စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)
Showing posts with label Linux. Show all posts
Showing posts with label Linux. Show all posts

Wednesday, December 14, 2011

Ubuntu OS အား Unetbootin ကိုသုံးပြီး Bootable USB ဖန်တီးခြင်း…

လိုအပ်ချက်များ
  • UNetBootin for Windows (ဒီမှာ ဒေါင်း လိုက်ပါ)
  • နောက်ဆုံးထုတ် Ubuntu OS အတွက် ISO
  • အနည်းဆုံး 2MB ရှိသော USB Flash Drive
UnetBootin ပေါ်မှာ Double Click ပေးလိုက်ပါက အောက်ပါပုံ(၁)အတိုင်းပေါ်လာမည်။
 
Diskimage radio box ကိုရွေးလိုက်ပါ၊ Browse မှ မိမိ ISO သိမ်းဆည်းထားရာ နေရာကိုသွားလိုက်ပါ၊ ISO file ကိုရွေးပြီး Open ကိုနှိပ်လိုက်ပါ။ ပုံ(၂) ကိုကြည့်ပါ၊

Sunday, November 27, 2011

Ubuntu 11.10 တွင်Zawyioneနှင့် Myanmar3 ကိုဘယ်လိုinstall လုပ်ရမလဲ

  1. ဒီဖိုင်လေးကို Download လုပ်ပါ။
  2. Terminal ဖွင့်ပြီးအောက်ပါတိုင်းလုပ်ပါ။
  3. cd Downloads (Enter) download ထားသော zg-mm3-kb.deb ကိုတွေ့ရမည်
  4. ထို့နောက် ပေးထားသည့်အတိုင်း Force Install လုပ်ပါ
sudo dpkg -i --force-overwrite zg-mm3-kb.deb ပြီးလျှင် Logout လုပ်ပြီးပြန်ဝင်ပါ။
keyboard layout ထဲသို့သွားကြည့်လိုက်ပါက zawgyi myanmar3 တွေ့ရမည်ဖြစ်သည်။

Source: နည်းပညာအိမ်မက်

Wednesday, November 23, 2011

နောက်ဆုံး အသစ်ထွက်လာသော Ubuntu 11.10 အကြောင်း တစေ့တစောင်း

http://soeeom.blogspot.com မှပြန်လည်မျှဝေမှတ်တမ်းပြုထားပါတယ်..
တစ်ကမ္ဘာလုံးစောင့်မျှော်နေကြတဲ့ ubuntu 11.10 Oneiric Ocelot ကတော့ လွန်ခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေက ထွက်လာပါပြီ။
11.10 ကတော့ အရင်ရှိပြီးသား အဟောင်းများနဲ့ အသစ်အသစ် ထပ်ထုတ်ထားတဲ့ Open-source နည်းပညာတွေ ပေါင်းစပ်ပြီး အရည်အသွေးမြင့်မြင့် နဲ့ အသုံးပြုရ အလွန်လွယ်ကူအောင် လုပ်ဆောင်ထားပါတယ်လို့လည်း အဲဒီထုတ်ကုန် အဖွဲ့က သူတို့ website ရဲ့ Unbutu 11.10 ကြော်ငြာမှာ ထည့်သွင်းရေးသားထားပါတယ်။
Unbutu 11.10 က ဘာသာစကား ၃၈ မျိုးနဲ့ အသုံးပြုလို့ရမှာ ဖြစ်ပြီး Canonical က ထုတ်လုပ်တဲ့ အခမဲ့ Llinux Operation System ဖြစ်ပါတယ်။ အခုဆိုရင် သူ့ရဲ့ website မှာ Download လုပ်နိုင်ပါတယ်။ သူ့ အရင် version ဖြစ်တဲ့ Ubuntu 11.04 အသုံးပြုသူတွေကတော့ Ubuntu ထဲမှာပါရှိတဲ့ Update Manager ကနေတစ်ဆင့် Upgrade လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဘယ်လို Upgrade လုပ်ဆောင်ရမလည်း ဆိုတာကိုလည်း website မှာ အဆင့်အဆင့် အလုပ်လုပ်ပုံတွေကို ရှင်းပြထားပါတယ်။
Ubuntu 11.10 က ဘယ်လိုတွေ အလုပ်လုပ်လည်းဆိုတာ ကနဦးအနေနဲ့ လေ့လာချင်သေးတယ်ဆိုရင်တော့ Online tour မှာ စမ်းသပ်အသုံးပြုကြည့်နိုင်မှာဖြစ်ပြီး slide-show အနေနဲ့လည်း အွန်လိုင်းမှ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Ubuntu 11.10 အတွက် ပုံမှန် update ကိုတော့ ဧပရယ် ၂၀၁၃ အထိ နောက် ၁၈ လ အထိပေးထားမှာဖြစ်ပြီး Long Term Support(LTS) ကာလရှည် အတွက်ကတော့ နောက်နှစ် ဧပရယ်လမှာ အသစ်ထွက်မယ့် Ubuntu 12.04 Precise Pangolin မှာ ရမှာဖြစ်ပါတယ်။
A Smoother Unity
အရင် version 11.04 မှာပါတဲ့ မိုဘိုင်းစတိုင် Unity Interface ကို ပဲ အနည်းအကျဉ်းပြုပြင်ပြီး ပုံသေအနေနဲ့ ထားပေးထားပါတယ်။ ဒါပေမယ့်လည်း Gnome က အသစ်ထုတ်ထားတဲ့ Gnome3 (Gnome-shell) ကိုလည်း သွင်းပြီး အသုံးပြုနိင်မှာ ဖြစ်ပါတယ်။
အသုံးပြုသူများရဲ့ စမ်းသပ်လေ့လာချက်များအရတော့ Ubuntu 11.10 မှာ Unity Interface ကိုပဲ ပိုမိုကောင်းမွန်နဲ့ အသုံးပြုရလွယ်ကူအောင် လုပ်ထားတာပဲ ဦးတည်နေပါတယ်လို့ဆိုကြပါတယ်။
Open for Business
ကိုယ်အသုံးပြုချင်တဲ့ အသုံးတည့်မယ့် ဆော့ဝဲလ် တွေကို ရှာဖွေ တင်သွင်းဖို့ကတော့ Ubuntu Software Center က အခုဆိုရင် ပိုမိုလွယ်ကူအောင် ရှာဖွေရ မြန်ဆန်အောင် လုပ်ပေးထားပါတယ်။ အုပ်စုအလိုက် ရှာဖွေ၍ ရသလို ဆော့ဝဲလ် နာမည်နဲ့လည်း ရှာဖွေရတာ လွယ်ကူစေပါတယ်။ ဆော့ဝဲ တော်တော်များများကိုလည်း မျက်စိပဌာသ ဖြစ်အောင် အသုံးပြုချင်စိတ်ပေါက်အောင် အလှဆင်ပေးထားပါသေးတယ် လို့ Project team က ညွှန်းထားပါသေးတယ် ခင်ဗျ။

Monday, November 14, 2011

Ubuntu 11.10 Install လုပ်ရအောင်

Source:မောက္ခပညာရေးမဂ္ဂဇင်း
မိတ်ဆွေတွေ၊သူငယ်ချင်းတွေလိုအပ်လာရင်အလွယ်တကူပြန်ညွှန်းလို့ ရအောင် လင့်ပြန်ဆွဲထားလိုက်ပါတယ်..
Ubuntu11.10 (Oneiric Ocelot) လွန်ခဲ့တဲ့ တစ်ပတ်တုန်းကထွက်လာပါပြီ။ အခုမှ linux ကို စပြီး အသုံးပြုမယ့်သူ တွေအတွက် ဒီစာက ရည်ရွယ်ပါတယ်။  Ubuntu 11.10 ကို အဆင့်ဆင့်ဘယ်လို Install လုပ်မလည်း ဆိုတာကို ပြထားပါတယ်။
ပြီးတော့ အခုအဆင့်ဆင့်လုပ်ဆောင်မှာတွေကတော့ Linux နဲ့ Windows 7 (XP/Vista ဒါမှမဟုတ် တစ်ခြား တစ်ခုခု Install လုပ်ပြီးသား) နဲ့အတူ Dual Boot ဘယ်လိုလုပ်မလည်းဆိုတာကို ရှင်းပြမှာ ဖြစ်ပါတယ်။
အရင်တုန်းက Ubuntu တင်ပြီး ပြဿနာပေါင်းစုံတက်ကာ အဆင်မပြေသူများအတွက်လည်း ရည်ရွယ်ပါတယ်။ ဒါမှမဟုတ်လည်း ရှိပြီးသား Windows ကို အကုန်ဖျက်ပစ်ပြီး Ubuntu တစ်ခုတည်း တင်ချင်သူများအတွက်လည်း ဒီအဆင့်ဆင့်လုပ်ဆောင်ပုံတွေက အတူတူပဲ ဖြစ်ပါတယ်။ တစ်ချို့မတူတဲ့အချက်တွေကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။
Ubuntu 11.10 beta version ထွက်ကတည်းက အံ့သြစရာကောင်းတဲ့ ပြောင်းလည်းမှုတွေ ရှိပါတယ်။ ဥပမာ Unity Desktop လိုမျိုးဟာပါ။ပြီးတော့ အကြီးမားဆုံးပြောင်းလဲမှုကတော့ Gnome 3 ကိုအသုံးပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ Ubuntu မှာ Gnome shell ကိုအလွယ်တစ်ကူ ထည့်လို့ရလာမှာ ဖြစ်ပါတယ်။ (တစ်ချို့သော bugs တွေတော့ ရှိနေတုန်းဖြစ်နေမှာပါ။)
Ubuntu 11.10 အဆင့်ဆင့် Install လုပ်ပုံ
Ubuntu 11.10 ကို Install လုပ်နည်းတွေအများကြီးရှိပါတယ်။ အလွယ်ကူဆုံးကတော့ Windows ကနေ wubi installer နဲ့လုပ်တာပါ။ ဒါပေမယ့် အကုန်လုံးကို ကိုယ့်စိတ်ကြိုက် ဆောင်ရွက်လို့မရပါဘူး။ ဒါကြောင့်မို့ နည်းနည်း အလုပ်ရှုပ်ခံပြီး လုပ်ကြည့်ကြရအောင်။ သိပ်မခက်ပါဘူး၊ အောက်ပါ ဖော်ပြမယ့် အချက်တွေတိုင်း အဆင့်ဆင့် လုပ်သွားကြည့်ပါ။ အခက်အခဲရှိရင် ကွန့်မန့် ရေးခဲ့နိုင်ပါတယ်။
Install မလုပ်ခင် အရေးကြီးတဲ့ Data တွေကို အရင် backup လုပ်ထားပါလို့ အကြံပြုပရစေ။ Partition ခွဲတင်တယ်ဆိုပေမယ့်လည်း မတော်တစ မှားသွားခဲ့သည်ရှိတော့ Data တွေ မပျောက်တော့ဘူးပေါ့။

အဆင့် ၁၊ ISO ဖိုင်ဒေါင်းလုပ်လုပ်ပါ။

ပထမဆုံး Ubuntu 11.10 ISO ဖိုင်ကို ကိုယ်နဲ့ကိုက်မယ့် architecture (Intelx86 သို့မဟုတ် AMD64) ဖိုင်ကို ဒေါင်းလုပ်လုပ်ပါ။ ပြီးပြီဆိုရင် နောက်တစ်ဆင့်သွားရအောင်။
အဆင့် ၂၊ Bootable media တစ်ခုလုပ်ရအောင် (USB/CD)

လွယ်လွယ်လေးပါ။ အဆင့် ၁ မှာဒေါင်းလုပ်လုပ်ထားတဲ့ ISO ဖိုင်ကို CD burn လိုက်ယုံပါပဲ။ Windows မှာဆိုရင်တော့ Nero Burn ဒါမှမဟုတ် Windows 7 မှာဆိုရင် ဒါတိုက် ISO ဖိုင်ကို CD လုပ်လို့ရပါတယ်။ CD အလွတ်တစ်ခုကို ထည့်၊ ပြီးတော့ ISO ဖိုင်ကို  Right Click လုပ် ပြီး Burn this ISO ကို ရွေးပေးလိုက်ယုံပါပဲ။
ဒါမှမဟုတ် USB ကနေ boot တက်အောင်လုပ်ချင်တယ်ဆိုရင်တော့
Windows မှာဆိုရင် Universal USB install ဆိုတာရှိပါတယ်။ ဒီမှာ ဒေါင်းလုပ် လုပ်ပါ။
ဖွင့်လိုက်ပါ။ ပြီးတော့ ISO ဖိုင်ကို သွားကောက်လိုက်ပါ။ ဘယ် USB Drive မှာ လုပ်မှာလည်း ရွေးပေးလိုက်ပါ။ မိနစ် အနည်းငယ်အတွင်း  ပြီးသွားပါလိမ့်မယ်။ Ubuntu မှာပဲ လုပ်ချင်တယ်ဆိုရင်ဖြင့် Start Up Disk creator ဆိုတဲ့ ဆော့ဝဲ ရှိပါတယ်။ ISO ဖိုင်ကို ရွေးပေးပါ။ ဘယ် USB Drive မှာ လုပ်မလည်း ရွေးပေးပါ။ မိနစ် အနည်းငယ် အတွင်ပြီးသွားပါလိမ့်မယ်။
အစရှိသဖြင့် အဆင့် ၂ ပြီးဆုံး အောင်မြင်သွားရင် bootable media တစ်ခုရပါပြီ။ USB Installer က တစ်ခြား ကိစ္စတွေမှာလည်း သုံးလို့ ရပါတယ်။ ဥပမာ ဘာ password မှ ရိုက်စရာ မလိုပဲ  USB ကနေ boot တက်ပြီးတော့  Windows က Virus ကို သတ်ချင်တာမျိုး၊ ဒါမှ မဟုတ် OS တစ်ခုခု ပျက်သွားလို့ Data တွေ Backup ပြန်လုပ်တာမျိုးတွေမှာ သုံးလို့ရပါတယ်။ အိုကေ၊ ကျွန်တော်တို့ Boot media ကနေ boot တက်ပြီး Hard drive ထဲကို Ubutnu Install လုပ်ရအောင်။
အဆင့် ၃၊  USB ဒါမှမဟုတ် CD ထည့်လိုက်ပြီးတော့ restart လုပ်ရအောင်။
အခု အသုံးပြုမယ့် Bootable media (USB/CD) တစ်ခုကို ထည့်ပြီးတော့ restart လုပ်ချလိုက်ပါ။ ပြီးတော့ အဲဒီ Media ကနေ boot တက်လိုက်ပါ။ ကွန်ပြူတာက Boot အော်တိုတက်လာမည် ဖြစ်ပြီး Ubuntu က စက်ရဲ့ မီမိုရီပေါ်မှာ တက်နေမှာဖြစ်ပါတယ်။ တစ်ခြားနည်းတစ်ခုကတော့ try Ubuntu without installing ကနေ ရွေးပြီး တက်တယ် ဆိုရင်တော့ Ubuntu ကို Hard drive မှာ Installing မလုပ်ပဲ စမ်းသပ် အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။
step 1
အဲလိုလုပ်ထားတယ်ဆိုရင် သင် စိတ်ကြိုက်စမ်းသပ် အသုံးပြုကြည့်ပြီး Hard drive ထဲ Installing လုပ်တော့မယ်ဆိုရင် Desktop ပေါ်က Install Ubuntu 11.10 icon ကို နိပ်လိုက်ပါ။

Thursday, November 3, 2011

Ubuntu 11.10 in MacBook Pro

ဒီလင့်တွေကို ၀င်ပြီးဖတ်ပေးပါ...

ဒီ Movie ဖိုင်ကတော့နမူနာကြည့်ဖို့ပါ..

Wednesday, November 2, 2011

Ubuntu Studio 11.10 released.

Alternate install DVD

The alternate install DVD allows you to perform certain specialist installations of Ubuntu-Studio. It provides for the following situations:
  • setting up automated deployments;
  • upgrading from older installations without network access;
  • LVM and/or RAID partitioning;
  • installs on systems with less than about 384MiB of RAM (although note that low-memory systems may not be able to run a full desktop environment reasonably).
In the event that you encounter a bug using the alternate installer, please file a bug on the debian-installer package.
There are two images available, each for a different type of computer:


   
 PC (Intel x86) alternate install DVD
64-bit PC (AMD64) alternate install DVD
Related Posts Plugin for WordPress, Blogger...