စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Monday, October 3, 2011

VPN Server ကိုအသုံးပြုခြင်း

RFF: အာကာဖြိုး
VPN Server ဆိုတာဘာလဲတဲ့... VPN Server ဆိုတာဘာဖြစ်မယ်လို့ ထင်သလဲ VPN ရဲ့ အရှည်ကောက်ကတော့ Virtual Private Network လို့ခေါ်တယ်။ Virtual Private Network ဆိုတော့ Myanmarr လိုဘာသာပြန်မယ် ဆိုရင် ကိုယ်ပိုင် Network အတုရောင်လို့ခေါ်မှာပေါ့.......ကဲ VPN Server ကိုဘယ်လိုအသုံးပြုကြမလဲ ......VPN Server ရဲ့အသုံးပြုပုံကို ကျွန်တော် မပြောပြခင်မှာ VPN Server ကိုဘယ်လိုနေရာမျိုးမှာအသုံးပြုသင့်သလဲဆိုတာကို အရင်ရှင်းပြပါ့မယ်။ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ Network ချိတ်ဆက်ထားတဲ့ Computer တွေရဲ့ အရေအတွက်ဟာ အလွန်တရာမှ မရေတွက်နိုင်လောက်အောင် ကို များပြားလွန်လှပါတယ်။ အဲဒီလို Computer တွေများကြီး Network ချိတ်ထားရတဲ့ အဓိကအကြောင်းအရာကတော့ Data တွေ Information တွေ နည်းပညာတွေဖလှယ်ဖို့ရန် အတွက် Network ချိတ်ထားကြတာ မဟုတ်လား ....ကဲကျွန်တော်တို့တတွေ Computer တွေကို အဆောက်ဦးတစ်ခုအတွင်းထဲမှာပဲ Network ချိတ်ထားပြီး Computer တွေတစ်လုံးနဲ့တစ်လုံး Data တွေဖလှယ်မယ်ဆိုရင် လွယ်လင့်တကူ ဖလှယ်လို့ရတယ်လေ ဒါပေမယ့်နေရာဒေသတွေတစ်နေရာနဲ့တစ်နေရာ အလွန်ဝေးကွာလှတဲ့ Computer တွေတစ်လုံးနဲ့တစ်လုံး  Network ချိတ်ဆက်ပြီး Data တွေဖလှယ်ဖို့ဆိုရင်တော့ မလွယ်ကူတော့ဘူးပေါ့။ ဥပမာ အနေနဲ့ပြောရရင် မြန်မာပြည်မှာရှိတဲ့  Computer တစ်လုံးနဲ့ စင်္ကာပှုမှာ ရှိတဲ့ Compuer တစ်လုံး သူတို့အချင်းချင်း Network ချိတ်ဆက်ပြီး Data တွေကို ဖလှယ်ချင်တယ်။
ဒါဆိုရင် ပုံမှန်ကျွန်တော်တို့ တတွေ အဆောက်ဦးတစ်ခု အတွင်းမှာ Computer တွေတစ်လုံးနဲ့တစ်လုံး Data တွေဖလှယ်ဖို့အတွက် Network ချိတ်ဆက်တာနဲ့တော့ ဘယ်တူမလဲဗျာ။ အဲဒီလို အရမ်းဝေးကွာလှတဲ့ နေရာတွေမှာ Network ချိတ်မယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ချိတ်ဆက်ရမလဲဆိုတာ စဉ်းစားစရာတစ်ခုဖြစ်နေပြီပေါ့နော်။
သိပ်လည်းစိတ်မပှုပါနဲ့ဗျာ Internet ရှိတယ်လေ။ အဲဒီ Internet Connection ကြိီးကို အသုံးချပြီး VPN ဆိုတဲ့ Virtual Private Network Connection (VPN) ကြီးကို အသုံးပြုမယ်ဆိုရင် အရမ်းဝေးကွာလှတဲ့ Computer တွေဟာတစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်ပြီး Data တွေဖလှယ်လို့ရသွားပါလိမ့်မယ်။ ကဲ ကျွန်တော်ရှင်းပြလိုက်တာကို သဘောပေါက်သွားပြီ မှတ်လား။
ကဲ အခုကျွန်တော်က VPN Server ကို Installation လုပ်ပုံကို ပုံနှင့်တကွ တစ်ဆင့်ချင်းပြောပြသွားမှာပါ။ အဲ... ဒီနေရာမှာ အထူးပြောချင်တာက VPN Server ကို Install လုပ်တော့မယ်ဆိုရင် VPN Server Install လုပ်မယ့်စက်မှာ Network Card နှစ်ကဒ်ရှိမှရမှာနော်။ Network Card နှစ်ခုမရှိဘဲနဲ့ VPN Server ကို Install လုပ်လို့မရပါဘူး။ VPN Server ကို Installation လုပ်တော့မယ်ဆိုရင်တော့ ပထမဦးစွာ Start>All Programs>Administrative Tool>Routing and Remote Access ကို ရောက်အောင်သွားရမှာဖြစ်တယ်။ Routing and Remote Access ကို ရောက်ပြီဆိုရင်တော့ ၎င်းကို နှိပ်လိုက်ပါ။

ပုံ(၁)
 


Routing and Remote Access ကို နှိပ်လိုက်တာနဲ့ တစ်ပြိုင်တည်း Routing and Remote Access Wizard Box ကျလာပါလိမ့်မယ်။

ပုံ(၂)
အထက်က Routing and Remote Access Wizard ထဲမှာ Server ကို တွေ့ရပါလိမ့်မယ်။ အခုဒီမှာတော့ Server Name ကို Server လို့ပဲ ပေးထားတဲ့အတွက် Server လို့ပေါ်နေတာပါ။ ၎င်း Server Name သည် မိမိအမည်ပေးထားတဲ့ Server Name ပေါ်မူတည်ပြီးပြောင်းလဲသွားမှာပါ။ ဥပမာ မိမိက Server Name ကို YOUTH လို့ပေးထားခဲ့ရင် ၎င်း Server ဆိုတဲ့နေရာမှာ YOUTH ဆိုပြီး ပေါ်နေမှာပါ။ ကဲ.....ထားပါတော့ ရှေ့ဆက်သွားရအောင်။ ၎င်း Server ပေါ်မှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ Menu ထဲက Configure and Enable Routing and Remote Access ဆိုတာကို နှိပ်လိုက်ပါ။

ပုံ(၃)


Routing and Remote Access Server Setup Wizard ဖွင့်လာပါပြီ။ ထုံးစံအတိုင်းပဲ ၎င်း Box ထဲက Next ကို နှိပ်ပြီး ရှေ့ဆက်သွားမှာပါ။
ပုံ(၄)
ကဲ.... Configure လုပ်ဖို့ Configuration Wizard ကျလာပါပြီ။
ပုံ(၅)
၎င်း Configure Wizard ထဲမှာ မိမိ Install လုပ်ချင်တဲ့ Server အမျိုးအစားကို ရွေးချယ်ပေးရမှာပါ။ အခုကျွန်တော်တို့က VPN Server ကို Install လုပ်ချင်တာဖြစ်တဲ့အတွက် Virtual Private Network (VPN) Access and NAT ဆိုတာကို ရွေးပြီးတော့ Next ကို ဆက်နှိပ်လိုက်ပါ။
ပုံ(၆)
ဒီတစ်ခါ VPN Connection Wizard ပေါ်လာပါပြီ။
ပုံ(၇)
၎င်း VPN Connection Box ထဲမှာရှိတဲ့ Network Interface မှာ Network Card အမျိုးအစားတွေ ပေါ်နေပါတယ်။ ဥပမာ-NIC Card နှစ်ကဒ်ရှိရင် ၎င်း List ထဲမှာ Network Card နှစ်ကဒ်ပေါ်နေလိမ့်မယ်။ ၎င်းတို့အထဲမှ WAN (Internet နဲ့ချိတ်ဆက်ထားတဲ့) Card ကို Select မှတ်ပြီး Next ကို နှိပ်လိုက်ပါ။
IP Address Assignment Box ကျလာတဲ့အခါ Remote Client တွေအတွက် IP Address တွေကို Automatically ထားမှာလား၊ (ဒါမှမဟုတ်) မိမိဘာသာသတ်မှတ်ပေးရမှာလား ဆိုတာကို ရွေးပေးရမှာ ဖြစ်ပါတယ်။ Automatically ထားမှာဆိုရင်တော့ Automatically ကိုရွေးပြီး Next ကို နှိပ်ပြီး သွားရုံပါပဲ။ မိမိဘာသာ Rang သတ်မှတ်မယ်ဆိုရင်တော့ For a specific range of address ကိုရွေးပြီး Next ကို နှိပ်ပါ။
ပုံ(၈)
ဒါဆိုရင်တော့ Address Range Assignment Box ကျလာပါလိမ့်မယ်။
ပုံ(၉)
၎င်း Address Range Assignment Box ထဲမှာ Client တွေအတွက် IP Address သတ်မှတ်ဖို့ New ကို နှိပ်လိုက်ပါ။ New Address Range Box ကျလာပါလိမ့်မယ်။
ပုံ(၁၀)
ကဲ...အခု Remote Client တွေအတွက် IP Address တွေ သတ်မှတ်ကြရအောင်။ ပထမ Start IP Address ကို 192.168.10.1 (ဥပမာအနေနဲ့) ပေးလိုက်ပြီးတော့ End IP Address ကို 192.168.10.60 အထိ ပေးလိုက်မယ်။ ဒါဆိုရင် Remote Client အလုံး ၆၀ အတွက် IP Address သတ်မှတ်ပေးလိုက်ပြီ။ ၎င်းနောက် OK နှိပ်ပြီး ထွက်လိုက်ပါ။
ပုံ(၁၁)
IP Address သတ်မှတ်ပြီးတဲ့အခါမှာ IP Address Range ထဲမှာ မိမိသတ်မှတ်ပေးထားတဲ့ IP Address Range ပေါ်မူတည်နေပြီ။ ၎င်းနောက် Next ကို နှိပ်ပြီး ရှေ့ဆက်သွားလိုက်ပါ။
ပုံ(၁၂)
ဒီတစ်ခါတော့ Managing Mulitple Remote Access Servers Box ပေါ်လာပြီး ဒီ VPN Server နဲ့အတူ RADIUS Server ကိုရော Install လုပ်ချင်လား၊ မလုပ်ချင်ဘူးလားဆိုတာကို မေးပါလိမ့်မယ်။
ပုံ(၁၃)
RADIUS Server ကိုရော Install လုပ်မှာဆိုရင် Yes ကိုရွေးပြီး၊ RADIUS Server ကို Install မလုပ်ဘူး။ VPN Server ကိုပဲသီးသန့် Install လုပ်မယ်ဆိုရင် No ကိုရွေးပါ။ အခုကျွန်တော်ကတော့ RADIUS Server ကို အသုံးမပြုချင်တဲ့အတွက် No ကိုရွေးပြီး Next နဲ့ ဆက်သွားပါ့မယ်။
ကဲ........ကဲ......နောက်ဆုံး Finish Box ကျလာပါပြီ။ ဒီတော့ VPN Server Installation ပြီးသွားပါပြီ။ Finish ကို နှိပ်ပြီး အဆုံးသတ်လိုက်ပါ။
ပုံ(၁၄)

VPN Server ကိုတော့ Installation လုပ်ပြီးသွားပါပြီ။ Routing and Remote Access Server ကို ဖွင့်ကြည့်လိုက်ပါ။
ပုံ(၁၅)

ကဲ.......VPN Server မှာ Remote User တွေအတွက် User Name နဲ့ Password ထည့်ပေးရပါဦးမယ်။ ဒါမှ Remote Client တွေဘက်က ၎င်း User Name နဲ့ Password ကို အသုံးပြုပြီး VPN Server ကို ဆက်သွယ်လို့ရမှာပါ။ ဒါကြောင့် User တွေကို ထည့်ပေးကြရအောင်။ My Computer ကို Right Click>Manage ကို နှိပ်ပါ။
ပုံ(5.1)
၎င်းနောက် Computer Management Box ကျလာပါပြီ။ ၎င်း Box ထဲက Local User and Group ကို သွားပါ။ Local User and Group ကို Extend လုပ်လိုက်ပါ။ ၎င်းနောက် User ကို Right Click နှိပ်ပြီး New User ကို နှိပ်လိုက်ပါ။
ပုံ(5.2)

New User Box ကျလာပြီဆိုတော့ User Name နေရာမှာ User 01 လို့ပေးလိုက်ပါ။ ၎င်းနောက် Password ပေးပါ။ ၎င်းနောက် Create ကို နှိပ်လိုက်ပါ။
ပုံ(5.3)
ကဲ..ဒါဆိုရင်တော့ User တွေကို Create လုပ်တတ်ပါပြီနော်။
VPN Server နဲ့ချိတ်ဆက်မယ့် Computer တွေ၊ (Client)တွေမှာ VPN Server ကို Access လုပ်နိုင်ဖို့ VPN Connection Wizard Run ပေးထားရအုံးမှာပါ။ အောက်မှာဆက်ကြည့်လိုက်ပါနော်။ Client Computer တွေမှာ My Network Place>Right Click>Properties ကို နှိပ်လိုက်ပါ။
ပုံ(၁၆)
Network Connection Box ရဲ့ ဘယ်ဘက် Panel ထဲမှာရှိတဲ့ Create a new connection ကို နှိပ်လိုက်ပါ။
ပုံ(၁၇)
၎င်းနောက် ထုံးစံအတိုင်းပဲ Microsoft ရဲ့ Welcome to New Connection Wizard ကျလာပါပြီ။ ၎င်း New Connection Wizard ထဲက Next ကို နှိပ်ပြီး ဆက်သွားပါ။
ပုံ(၁၈)
Network Connection Type ရွေးရမယ့် Box ကျလာပါပြီ။ ၎င်းတို့ထဲမှ Connect to the network at my workplace ကိုရွေးပြီး Next ကိုနှိပ်လိုက်ပါ။
ပုံ(၁၉)
ကဲ....နောက်ထပ် Dial-up Connection ကို သုံးမှာလား၊ Virtual Private Network Connection ကိုသုံးမှာလားဆိုတာကို ထပ်ရွေးရမှာပါ။ VPN Server နဲ့ ချိတ်ဆက်မှာဖြစ်တဲ့အတွက် Virtual Private Network Connection ကို ရွေးပြီး Next နဲ့ဆက်သွားပါ။
ပုံ(၂၀)
Connection Name Box ကျလာပါပြီ။
ပုံ(၂၁)
Company Name နေရာမှာ VPN Server ရဲ့အမည်ကို ပေးရမှာဖြစ်ပါတယ်။ အခုကျွန်တော်တို့ VPN Server ရဲ့ အမည်က Server ပဲမို့ Server လို့ရိုက်ထည့်ပြီး Next ကို နှိပ်ပါ။
ပုံ(၂၂)
VPN Server Selection Box ကျလာပါပြီ။ ဒီတစ်ခါကတော့ VPN Server ရဲ့ IP Address ကို ထည့်ပေးရမှာပါ။
ဒီနေရာမှာ နည်းနည်းလောက်ရှင်းပြချင်ပါတယ်။ VPN Server ရဲ့ LAN ဘက်က Client အတွက်ဆိုရင် VPN Server ရဲ့ LAN Card IP Address ကို ထည့်ပေးရမှာပါ။ ဒါမှမဟုတ် အခြား Internet ဘက်ကနေ လှမ်းဆက်သွယ်မယ့် Client (ဥပမာ-အခြားနိုင်ငံက Client) အတွက်ဆိုရင် WAN Network ရဲ့ IP Address ကို ထည့်ပေးရပါတယ်။ ၎င်းနောက် Next ကို ဆက်သွယ်လိုက်ပါ။
ပုံ(၂၃)
ကဲ....Finish Box ကျလာပြီဆိုတော့ Finish ကို နှိပ်လိုက်ပါ။
ပုံ(၂၄)
ဒီတစ်ခါတော့ Finish ဆိုပြီး...ပြီးမသွားဘူးနော်။ Connect Server Box ကျလာပြီဗျ။ User Name နဲ့ Password ထည့်ပြီးတော့ VPN Server ကို လှမ်းပြီး Connect လုပ်ရမှာပါ။ User Name နဲ့ Password ထည့်ပြီး Connect ကို နှိပ်လိုက်ပါ။ ၎င်း User Name နှင့် Address သည် VPN Server က သတ်မှတ်ပေးထားသော User Name နဲ့ Password ဖြစ်ပါတယ်။

ပုံ (၂၅ နဲ့ ၂၆ )
Related Posts Plugin for WordPress, Blogger...