စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Tuesday, October 11, 2011

Windows 8 နှင့် မြန်မာ စာဂယက်

Microsoft ရဲ့ အသစ်ထွက် ရှိလာမယ့် Windows 8 မှာ မြန်မာ စာပါဝင်လာ မယ်လို့ သိရပါတယ်။ အဲဒီကိစ္စဟာ မြန်မာ နည်းပညာ လောကကို အတိုင်း အတာ တစ်ခုအထိ ဂယက်ထ စေပါတယ်။ အခု လောလော ဆယ်မှာတော့ လုပ်ငန်းခွင်ထဲက လူငယ်တွေကို ချဉ်းကပ်ပြီး သူတို့ရဲ့အမြင် သဘောထား တွေကို စုစည်း တင်ပြထား ပါတယ်။ အမှန်တကယ် Windows 8 ထွက်လာပြီ ဆိုရင် တော့ ကျွမ်းကျင်နည်းပညာ ရှင်တွေရဲ့ စကားသံတွေကို ထပ်မံစုစည်း တင်ပြပေး ပါဦးမယ်။
Microsoft ကနေ လာမည့် ၂၀၁၂ နှစ်ဆန်းပိုင်းမှာ ထွက်ရှိလာမယ့် Windows 8 OS နဲ့ အကြိုအဖြစ် Developer Preview ကို မကြာခင်ရက် ပိုင်းကပဲထုတ်ပေးခဲ့ပြီး တစ်ကမ္ဘာလုံးမှာ သာမကဘဲ ပြည်တွင်း က ပညာရှင်တွေအပြင် လူငယ်နည်းပညာလေ့လာသူများ အဆုံး လက်တွေ့စမ်းသပ်သူက စမ်းသပ်သုံးစွဲ၊ လက် တွေ့မစမ်းနိုင်သူတွေကလည်း စမ်းသပ်သုံးစွဲသူတွေ ဆီကနေ ရရှိတဲ့ အချက်အလက် လေးတွေ အွန်လိုင်း မှာတွေ့နေရတဲ့ အင်တာနက်စာမျက်နှာတွေ၊ ဗီဒီယို ဖိုင်တွေရဲ့ အကူအညီနဲ့ အတော်လေးစိတ်ဝင်စား ခဲ့ကြတယ်။
ဒါကတော့ လူငယ်တွေ နည်းပညာ အသစ်အဆန်းကို စမ်းသပ်သုံးစွဲရမှာမို့ စိတ်ဝင်စား ခြင်းထက် မြန်မာစာဖောင့်ယူနီကုတ်စနစ်ကို Microsoft ကနေ တိုက်ရိုက်ထောက်ပံ့ပေးတော့မယ်ဆိုတဲ့ စမ်း သပ်သူများရဲ့ အတွေးအမြင်တွေက ပိုပြီးစိတ်ဝင်စားမှု ကို ဖြစ်စေခဲ့တယ်။ လွန်ခဲ့တဲ့လပိုင်းလောက်ကပဲ Apple ကနေ သူ့ရဲ့ MacBook တွေအတွက် Lion OS ကို ထုတ်လုပ်ပေးခဲ့ပြီး Lion OS မှာ မြန်မာစာကို built-in support လုပ်ပေးခဲ့ပြီး နောက်မှာတော့ အခု Microsoftကလည်း built-in အနေနဲ့ မြန်မာစာယူနီကုတ်ဖောင့်ပါဝင်လာတယ်။ နောက်ပိုင်းမှာ Open-Source တွေဖြစ်တဲ့ Ubuntu, SUSE အစရှိတဲ့ OS တွေမှာလည်း ပါဝင်လာလိမ့်မယ်ထင်တယ်လို့ မှတ်ချက်တွေ လည်း အင်တာနက်စာမျက်နှာမှာ မျှော်လင့်နေကြတယ်။

မြန်မာယူနီကုတ်ဖောင့်ပါဝင် လာပြီဆိုတော့ မြန်မာစာအတွက် အခွင့်အလမ်းကောင်းတစ်ရပ်အဖြစ် သတ်မှတ်နိုင် သလို မြန်မာစာယူနီကုတ်စနစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း အထောက် အပံ့ဖြစ်စေ နိုင်တယ်။ ဒါကြောင့် ပညာရှင်တွေကြားမှာ လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့သလို လူငယ်တွေ ကြားမှာတက်နေတဲ့ ယူနီကုတ်၊ ဇော်ဂျီအစရှိတဲ့ ဖောင့်ပြဿနာတွေ ပြေလည်လာနိုင် တယ်။ ဒါပေမယ့် Windows 8 Developer Preview မှာတော့ Built-in မြန်မာယူနီကုတ် ဖောင့်အဖြစ် Font Creator John Hudson က တီထွင်ထားတဲ့ Myanmar Text ဆိုပြီး regular Font တစ်မျိုးပါ ဝင်တယ်။ နောက်ထပ် မြန်မာဖောင့်အပြင် ရှမ်းတိုင်းရင်းသားအပါအဝင် အခြားတိုင်းရင်းသားဖောင့်တချို့လည်း ပါဝင်တယ်။ ဒါပေမယ့် အခု OS Preview မှာ တော့ မြန်မာစာကို အထောက် အပံ့ပေးတဲ့ keyboard မပါဝင်ပါဘူး။ ဒါကတော့ နောက် Release Version မှာ ပါလာမလား၊ မပါဘူးလားဆိုတာတော့ မသိနိုင်သေးပါဘူး။
သေချာ တာကတော့ Windows 8 စနစ်မှာ ယူနီကုတ်စနစ်ကို အထောက်အပံ့ဖြစ်စေတာကတော့ အတိအကျပါပဲ။ နိုင်ငံတကာမှာ ကိုယ့်ဘာသာစကားကို ကွန်ပျူတာတိုင်းမှာ သုံးနိုင်နေတဲ့အချိန်မှာ မြန်မာဘာသာစကားဟာ ဘေးရောက်နေခဲ့တယ်။ ဒါပေမယ့် ယူနီ ကုတ်ဟာ နိုင်ငံတကာ standard ဖြစ်နေတာမို့ အချိန်တန်ရင် ယူနီကုတ်နဲ့သာ စခန်းသွားရမှာမို့ ဇော်ဂျီလိုမျိုး web စနစ် တွေအတိုင်း အတိအကျ လိုက်နာထားတဲ့ဖောင့်တွေကို စတင် သုံးစွဲသင့်ပြီထင်တယ်။ ဒါမှသာ အချိန်တန်လို့ အားလုံး Windows OS မှာပဲဖြစ်ဖြစ် Apple ရဲ့ Mac OS မှာပဲ ဖြစ်ဖြစ်၊ Google ရဲ့ Chrome OS အလယ် ဥစနည Source OS တွေဖြစ်ကြတဲ့ Ubuntu, Linux, SUSE အဆုံး အထောက်အပံ့ပေးလာမယ့်အချိန်မှာ ကိုယ့်ဘက် ကနေ အဆင်သင့်လက်တင်သုံးရုံဖြစ်နေပါလိမ့်မယ်။
ဒီလိုမှမဟုတ်ဘဲ ပြည်တွင်းမှာ ဖောင့်ပြဿနာတွေနဲ့ သာ အချိန်ကုန်နေကြမယ်၊ ဘယ်ဟာသုံးရမှန်းမသိ ဖြစ်နေကြမယ်ဆိုရင် နောက်ထပ်အချိန်တွေ အများကြီး ထပ်ပြီးကြာသွားနိုင်တယ်။ ယခုအသစ် ထွက်လာမယ့် Windows 8 ဟာ touch စနစ်ကို အကောင်းဆုံးအထောက်အပံ့ပေးထားပြီး tablet တွေနဲ့ မိုဘိုင်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ပါလိမ့်မယ်။ ဒါကြောင့် Microsoft ရဲ့ မြန်မာစာ အထောက်အပံ့ပေးမှုကို အခွင့်ကောင်းယူ ပြီး Microsoft ရဲ့ နောက်ထွက်လာမယ့် OS တွေမှာ မြန်မာစာစနစ် တိုက်ရိုက်ပါဝင်ထည့်သွင်း လာနိုင်အောင် စည်းရုံးစွာနဲ့ လှုပ်ရှားသွား သင့်တယ်။ လောလော ဆယ်အနေနဲ့ ပြည်တွင်း မှာရော ပြည်ပမှာပါ ပုံစံအမျိုးမျိုးနဲ့ ယူနီကုတ်အမည်ခံကာ ထုတ်လုပ်ထားကြပြီး အား လုံးကို အခမဲ့ပေးသုံးကြပေမယ့် ပြည်တွင်းမှာ အဓိကပြဿနာတက်နေတာက Enduser များ အကြားမှာ ယူနီကုတ်နဲ့ အဆက်အဟပ်မတည့်ဘဲ ဖြစ်နေခြင်းပါပဲ။
ပြည်တွင်းမှာ သာမက ပြည်ပမှာပါ ဇော်ဂျီဖြစ်နေခြင်းဖြစ်ကာ အသုံးပြုသူများနှင့် userfriendly ဖြစ်နေ ခြင်းကြောင့် ယူနီကုတ်စနစ်တွေနဲ့ထုတ်ထားတဲ့ ဖောင့်တွေ၊ ကီးဘုတ်တွေဟာ အခက် အခဲတစ်ခုဖြစ်စေ တယ်။ သို့အတွက် Enduser တွေပါ ယူနီကုတ်ဖောင့်လုပ်နေကြတဲ့အဖွဲ့ များမှာ တာဝန်ရှိပါတယ်။ စနစ်က ဘယ်လောက်ကောင်းကောင်း သုံးစွဲသူက မကြိုက် ဘူးဆိုရင် အဲဒီစနစ်ဟာ အောင်မြင်မှာ မဟုတ်ပါဘူး။ အခုချိန်မှာ Windows 8 မှာ ပါလာမယ့် မြန်မာစာယူနီကုတ်စနစ်ဟာ ၁၀ဝ ရာခိုင်နှုန်း နီးပါးရှိနေပြီဖြစ်လို့ မကြာတော့တဲ့ကာလမှာ မြန်မာယူနီကုတ် စနစ်နဲ့အတူ Microsoft ရဲ့ Operating System တွေမှာ မြန်မာစာနဲ့ OS စနစ်ကို မြင်တွေ့နိုင်တော့မှာဖြစ်ပါတယ်။ သို့ အတွက် အသစ်ထွက်လာတော့မယ့် Windows 8 ကို ကြိုတင်ခံစား ရင်ခုန်ရင်း မဝေးတော့ တဲ့အနာဂတ်မှာ မြန်မာစာ၊ မြန်မာစကားများ ကွန်ပျူတာစနစ်များဆီမှာ လွှမ်းခြုံနိုင်ပါစေ ကြောင်း ဆိုတောင်းလိုက်မိပါတယ်။
Source : Netguide

Related Posts Plugin for WordPress, Blogger...