စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)
Friday, October 21, 2011
Ubuntu 11.10 Desktop အလှဆင်ကြရအောင်
ReF: ရခိုင်သား
Window ပေါ်မှာ Desktop ဘေးဖက်မှာ ထားတဲ့ Gadgets လေးတွေကို
Ubuntu Linux မှာတော့ Screenlets လို့ ခေါ်ပါတယ်။
ဒါဆိုကျွန်တော်တို့ install လုပ်ကြည့်ရအောင်။
ထုံးစံအတိုင်း Application >>Ubuntu Software Center မှာ Screenlets ဆိုတာကိုရိုက်ထည့်ပြီး
install လုပ်လိုက်ပါ။
Terminal မှာဆိုရင်တော့
sudo apt-get install screenlets
လို့ ရိုက်လိုက်ပါ ဒါဆိုရင် Password တောင်းပါလိမ့်မယ်။ ရိုက်ထည့်လိုက်ပြီး install လုပ်လိုက်ပါ။
install လုပ်ပြီးသွားပြီဆိုရင်တော့ Application >>Accessories >>Screenlets
ကိုသွားပြီးတော့ဖွင့်လိုက်ပါ။
အဲဒီမှာကိုယ်ထားချင်တဲ့ screenlets လေးတွေကိုရွေးပြီးကလစ်ခေါက်လိုက်ရုံပါဘဲ။
OS အစမှာတစ်ခါတည်းပေါ်စေချင်တယ်ဆိုရင်တော့ Screenlets တစ်ခုကို ကလစ်လုပ်ပြီး
တင်လိုက်တာနှင့်တပြိုင်နက် Auto Start on login ကို အမှန်ခြစ် ကလေးပေးခဲ့ဖို့ လိုပါမယ်။
Ubuntu Linux 10.10 တွင် Compiz Effect များနှင့်ပတ်သက်ပြီးတကယ်လို့ များ
Compiz Configuration Setting တွင် အနီမာဂင်ပေးထားတာတွေမပြည့်စုံခဲ့ဘူးဆိုရင်တော့
Terminal ထဲမှာ
sudo apt-get install simple-ccsm compiz-fusion-plugins-extra compiz-fusion-plugins-main compiz-plugins emerald
ကို Terminal ထဲမှာရိုက်ထည့်ပြီး install လုပ်ပေးလိုက်ပါ။
( အထက်ပါ လုပ်ဆောင်ချက်များ လုပ်ဆာင်ရန်အတွက် Internet connection ရှိနေဖို့ လိုအပ်ပါသည်။ )
Related Posts Plugin for WordPress, Blogger...