စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Wednesday, October 19, 2011

Windows ရဲ့  zip နဲ့ တူတဲ့ Linux ရဲ့  TAR


ပထမဆုံး tar နဲ့ tar.gz အကြောင်းအကျမ်းဖျင်း ပြောပြမယ်ဗျာ။
         tar ဆိုတာ Tape Archive ကို အတိုခေါ်တာပါ (Tarball File )။ Windows က zip လိုပဲ ဖိုင်တွေချုံ့ထားတဲ့ Format လို့ အလွယ်ပြောနိုင်ပါတယ်။
Tar မှာမှ ထပ်ခွဲနိုင်တာက
         *.tar.gz သူ့ကို Gzip နဲ့ ချုံ့ထားတယ်ပေါ့ဗျာ။ *.tar.gz အပြင် *.tgz ဆိုလဲ အတူတူပါပဲ သုံးလို့ရပါတယ်။
*.tar.bz2 သူက bzip2 နဲ့သုံးထားတယ်ပေါ့။* .tbz *.tb2 လို့တွေ့လဲ တူတူပဲလို့မှတ်။

         *.tar.Z သူကလဲ *.Z နဲ့ tar ပေါင်းသုံးတာပေါ့။ .z ကတော့ lzw lzc စသဖြင့်ရှိပါတယ်။ *.tarz ဆိုလဲ တူတူပဲဗျ။
         *.tar.lzma ဆိုတာ 7zip မှာသုံးတဲ့ LZMA နဲ့ တူတာပေါ့ဗျာ။ နောက်က Level တွေတော့ရှိပါတယ်။ *.tlz နဲ့တွေ့နိုင်ပါတယ်။ lzma ကို Slax မှာသုံးတယ်။
         *.tar.xz ပြောရင်တော့ အပေါ်ကလိုပဲ txz လဲ အတူတူပဲ။
         ကဲ Extension တွေတော့ သိပြီ ဘာကြောင့် သုံးလဲ ဆိုတော့ Linux မှာ Binary နဲ့ Source ဆိုပြီး Software တွေကို ရယူနိုင်တယ် Binary ကတော့ ReadyMade Software တွေပေါ့။ Windows မှာ EXE File တွေလိုပေါ့။

Binary File
         Linux မှာတော့ Debian အတွက်ဆိုရင် *.deb ဖိုင် RedHat ဆိုရင် *.rpm ဖိုင်တွေနဲ့လာရင် တခါတည်း တန်းသွင်းလို့ရတဲ့ Binary File တွေပေါ့။
Deb ကို ဘယ်မှာသုံးလဲ
         Deb ဖိုင်တွေကို ဘယ်မှာသုံးလဲဆိုရင် Debian Distro တွေမှာ သုံးတာပေါ့။
         Debian သည် Deb ကို သုံးသည်။ dpkg (Debian Package Manager) ကို အသုံးပြုတယ်။
         (aptitude နဲ့ synaptic ကိုလည်း သုံးနိုင်ပါတယ်)
         Terminal (similar of Windows CMD) ကနေ Update/Install လုပ်မယ်ဆိုရင် APT (Advanced Packaging Tool) နဲ့ သုံးပါတယ်။ Debian Base Distro ဖြစ်တဲ့ Ubuntu ဟာလည်း *.deb ကိုပဲ သုံးတာပါပဲ။
         Ubuntu မှာ Software သွင်းဖို့ ရေးပေးတာတွေ မှာ apt-get install လိုမျိုးတွေ ခဏခဏတွေ့ရမှာပါ။ Aptနဲ့ သုံးတာပါ။

RPM ကို ဘယ်မှာသုံးလဲ
         RPM ဆိုတာ RedHat Package Manager ပါ။
         RedHat Base Distro တွေမှာ သုံးပါတယ်။ ဥပမာ Fedora ပေါ့။
         Debian မှာ apt သုံးသလိုပဲ RPM မှာ YUM (Yellowdog Updater, Modified) ဆိုတာ သုံးပါတယ်။deb မှာ Package Manager ဟာ dpkg ကို အသုံးပြုပြီး rpm မှာတော့ rpm (RedHat Package Manager) ကို သုံးပါတယ်။

Alien ဆိုတာ
         deb နဲ့ rpm ဟာ မတူညီတဲ့ Distro (ဥပမာ Ubuntu နဲ့ Fedora)တွေပေါ်မှာ RUN နေကြပေမယ့်တူညီတဲ့ (Linux OS) ဖြစ်နေပြန်ပါတယ်။ ဒီတော့ တစ်ခါတလေ RPM ကို Debian တွေပေါ်မှာ သုံးဖို့လိုတာမျိုး deb ကို Redhat တို့ Fedora တို့မှာ အသုံးပြုဖို့လိုလာရင် Package တွေ လိုက်ရှာ ရတာ အလုပ်ရှုပ်ပါတယ်။ အဲနှစ်ခုကို အပြန်အလှန် ပြောင်းလဲပေးနိုင်တာကတော့ Alien ပါပဲ။

RPM နဲ့ Deb တွေက Binary
         အပေါ်မှာ ပြထားတဲ့ deb တွေ rpm တွေဟာ Binary ဖိုင်တွေဆိုတာ ကျွန်တော်တို့ သိရပြီ။ Binary ဆိုတာတော့ သိတဲ့အတိုင်းပဲ အလုပ်ရှုပ်သက်သာအောင် ပုံသေလုပ်ပေးလိုက်တာ။ RPM ဆိုရင်လဲ Version တွေပေါ် မူတည်ပြီး အကုန်လုံးသုံးဖို့ မဖြစ်နိုင်ဘူး။ ဥပမာ Fedora Core 10 အတွက် ထားတဲ့ဟာက Core 5 မှာ သုံးလို့မရနိုင် ဘူး။ Deb မှာလဲ Ubuntu 8.10 အတွက်ရေးထားရင် Ubuntu 9.10 နဲ့အခြား Debian တွေအတွက် ရချင်မှ ရလိမ့်မယ်။ အဆင်မပြေတဲ့ Error တစ်ခုခုတွေ့ရင်လဲ အကြောင်းပြန်ကြားပြီး ကိုယ်နဲ့ကိုက်ညီတဲ့ binary ထွက် တာ စောင့်မလား။ ကိုယ့်ဘာသာကိုယ် Setting တွေ လိုက်ချိန်း၊ လိုတာတွေ လိုက်ပြင်လုပ်ချင်လဲလုပ်ပေါ့။ Deb/RPM တွေက သွင်းတုန်းမှာ Customize လုပ်ခွင့် နည်းပါ တယ်။ ဥပမာ Software ကို bin အောက်မှာ ထားမလား home အောက်မှာထားမလား ရွေးချယ်ခွင့် ပါဝင်မှုမျိုး အလွန်နည်းပါးပါတယ်။ Windows Software တွေလိုပါပဲ။ စိတ်တိုင်းကျပြင်ဆင်ခွင့် သိပ်မရနိုင်ပါဘူး။

Tar ကိုဘယ် Distro တွေမှာ သုံးလဲ
         Tar ကို ဘယ် Distro တွေသုံးလဲမပြောခင် tar ဖိုင် ထဲမှာ ဘာတွေပါလဲ ကြည့်ရအောင်။ tar ကို Data Compressing လုပ်ချင်ရင်သုံးတဲ့အတွက် tar ဖိုင်မှာ Data တွေ ထည့်နိုင်တယ်။ tar အောက်မှာ Source တွေပါ ပါတယ်။ အဲဒီ source တွေက compiler နဲ့ပြန်ပြီး Install လုပ်နိုင်တယ်။ ဘာတွေအတွက် Install လုပ်နိုင်လဲဆိုရင် OSS Source တွေနဲ့ Debian, RedHat, Unix,(Not sure) Mac တွေအတွက် Install လုပ်နိုင်တယ်။ (အထဲမှာက Programming Language ကဘယ် C, C++, GCC, Python, PHP စသဖြင့် မည်သည့် Language မဆို ဖြစ်နိုင် တယ်) အထဲမှာပါတဲ့ Source တွေကိုလည်း ကြည့်ရှု ပြင်ဆင်နိုင်တယ်။ စက်နဲ့ကိုက်ညီအောင် ပြင်ဆင်ပြီးမှ Install လုပ်လုပ် Binary ထုတ်ထုတ်ရတယ်။ အဲတော့ OSS ဆိုတဲ့ အရသာကို သေသေချာချာသိနိုင်မှာ ... သို့သော် Binary တွေ သွင်းရတာထက်တော့ လက်ပေါက်ကပ်လိမ့် မယ်။ သုံးရတာကြာရင်တော့ Linux သုံးရတာ ကြာတဲ့လူ Windows ထက် Linux ကို ခင်တွယ်လာသလိုပဲ Binary တွေထက် Source တွေကို ပိုမြတ်နိုးလာနိုင်တယ်။ ကြား ကာလမှာတော့ ငိုမလိုရီမလိုတောင် ဖြစ်သွားနိုင်တယ်။
         ဒီလောက်ဆိုရင် tar ကို ဘယ် Distro တွေသုံးလဲ ဘာကြောင့်သုံးလဲ သိနိုင်ပါပြီ။

tar (source)
                  |
                 /|\
            |     |      |
         RPM   |     DEB
           |     /\     |
    RedHat          Debian
 
         ဖိုင်တစ်ဖိုင်ကို tar လုပ်မယ် ဆိုပါတော့ tar -cvf tarfilename.tar target.txt အပေါ်က -cvf ရဲ့ အဓိပ္ပာယ် ကို ရှင်းပြပါမယ်။
-c       Create
-v       Verbose
-f       File
         နောက်ဆုံး target.txt ဆိုတဲ့ဖိုင်ကို tarfilename. tar ဆိုတဲ့နာမည်နဲ့ tar လုပ်မယ် လို့ ဆိုလိုတာပါ။ အကယ်၍ သုံးလေးဖိုင်ဆို နောက်မှာ Space ခုန်ပြီး ရိုက်သွားရုံပါပဲ။ သုံးဖိုင်ရိုက်ရင် သုံးဖိုင်၊ လေးဖိုင်ရိုက်ရင် လေးဖိုင် အကုန် ပေါင်းပြီး tar လုပ်ပေးပါလိမ့်မယ်။
         အကယ်၍ တစ်ဖိုင် နှစ်ဖိုင်တည်း မဟုတ်ဘူး txt နဲ့ ဆုံးတဲ့ ဖိုင်တွေ အကုန်လုံးဆိုပါဆို့။
         tar -cvf alltxtfile.tar *.txt ဆိုရင်ရပါပြီဗျာ။ tar ဖိုင်ထဲမှာ txt ဖိုင်တွေ အကုန်လုံးပါတာ တွေ့ရပါလိမ့်မယ်။
file တွေ tar လုပ်ချင်တာမဟုတ်ဘူးဗျ။ Folder တွေကို tar အနေနဲ့ Backup လုပ်ချင်တာ။ ရတာပေါ့ဗျာ tar -cvf home.tar home/
         ကဲ Home အောက်က ဖိုင်တွေ Folder တွေ အကုန် ပါတဲ့ tar ဖိုင်ရပြီပေါ့။
         လုပ်တာတော့ဟုတ်ပါပြီ ပြန်ဖြေတာလည်း သိဦးမှ Gui မသုံးချင်ပါဘူးဆိုရင် tar -xvf myfile.tar
-x extract ဆိုရင် ဖြေတာလေးပါကြည့်ရမှာပေါ့ဗျာ x လေးပဲ ကွာတာနော် ဘာမှ မခက်ပါဘူး။
         တခြား swith တွေသိချင်ရင်တော့ Online မှာ  တက်ရှာရတော့မှာပေါ့။ အဲလိုမဟုတ်ဘူးဗျ။ Offline မှာတင် ဒီလိုလေး ကြည့်လို့ရပါတယ်။
         tar --help
         tar --usage
         info tar
         စသဖြင့် ကြည့်နိုင်ပါတယ်ခင်ဗျာ။
Related Posts Plugin for WordPress, Blogger...