စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Thursday, October 13, 2011

Google Docs ကိုအသုံးချ၍ Data ကောက်ယူခြင်း

RFF: Myanmaritmen
Barcamp Yangon နဲ့ Barcamp Mandalay တို့ကို ၀င်ပြီး Register လုပ်ရင်းနဲ့ သတိထားမိတာက Registration အတွက် Customize Code တွေ သုံးပြီး ရေးမထားဘဲ Google Docs ကို သုံးထားတာကို တွေ့မိပါတယ်။ အရမ်းလည်း သဘောကျသွားပါတယ်။ Web Developer ရဲ့ စိတ်ကူးနဲ့ ဖြတ်ထိုးဉာဏ်ကိုလည်း လေးစားမိပါတယ်။ ဒါနဲ့ပဲ စာဖတ်သူတွေအတွက် Google Docs ကို အသုံးချပြီး အွန်လိုင်းကနေ အချက်အလက်တွေ ကောက်ယူနည်းလေးကို ဖော်ပြလိုက်ပါတယ်။
နမူနာအနေနဲ့ အမည်၊ အီးမေးလ်၊ ဖုန်းနံပါတ်နဲ့ လိပ်စာကို တောင်းခံတဲ့ Webpage တစ်ခု ဖန်တီးကြည့်ပါ့မယ်။ အဲဒီ Web page ကို မည်သူမဆိုဝင်ရောက်နိုင်ပြီး အချက်အလက်တွေ ဖြည့်နိုင်မယ်။ သူတို့ဖြည့်တဲ့ အချက်အလက်တွေက ကိုယ့်ရဲ့ Online Document ထဲကို ရောက်လာပါလိမ့်မယ်။
၁။ ပထမဆုံး docs.google.com သို့ သွားပါ။ Login ၀င်ခိုင်းတဲ့အခါမှာ ကိုယ့်ရဲ့ Google Account နဲ့ Login ၀င်လိုက်ပါ။ ဒါဆိုရင် အောက်ကပုံမှာပြထားသလို Google Docs ပွင့်လာပါလိမ့်မယ်။



၂။ ဘယ်ဘက်က Create new ကို နှိပ်ပါ။ ကျလာတဲ့ Menu ထဲက Spreadsheet ကိုရွေးပါ။ အဲဒီအခါမှာ tab အသစ်တစ်ခု ပွင့်လာပြီး အောက်မှာပြထားသလို Online Spreadsheet တစ်ခု ပေါ်လာပါလိမ့်မယ်။

၃။ A1 Cell အကွက်မှာ Name လို့ ရိုက်ပါ။ B1 မှာ Email, C1 မှာ Phone Number နဲ့ D1 မှာ Address ဆိုပြီး ရိုက်ထည့်လိုက်ပါ။

၄။  ပြီးရင် ညာဘက်ထောင့်က Save Now ကို နှိပ်ပါ။ Rename Spreadsheet ဆိုတဲ့ Box ကျလာရင် ဖိုင်နာမည် ပေးပါ။ အခုတော့ Contact ဆိုပြီး ပေးလိုက်ပါမယ်။ ပြီးရင် OK နှိပ်ပါ။

၅။ Menu bar ထဲက Form ကို ရွေးပြီး Creat a Form ကိုပဲ ရွေးပါ။ ဒါဆိုရင် အောက်ကပုံမှာ ပြထားသလို Window အသစ်တစ်ခု ပေါ်လာပါလိမ့်မယ်။

၆။ Name text box ပေါ်မှာ Mouse Pointer ကို ရွေ့လိုက်ပါ။ ပြီးရင် ညာဘက်က ခဲတံပုံလေးကို နှိပ်ပါ။ Make this is a required question ကို အမှန်ခြစ်ပါ။ သဘောကတော့ နာမည်ကို မဖြည့်မနေရလို့ ပြောလိုက်တာပါပဲ။

၇။ ကျန်တဲ့ Email, Phone Number နဲ့ Address တွေကိုလည်း required ပေးလိုက်ပါ။
၈။ ပြီးရင် အဲဒီ Windows ကို ပိတ်လိုက်ပါ။ Google Docs ကို ပြန်ရောက်သွားပါလိမ့်မယ်။ Menu bar ထဲက Form (0)> Go to live form ကို ရွေးလိုက်ပါ။ ဒါဆိုရင် နောက်ထပ် tab အနေနဲ့ Webpage တစ်ခုပွင့်လာပါလိမ့်မယ်။
၉။ အဲဒီ Webpage ရဲ့ Link ကို မှတ်ထားလိုက်ပါ။ အချက်အလက်ဖြည့်စေချင်တဲ့သူကို အဲဒီ Link ကို ပေးလိုက်ပါ။ သူက အဲဒီ Link အတိုင်း ၀င်ပြီး အချက်အလက်တွေဖြည့်လိုက်တဲ့အခါ အခု ကိုယ့် Google Docs ထဲမှာ ချက်ချင်းလာပေါ်မှာဖြစ်ပါတယ်။

၁၀။ Google Docs က ထုတ်ပေးတဲ့ Live form ရဲ့ နမူနာ link ကတော့ ဒါမျိုးပါ။
https://spreadsheets.google.com/viewform?hl=en&hl=en formkey=dGYwblN0OVhTclBtVm5ZNUIxcjZ5clE6MQ#gid=0
၁၁။ Link က ရှုပ်ထွေးပြီး အရမ်းရှည်တယ်လို့ ထင်ရင် http://goo.gl ကို ဖွင့်ပြီး အဲဒီ URL ကို shorten လုပ်နိုင်ပါတယ်။ goo.gl နဲ့ shorten လုပ်လိုက်တဲ့အခါ အဲဒီ link အရှည်ကြီးကနေ http://goo.gl/VcuP3 လိုမျိုး ရလာပါလိမ့်မယ်။
ကွန်ပျူတာကို အသုံးချပြီး လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့နိုင်ကြပါစေ။
Related Posts Plugin for WordPress, Blogger...