စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Thursday, October 13, 2011

Windows 7 ထဲကဖွက်ထားတဲ့ Themes တွေ

RFF: MinITSG - မင်း ပညာဒါန

Windows 7 အသုံးပြုသူတွေအနေနဲ့ အရမ်းကို လှပတဲ့ Walpaper တွေနဲ့အတူ Color Designer တွေအများကြီးကနေ သေချာပြုလုပ်ပေးထားတဲ့ Microsoft ရဲ့ Themes တွေကို ခံစားဖူးကြမှာပါ။
ဒါပေမယ့် Microsoft ကအရမ်းလှတဲ့ Themes အချို့ကိုဖွက်ထားတယ်။ အခုအသုံးပြုနေကြတဲ့ Windows 7 ထဲမှာ အဲဒီ Themes တွေကပါပြီးသားပါ။ ဒီ Themes တွေကို Microsoft ကသက်ဆိုင်ရာ နိုင်ငံတွေအလိုက် အသုံးပြုတဲ့အခါ ကျမှသာပေါ်လာ အောင်စီစဉ်ပေးထားတာဖြစ်ပါတယ်။
ဒါ့ကြောင့်အဲဒီMicrosoft ဖွက်ထားတဲ့ Themes တွေနဲ့ Wallpaper တွေကို ဖော်ထုတ်ပြီး Install လုပ်ကြည့်ကြရအောင်။
Windows 7 ရဲ့ Start Menu ထဲက Search မှာ C:\Windows\Globalization\MCT လို့ရိုက်ထည့်ပါ။ ကိုယ်တိုင်အဲဒီ Locaion အတိုင်း သွားမယ်ဆိုလည်း ရပါတယ်။
ဒီ Location ကိုရောက်ပြီရောက်ပြီ ဆိုရင်တော့ အခုလို ဖွက်ထားတဲ့ Themes တွေရှိတဲ့ Folder တွေကိုတွေကို တွေ့ရပါလိမ့်မယ်။
ဒီ Folder တွေထဲမှာ Wallpaper တွေနဲ့အတူ Themes တွေရှိတဲ့ Themes File ကိုပါတွေ့ရပါလိမ့်မယ်။ ဒီ Themes Folder ထဲက Themes တွေကို Install လုပ်လိုက်ရင် ဖွက်ထားတဲ့ ဒီ Themes တွေ Personalize ထဲကိုအလိုလို ရောက်သွားကြပါလိမ့်မယ်။
Related Posts Plugin for WordPress, Blogger...