို့ Data တွေ share လုပ်တက်ကြပါတယ်။
ဒီလိုလုပ်တဲ့အခါမှာ local network ဖြစ်တဲ့ Ip (192.168.1:1000) ကိုအသုံးပြုပြီးသုံးလေ့ရှိပါတယ်။
ဒါပေမဲ့ ဒါက wifi connection ရှိမှာ ဒီ connection ကိုအမှီပြုပြီးအသုံးပြုလို့ရတာဖြစ်ပါတယ်။ အကယ်၍
သူငယ်ချင်းနဲ့ လမ်းမှာခဏဆုံတဲ့ အချိန်မှာ file share လုပ်ခြင်းတယ် ဒါပေမဲ့ ကိုယ့်မှာလဲ sim card
(internet connection) မရှိဘူး၊ Bluetooth ကလဲအဆင်မပြေဘူး ကျွန်တော်ကြုံဖူးပါတယ်။ ဒီလိုအချိန်မျိုးမှာ
wifi ကိုဖန်တီးပေးတဲ့ app လေးတခုရှိပါတယ်။ My wi 4.0 ကိုသုံးပြုလို့ရပါတယ်။ သူက wifi tethering
လို့လဲခေါ်ပါတယ်။

IDM all version keygens & patch only!!!! လိုချင်ရင်...

Internet Download Manager ကတော့ ကိုယ်ကြိုက်တဲ့ Version
ကိုယ့်ကြိုက်တဲ့ Site ကနေ အချိန်မရွေး DOWNLOAD လုပ်လို့
ရပါတယ်. ခက်တာက Keys, Registration ဘဲလို့ ပြောကြမှာပေါ့
ဒါကြောင့် အောက်ပါ လင့်မှာ Internet Download Manager ရဲ့
version အားလုံး keygens and Patch ကိုတင်ပေးလိုက်ပါတယ်။

mmflashsongs နဲ့ပက်သက်ပြီး.......

အခု တလောမြန်မာပြည်တွင်းမှာ Google အသုံးပြုသူများရဲ့ Search ရာခိုင်းနှုန်းကို ကြည့်တဲ့အခါ

Jun,July 2011 မှာ Mmflashsongs ဆိုတာကို ရှာတဲ့ရာခိုင်နှုန်းက google မှာ ရေးထားတာကတော့
Breakout ကျော်လွန်သွားတယ်ပေါ့ ကျော်ထွတ်သွားတယ်လို့ဆိုရမှာဘဲ အခုတလောမှာ စံချိန်ချိုးအောင်
Google မှာ Search လုပ်တဲ့ သဘောပေါ့ ဒုတိယလိုက်တာ ကတော့ Android ပေါ့ ဒါပေမဲ့ mmflashsongs
ကို  ရှာတဲ့ရာခိုင်နှုန်းက ပိုများပါတယ်။ ကျွန်တော်လဲ နာမလည်းဘူး ဘာဖြစ်လို့
IT တို့ news တို့ebook တို့ နည်းပညာ တို့ မများဘဲ ဒီ..ဘယ်လိုပြောမလဲ.. ဘာမှမဟုတ်တဲ့ mmflashsongs လား၊

Office 2007 ကို 2003 မှာ လွယ်ကူစွာ ဖွင့်မယ်........

ဒီပြဿာနာက Office 2003 နဲ့ Office 2007 သုံးနေတဲ့ သူတွေ ဖြစ်နေတဲ့ ပြဿနာ တစ်ခုပါပဲ။ မိမိကိုယ်တိုင်လဲ ကြုံတွေ့ခဲ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လာမေးတာကလဲ တစ်ယောက် နှစ်ယောက်ဆိုတော့ ဘလော့ပေါ်မှာ မဖော်ပြမိဘူး။ အခုတော့ လိုလိုမယ်မယ် ရေးသားလိုက်ပါတယ်။

Office 2007 ဖိုင်တွေကို Office 2003 မှာ ပြောင်းလဲ အသုံးပြုနိုင်အောင် Microsoft က လုပ်ပေးထားပါတယ်။ Office 2007 မှာ ရိုက်လာတဲ့ ဖိုင်တွေကိုOffice 2007 မရှိဘဲ Office 2003 ဘဲ အသုံးပြုနေတဲ့ သူတွေက
ဒီဆော့ဝဲလ် ကို ဒေါင်းယူပြီး Install လုပ်ယူပါ။ ပြီးသွားရင်တော့ Office 2007 ဖိုင်တွေကိုOffice 2003 မှာ အလွယ်တကူ ဖွင့်လို့ ရပါပြီ။ အဆင်ပြေပါစေ။
Source: မောင်စေတနာ

Ram ကို 512+1G စိုက်လို့ရပါသလား

ကျွန်တော် ဆွေးနွေးကြည့်ပါ့မယ် .. Ram တွေဟာ မတူတာတွေကိုတော့ စိုက်လို့မရဘူးမဟုတ်ပါဘူး စိုက်လို့ရပါတယ် .. ဒါပေမယ့် ရည်ရှည်မှာဆိုရင် အဆင်မပြေနိုင်ပါဘူး .. Ram ရဲ့သဘောတရားက မူရင်းကို နှစ်ဆပွားတာပါ .. 16 x 2 = 32 x 2 = 64 x 2 =128 x 2 = 256 x 2 = 512 x 2 = 1 GB x 2 = 2 GB x 2 = 4 BG x 2 = 8 GB x 2 = 16 GB x 2 = 32 GB x 2 = 64 GB အဲ့လိုမျိုးလေးပါ ... အဲ့ဒီ့သဘောက ကျွန်တော်တို့အနေနဲ့ memory ပမာဏ တူညီတာတွေကို ပေါင်းပြီးစိုက်ရင် စက်ရဲ့ လုပ်ဆောင်မှု ပိုမိုမြန်ဆန်လာပါတယ် .. မယုံရင်စမ်းကြည့် . မတူတာကိုစိုက်ပြီး program ကြီးကြီး ၂ ခုလောက်ကိုဖွင့် .. တူတာနှစ်ခုကိုစိုက် program ကြီးကြီး ၂ ခုလောက်ကိုဖွင့် ဘယ်ဟာမြန်မလဲလို့ photoshop နဲ့ coral draw အဲ့ဒီ့နှစ်ခုကို ဖွင့်ပြီးစမ်း ... အဲစမ်းဆိုလို့ မတူတာနှစ်ခုကို စမ်းလို့ board ကြောင်ပြီး တစ်ခုခုဖြစ်ရင်တော့ ကျွန်တော်နဲ့မဆိုင်ဘူးနော် ..

Picasa 3.6 အသုံးဝင်မှု........

Google ပေး ဆော့ဝဲလ်ထဲက မိမိ ကြိုက်နှစ်သက်တဲ့ ဆော့ဝဲလ်လေးတစ်ခုကို ညွှန်းချင်ပါတယ်။ Picasa Software လေးပါ။ Photo Viewer ဆိုပေမယ့် အသုံးတည့်တာတွေ များပါတယ်။

၁) Web ပေါ်ကို ဓါတ်ပုံတင် Upload လုပ်လို့ရခြင်း၊
၂) မိမိစက်ထဲတွင် ရှိသော ဓါတ်ပုံများကို Email ပေးပို့နိုင်ခြင်း၊
(ပို့ချင်သည့် ပုံများကို Upload လုပ်စရာမလိုသည့်အတွက် လျင်မြန်မှုက ပြောမပြနိုင်အောင်ပင်)

Defragment လုပ်ဖို့ လိုတယ်........

      အလုပ်မအားတဲ့ အချိန်ကများနေတော့ ရေးစရာတွေ များနေပေမယ့် ဘယ်က စရေးရမှန်း မသိအောင်ကို ခေါင်းတွေလဲ ချာချာလည်နေပါပြီ။ အခု ကြုံတုန်းလေးမို့ ကွန်ပျူတာ သုံးစွဲရာမှာ ပေါ့ပါးစေတဲ့ ဆော့ဝဲလ်လေးကို ဖော်ပြပေးလိုက်ပါတယ်။
                 စာရိုက်အသုံးများတဲ့စက်၊ ဖိုင်တွေ ဟိုပို့ဒီပို့ လုပ်တဲ့စက်၊ ဆော့ဝဲလ်ပေါင်းများစွာနဲ့ အလုပ်ရှုပ်နေတဲ့ စက်တွေအတွက် Defragment က လုပ်ကို လုပ်ရမယ့် အရာလေးတစ်ခုပါ။ Window မှာ ပါတယ်ဆိုပေမယ့် သုံးစွဲရတာ ထိရောက်မှု မရှိဘူးလို့ ထင်ပါတယ်။
         အခု ဖော်ပြပေးတဲ့ ဆော့ဝဲလ်ကလဲ Defragment Software လေးတစ်ခုပါပဲ။ free version ဖြစ်ပြီး ဆိုဒ်က 1 M တောင် မပြည့်ပါဘူး။ သုံးစွဲရမှုလဲ လွယ်ကူတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ အသုံးဝင်တဲ့ ဆော့ဝဲလ်လေး တစ်ခု ဖြစ်တဲ့အတွက် မဖြစ်မနေ သုံးစွဲသင့်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။

Window 7 မှ ပြဿနာအချို့

Window 7 က latest ဆိုတော့ မိမိ ပတ်ဝန်းကျင်က လူတိုင်းနီးပါး သုံးစွဲနေကြလေရဲ့။ ဟိုကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 ၊ ဒီကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 နဲ့။ တော်တော်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြ၏။ ကောင်းသည်။ ကြိုက်သည် စသဖြင့် တုံ့ပြန်သံများ ကြားရ၏။
" စိတ်ညစ်တယ်။ ဆော့ဝဲလ်တိုင်းလဲ တင်လို့ မရတော့ပါလား။ ခက်တာက ငါတို့သုံးနေတာတွေက Version နိမ့်နေတယ်။ " အယ်။ ဘယ်လို ဖြစ်ကြတာတုန်း။ အသံတွေကလဲ အရင်က ကောင်းသည်ဟု ဆိုကြပြီး အခုမှ ဘာဖြစ်ကြရပြန်တာတုန်း။ Negative အသံများ ကြားရ၏။ မကြာပါ။ မိမိဆီ ရောက်လာကြသည်။ ပြဿနာကို မေးကြည့်တော့ သူတို့ Printer Software က Window 7 ကို Support မလုပ်ကြောင်း၊ Window XP SP 1,2,3 တို့တွင်သာ Support လုပ်ကြောင်း၊ ဒါကြောင့် ဆော့ဝဲလ်တင်ရာတွင် လက်မခံကြောင်း ရှင်းပြကြ၏။ မိမိက Window 7 ကို မသုံးတော့ သေချာ မပြောပြနိုင်။ ဒါနဲ့ ထုံးစံအတိုင်း Google တွင် ရှာဖွေရေး ဆင်းလိုက်သည်။ တွေ့ပါပြီ။ တွေ့သည့်နည်းအတိုင်း လုပ်လိုက်တာ အဆင်ပြေခဲ့ပါ၏။ စာဖတ်သူများလဲ Window 7 ကြောင့် ဆော့ဝဲလ်များ Installation လုပ်ရာမှာ အခက်အခဲရှိလျှင် အသုံးပြုနိုင်ရန် ဖော်ပြလိုက်သည်။

Wednesday, July 27, 2011

Firefox add-ons လေးတွေသုံးကြည့်စေချင်.........

Firefox Add-ons တွေထဲမှ အသုံးဝင်တဲ့ Add-ons လေးတွေကိုတင်အချိန်ရရင်တင်ပြပေးပါ့မယ်...အခုတော့ဒါလေးသုံးကြည့်လိုက်ပါ..
မိမိတို့ရဲ့ Facebook မှာ ပုံတစ်ပုံပေါ်မှာ Mouse Cursor လေးတင်လိုက်တာနဲ့ ပုံကိုပိုပြီြးီကီးကြီးမြင်ချင်တယ်ဆိုရင် ဒီလိုသုံးကြည့်စေပါတယ်………
သုံးချင်တယ်ဆိုရင်တော့…
၁။ Firefox မှာ Tool > Add-ons ကိုနှိပ်လိုက်ပါ။
၂။ Get Add-ons ကိုနှိပ်လိုက်ပါ။
၃။ Search box မှာ Thumbnail Zoom လို့ရိုက်လိုက်ပြီး Enter ခေါက်လိုက်ပါ။
၎။ ပေါ်လာတဲ့  Add-ons တွေထဲမှ Thumbnail Zoom နဲ့  Facebook PhotoZoom တိုကို Install လိုက်ပါ။
၅။ နောက်ဆုံးအဆင့်က Restart Firefox လို့်ပြလာရင် Firefox ကို Restart ချပေးလိုက်ပါ။

ဒါဆိုအဆင်ပြေသွားပါပြီ…..:D
အချိန်ရရင်ရသလိုတင်ပေးပါမယ်ခင်ဗျာ..ကျေးဇူးတင်ပါတယ်...
 

မိမိရဲ့ကွန်ပျူတာကိုပိုပြီးမြန်မြန်ခိုင်းနိုင်ဖို့ဆိုရင်

ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ စက်ကောင်းမွန် မြန်ဆန်ရေးကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင် နေကြရပါတယ်။ ဒီလို လုပ်ဆောင်ရာမှာလဲ ဆော့ဝဲလ်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ စမ်းသပ်လုပ်ဆောင် နေကြပါတယ်။ အဆင်ပြေပြီး ကောင်းမွန် လွယ်ကူတဲ့ Free Software လေးတစ်ခု ဖော်ပြချင်ပါတယ်။Advanced System Care Software လေးက Window System ကို ထိန်းသိမ်းဖို့ ကောင်းမွန်လှပါတယ်။ ပိုက်ဆံ မကုန် အဆင်ပြေစေပါတယ်။ Window ကို ပြုပြင်မလား၊ System ရဲ့ ချို့ယွင်းချက်တွေကို လုပ်ဆောင်ပေးတဲ့အပြင် spyware removal, registry fix, privacy, disk defragment, security analyzer စတာတွေကိုလည်း Scan လုပ်ပြီး ဖြေရှင်းပေးပါတယ်။

Run ကနေတဆင့် သွားလို.ရတဲ နေရာတွေ

Run ကနေတဆင့် သွားလို.ရတဲနေရာတွေကို ပြောပြမယ်။ Run box ထဲမှာ
ရိုက်ထည့်ပြီး OK လို.ပြောရမှာနော်။


၁။ Run ထဲမှာ timedate.cpl ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက ကွန်ပြူတာရဲ့


အချိန်တွေ၊ ရက်စွဲတွေပြင်လို.ရတဲ့ နေရာကို သွားတာ။


၂။ နောက်တစ်ခုက control ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက control panel

ထဲကိုသွားတာ။

Youtube, Metacafe တို့ကို ကျော်ဝင်ပြီးကြည့်ရအောင်

Youtube video တွေကို https://www.vidproxy.com/ ကနေကျော်ကြည့်ရပါတယ်... ။ _____ အဲဒီမှာ Quick Browse Links က နေ You Tube, Facebook, Metacafe, Empflix, RedTube, Tube8, xHamster, xVideos, YouJizz စတာတွေကို Click ပြီးသုံးနိုင်ပါတယ် ... ။အဆင်ပြေပါစေဗျာ.

Youtube,Facebook တို့မှ Download ချရန် အဆင်ပြေတဲ့ IDM 6.07

Facebook, Youtube နဲ့ တခြားသောဆိုဒ်များမှ Video file တွေကို Download ချရာမှာမြန်ဆန်လှပါတယ်.
အဆင်ပြေလို့တင်လိုက်ပါတယ်..ပထမဆုံး ကိုယ်ကြည့်ချင်တဲ့  Video file ကို Play လိုက်ပါ.Download this video လို့ပေါ်လာရင်နှိပ်လိုက်ပါ..ဒါဆိုရပါပြီ.ပျော်ရွှင်ပါစေဗျာ.

မည်သည့် software နှင့် add-on မပါပဲ Youtube မှ Download ချနည်း

Download videos from YouTube for free
Online, fast and easy. No additional software required Method .
ဥပမာ (http://www.youtube.com/watch.ဘာညာကွိကွ) ကိုခေါ်လိုက်ပြီးရင်
youtube ဆိုတဲ့စာလုံးရှေ့ မှာ kick ဆိုတာလေးပေါင်းထည့်လိုက်ရုံပါပဲ ။
ဒီလိုဖြစ်သွားမယ်ဗျာ (http://www.kickyoutube.com/watch.ဘာညာကွိကွ)
စမ်းကြည့်ပါ ။ :)
RFF:http://www.facebook.com/groups/itnetwork4burma?view=doc&id=264250016923469

Laptop Driver လိုအပ်လာရင်

Laptop Driver တွေ အတွက် www.laptop-driver.net က တော်တော်စုံလင်တယ် ဆိုရမယ်။ လိုချင်တာကို ဒေါင်းယူရင်လဲ လွယ်ကူတယ်။ အမျိုးအစားမျိုးစုံကို ဖော်ပြပေးထားပြီး Acer, ASUS, Compaq, Dell, HP, IBM နဲ့ အခြားအရာတွေလဲ ရနိုင်ပါတယ်။ မိမိက လက်တော့ပိုင် မရှိတော့ တိတိကျကျ မစမ်းသပ်ရသေးဘူး။ လိုအပ်ရင် သွားရောက်လေ့လာနိုင်ပါတယ်။

RFF: မောင်စေတနာ

FireFox ကနေ Gtalk ချက်ကြရအောင်

mozilla ကိုဖွင့် Alt+ T ကို နှိပ် (Tools)
အဲဒီအောက်က..Add-on ကိုဖွင့် get Add-on ဆိုတဲ့ tab အောက်က search box မှာ gtalk လို့ရိုက်ထည့်..ရှာလို့တွေ့လာရင် ..select ပေးလိုက် …အဲဒီမှာ Add to Firfox ဆိုတဲ့ ခလုပ်လေးကိုနှိပ် ..ကွန်နက်ရှင်ရတာနဲ့ သူ့ဘာသာအင်စတော ဖြစ်သွားမယ်…ပြီးရင် mozilla ကို Restart ချ ..ပြန်တက်လာရင် ..view ထဲမှာ Slidebar ကိုဖွင့် ..အဲဒီထဲမှာ Alt+G နဲ့ ပြနေတာတွေ့ရလိမ့်မယ်..click လုပ်လိုက်ပြီး Sign in ၀င်လိုက်တာနဲ့ ပြောလို့ရပြီ …ချက်နိုင်သူများ များများချက်နိုင်ကြပါစေ.:D :D :D

RFF: http://www.anyartargroup.com/2010_12_19_archive.html
Related Posts Plugin for WordPress, Blogger...