စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Wednesday, October 19, 2011

cmd အကြောင်း တစေ့တစောင်း

cmd လို့ ခေါ်တဲ့ Command Prompt ဟာ လွယ်လွယ်ကူကူ လေ့လာလို့ရသလို အသုံးဝင်မှုတွေဟာ လည်း ပြောမကုန်လို့ ဆိုရမလိုပါပဲ။ ပေါ့ပါးမှုရှိသလို သီးခြားပရိုဂရမ်လည်းတင်စရာမလိုဘဲ Windows ရဲ့ Build in တစ်ခုပါ။ cmd ကိုသုံးပြီး Windows စနစ်ကို လိုသလို ထိန်းကျောင်းမောင်းနှင်လို့ရသလို အသုံးချ ဆော့ဝဲလ် သေးသေးလေးကနေ အတော်ကြီးကြီးအထိ ရေးသားလို့ရပါတယ်။  Virus များ ရှာဖွေနှိမ်နှင်း ခြင်းကိုပါ စွမ်းဆောင်နိုင်ပါတယ်။ ချီးမွမ်းခန်းနဲ့ အမွှမ်းဖွင့်နေရင် ပြောမဆုံးပေါင် တောသုံးထောင်မို့ လက် တွေ့ကျကျ စလိုက်ကြရအောင် ….
  • Start >> All Programs >> Accessories >> Command Prompt ကို နှိပ်ပါ။
  • (or) WinLogo + R (Run Box) ကိုခေါ်တင်၍ cmd လို့ရိုက်ပြီး Enter နှိပ်ပါ။

အနက်ရောင် လေးထောင့်ကွက်နဲ့ စာနည်းနည်း။ ပြီးတော့ မှိတ်တုတ်မှိတ်တုတ် တုတ်ချောင်းလေးကို တွေ့ရမှာ ဖြစ်ပါတယ်။
မှိတ်တုတ်မှိတ်တုတ် တုတ်ချောင်းလေးနေရာတွင် cmd/? ဟုရိုက်၍ Enter ခေါက်လိုက်ပါ။ cmd တွင် ဘာတွေလုပ်လို့ရကြောင်း command line တွေအကြောင်း ရှင်းပြထားပါတယ်…။ တတ်နိုင်သမျှ နားလည် အောင် လေ့လာသင့်ပါတယ်…။ Press any key to continue . . . -ဆက်လုပ်ရန် ဘယ်ကီးဖြစ်ဖြစ်နှိပ်ပါ ဆိုလျှင် ကီးဘုတ်မှ ကြုံရာကိုနှိပ်ပါ။ ဆက်လက်ရှင်းပြထားပါသည်။ (၇)ကြိမ်နှိပ်မှ ရှင်းပြချက်ဆုံးပါမည်။
၎င်းရှင်းပြချက်များအနက် -
DEL or ERASE
COLOR
CD or CHDIR
MD or MKDIR
PROMPT
PUSHD
POPD
SET
SETLOCAL
ENDLOCAL
IF
FOR
CALL
SHIFT
GOTO
START (also includes changes to external command invocation)
ASSOC
FTYPE  တို့ကို အရင်လေ့လာကြပါမည်။
၎င်း command တို့ကို ပိုမိုသိလိုပါက ၄င်းတို့နောက်တွင် “/?” ရိုက်၍ မေးပါ။ ဆက်လက် ရှင်းပြထားပါ သည်။ ဥပမာ (Color/?)
DEL/? သို့မဟုတ် ERASE/? (ဖျက်ခြင်း)
DEL [/P] [/F] [/S] [/Q] [/A[[:]attributes]] names
ERASE [/P] [/F] [/S] [/Q] [/A[[:]attributes]] names
names မှာ ဖိုင်အမည် (တည်နေရာအပါအဝင်) ဖြစ်ပါသည်။
ဥပမာ- notepad ကိုဖွင့်ပါ။ (Start > All Programs > Accessories > Notepad)
သို့မဟုတ် (WinLogo+R နှိပ်ပါ။ Run Box ပေါ်လာလျှင် notepad ဟု ရိုက်၍ Enter ခေါက်ပါ။)
၎င်း Notepad တွင် ရေးလိုရာရေး၍ Desktop တွင် test အမည်ဖြင့် save ပါ။ ”.txt” သည် အလို အလျောက် ပါပါမည်။ မြင်ရမည်မဟုတ်ပါ။
၎င်း test ဖိုင်ကို D:\ သို့ ကော်ပီကူးပါ။ ၄င်းဖိုင်ကို မြင်ရသည့် အနေအထားဖြင့် -
cmd တွင် DEL D:\test.txt ရိုက်၍ Enter ခေါက်ပါ။ D:\ မှ test ဖိုင်ကို ပြန်ကြည့်လိုက်ပါ။ ဘယ်ရောက် သွားပါသနည်း?။
DEL/P D:\test.txt ဟုရိုက်လျှင် /P သည် Prompt ဖြစ်၍ မဖျက်မီ ခွင့်ပြုချက် တောင်းပါမည်။ D:\Test.txt, Delete (Y/N)?_ ဟု မေးပါမည်။ Y မှာ Yes ဖြစ်၍ N မှာ No ဖြစ်ပါသည်။ N ကို ရိုက်ပါက မဖျက်ပါ။ Y ကို ရိုက်မှ ဖျက်ပေးပါသည်။ အကယ်၍ ဖိုင်မတွေ့ပါက သို့မဟုတ် ဖိုင်အမည် (တည်နေရာ အပါ) အရိုက်မှားပါက Could Not Find. ဟု မတွေ့ကြောင်း Output ပြန်ပေးပါမည်။
/F မှာ Force ဖြစ်၍ Read-Only (ဖတ်ရုံသက်သက်)ဖိုင်များကိုပါ Force လုပ်၍ ဖျက်ပေးပါသည်။
/S မှာ Subdirectiries (ဖျက်မည့် Folder အတွင်းရှိ Sub-Folder ထဲက ဖိုင်များပါမကျန်) ဖိုင်အားလုံး အထူးဖျက်ခြင်း ဖြစ်ပါသည်။ ဥပမာ- D:\ တွင် Mp3 ဟုအမည်ပေးထားသည့် Folder နှင့် သီချင်းဖိုင်များ ရှိပြီး ၄င်း Mp3 Folder အတွင်း HipHot အမည်ရှိ Folder တွင် mp3 များ ထပ်မံ ရှိသည် ဆိုပါစို့။
Del/s D:\Mp3 ဟု ရိုက်ပါက Mp3 Folder အတွင်းရှိ (HipHot Folder အတွင်းက ဖိုင်များပါမကျန်) ဖိုင်အားလုံး ဖျက်ပါမည်။ သို့သော် သေချာလား Are you sure (Y/N)? လို့တော့ အကြိမ်ကြိမ် ပြန်မေး ပါမည်။
/Q ကိုပါ ထည့်လျှင် အထက်ပါအတိုင်း ပြန်မေးမည်မဟုတ်ပါ။
/A ဆိုလျှင် Attribute အထူးပြုဖိုင်များကိုပါ ဖျက်ပါမည်။ အထူးပြုဖိုင် Attribute တွင်
R – Read-only files (ဖတ်ရုံသက်သက်ဖိုင်များ)          S – System files (စနစ်ဖိုင်များ)
H – Hidden files (ဝှက်ထားသောဖိုင်များ)             A – Files ready for archiving (မော်ကွန်း-မှတ်တမ်းဝင်ရန် အသင့်ရှိ ဖိုင်များ) အားလုံး ပါဝင်ပါသည်။
Del (or) Erase တို့၏ command များမှာ ဤမျှသာ ဖြစ်ပါသည်။ သေသေချာချာ နားလည်ရန်နှင့် ကျွမ်း ကျွမ်းကျင်ကျင်ဖြစ်ရန် လေ့ကျင့်စေလိုပါသည်။  cmd ဖြင့် virus ရှာ၍သတ်ခြင်း၊ Windows စနစ်ကို ထိန်း ကျောင်းခြင်း၊ အသုံးချ ဆော့ဝဲလ်ငယ်များ ရေးသားခြင်း၊ Virus ဖိုင်များ၏ ဖွဲ့စည်းတည်ဆောက်မှုများကို လေ့လာခြင်း စသော သင်ခန်းစာများကို ပို့ချသွားမည်ဖြစ်၍ အခြေခံ အဆင့်များကို ကျေညက်ထားရန် လိုပါသည်။ ဤမျှဖြင့် နားပါဦးမည် ….
ရွှင်လန်းချမ်းမြေ့ကြပါစေ …..
Related Posts Plugin for WordPress, Blogger...