စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Sunday, October 23, 2011

ငွေလဲလှယ်နှုန်းကို online ကနေ နေ့စဉ် ဘယ်လို သိနိုင်မလဲ

နေ့စဉ်ပြောင်းလဲလျက်ရှိသည့် ငွေကြေးလဲလှယ်မှုနှုန်းထားများကို Gtalk အပါအ၀င် Instant Messaging System များမှ တဆင့်အခမဲ့မေးမြန်းနိုင်မည့် အစီအစဉ် တစ်ရပ်ကို Soft-Gate Technology Group မှစတင် မိတ်ဆက်လိုက်ကြောင်း ထိုကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

            အဆိုပါအစီအစဉ်အရ ကုမ္ပဏီကသတ်မှတ်ပေးသည့် Instant Messenger Account များကို မိမိ Account တွင် Invite ပြုလုပ်ရမည်ဖြစ်ပြီး Gtalk, Yahoo, AIM, Windows Live Messenger များမှ တစ်ဆင့် မေးမြန်းနိုင် မည်ဖြစ်သည်။ “ကျွန်တော်တို့အဓိက ရည်ရွယ်တာ ကတော့ မြန်မာနိုင်ငံရဲ့ ငွေကြေး လဲလှယ်မှုကို မြန်မြန်ဆန်ဆန်နဲ့ အချက်အလက် အတိအကျကို အွန်လိုင်းကနေတစ်ဆင့် အလွယ်တကူ ရယူစေလိုတဲ့ ရည်ရွယ်ချက်ပါ” ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။ ထိုစနစ်အရ Gtalk အသုံးပြုသူများ အနေဖြင့်

G-talk သုံးသူများအနေဖြင့် myanmar.exchange@gmail.com
Yahoo messenger အသုံးပြုသူများအနေဖြင့် myanmar.exchange@yahoo.com
AIM Messenger အသုံးပြုသူများအနေဖြင့် myanmarexchange နှင့်
Windows Live Messenger အသုံးပြုသူများအနေဖြင့် myanmar.exchange@live.com
Account များသို့ Invite ပြုလုပ်ပြီး  Chatting မှတဆင့် အချိန်မရွေး မေးမြန်းနိုင်မည်ဖြစ်သည်။
“ငွေကြေး လဲလှယ်မှုဈေးနှုန်းတွေက အမြဲပြောင်းနေမှာပါ။ 

          ကျွန်တော်တို့အနေနဲ့အတတ်နိုင်ဆုံး Offer Price, Open Price, Close Price တွေကို တင်ပေးသွားမှာပါ။ အခုလောလောဆယ်တော့ FEC, USD, SGD, Gold Exchange တွေကို မေးမြန်း လို့ရသွားမှာပါ။ နောက်ပိုင်းထပ်တိုးသွားဖို့လည်း အစီအစဉ်ရှိပါတယ်”ဟု ရှင်းပြသည်။ အဆိုပါ စနစ်သည် အသုံးပြုရလွယ်ကူပြီး မေးမြန်းသည့်ငွေကြေး လဲလှယ်မှုနှုန်းထားများကို Server မှ တဆင့် အလိုအလျောက် ဖြေကြားပေးမည်ဖြစ်သည်။ ထိုစနစ်နှင့်ပတ်သက်၍ အခြားသိရှိလိုသည်များကို
realtime.information@gmail.com သို့အီးမေးလ်ပို့၍ မေး မြန်းနိုင်ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...