စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Sunday, October 9, 2011

IPv6 Address အကြောင်း

RFF: Knowledge Bridge

IPv6 address မှာ 16 bytes ပါဝင်ပြီး 128 bit ရှည်ပါတယ်။
IPv6 ရဲ့ တည်ဆောက်ပုံ
IPv6 address ကို hexadecimal digit တွေနဲ့ colon ခြားရေးပြီး အမှတ်အသား ပြုပါတယ်။ အဲဒီအမှတ်အသားမှာ 2 bytes (16bits) စီရှိတဲ့ Section 8 ခု ခွဲပြီး Section တစ်ခုစီမှာ hexadecimal digit 4 ခုစီကို colon ('':'') နဲ့ ခြားပြီး ရေးသားဖော်ပြပါတယ်။
ဥပမာ
IPv6 ရဲ့ address ကို ရေးတဲ့အခါ address ထဲမှာ Zero က Colon နှစ်ခုကြားမှာရှိခဲ့ရင် ဒီ Zero တွေကို ချုံ့ရေးလို့ရပါတယ်။

ဥပမာ -
မူလ address
FDEC : 0079 : 0000 : 0000 : 0000 : 2409 : 0000 : FFF0
ချုံ့ရေးလိုက်ရင်
FDEC : 0079 : 0 : 0 : 0 : 2409 : 0 : FFF0
ဒါကိုလည်း ထပ်ချုံ့ပြီးရေးလို့ရပါတယ်။
FDEC : 0079 : 2409 : 0 : FFF0
: gap လို့ ခေါ်ပါတယ်။
address တွေမှာ Zero ကို ချုံ့မယ်ဆိုရင် ၁ ကြိမ်မှာ ၁ ခါပဲ ချုံ့လို့ ရပါတယ်။
IPv6 ရဲ့ address space မှာ 2 addresses သိမ်းနိုင်ပါတယ်။ IPv6 ရဲ့ address designer တွေက address ရဲ့ ဘယ်ဘက်အစွန်ဆုံး bit ကို type prefix လို့ ခေါ်ပြီး ဒီ address ရဲ့ အမျိုးအစား သတ်မှတ်ဖို့အတွက် အသုံးပြုပါတယ်။
IPv6 အတွက် type prefix တွေကတော့
ဒီနေရာမှာလည်း address ပုံစံတွေကို နည်းနည်းပြောချင်ပါတယ်။
Unicast address
Computer တစ်လုံးရဲ့ address ကို သတ်မှတ်ကာ unicast address ဖြစ်ပါတယ်။ Unicast address နှစ်မျိုးကို 1 Pv6 က သတ်မှတ် ထားပါတယ်။ Geo-graphically based ကတော့ အနာဂတ်မှာ သုံးနိုင်ဖို့ ချန်ထိုးတာဖြစ်ပြီး provider-based ကိုတော့ သာမန် computer တွေမှာ unicast address အနေနဲ့ သုံးပါတယ်။ provider-based address မှာ 3 bit ရှိတဲ့ type identifier field ကို provider-based address အနေနဲ့ သုံးပါ တယ်။ 5 bit ရှိတဲ့ registry indentifier field မှာ address ကို register လုပ်ပါတယ်။ ဒီ registry field မှာ Internic (Wde 11000) ဆိုတဲ့ မြောက်အမေရိကအတွက် registery center, Ripnic (Code 01000) ဆိုတဲ့ ဥရောပ အတွက် registry center နဲ့ APNIC (Code 10100) ဆိုတဲ့ အာရှနဲ့ပစိဖိတ်နိုင်ငံတွေအတွက် registry center ဆိုပြီး သုံးမျိုးရှိပါတယ်။
Provider identifier field မှာ ISP လို inter access ရအောင် လုပ်ပေး တဲ့ provides တွေကို 16 bit ရှိတဲ့ ဒီ field မှာ သတ်မှတ်ပါတယ်။ subscriber identifier ကတော့ 24 bit ရှိပြီး oreganization ကနေ provider က တဆင့် internet ကို တွက်တဲ့အခါ ဒီ field မှာ subscriber ကို သတ်မှတ် ပါတယ်။ Subcriber တစ်ခုစီမှာ Subnet တွေ အများကြီး ရှိနိုင်တဲ့အတွက် Subnet တစ်ခုစီတိုင်းအတွက်လည်း identifier တွေရှိရပါတယ်။ သီးသန့် ဖြစ်တဲ့ Subnctwork ကို 32 bit ရှိတဲ့ subnet identifier field မှာ သတ်မှတ် ပါတယ်။ နောက်ဆုံး field ကတော့ mode identifier ဖြစ်ပြီး subnet နဲ့ ဆက်စပ်နေတဲ့ node ကို သတ်မှတ်ဖို့ 48 bit ရှိတဲ့ ဒီ field ကို သုံးပါတယ်။
Multicast address
Multicast address ကို Computer တစ်လုံးအတွက်ထက် host computer တစ်ခုအတွက် အသုံးပြုပါတယ်။ multicast address နဲ့ packet ပို့တဲ့အခါ ဒီ Computer တစ်ခုထဲက member ထဲက member Computer တိုင်းက လက်ခံရရှိပါတယ်။ multicat address မှာ ရှေ့ဆုံး 8 bit ကို 1 ရှစ်လုံးနဲ့ ထည့်သွင်းထားပြီး multicast address ဖြစ်ကြောင်း ဖော်ပြ ချက် ဖြစ်ပါတယ်။ ဒုတိယ Field မှာ group address က permanat လား tansient လားဆိုတာ ဖော်ပြတဲ့ flag field ရှိပါတယ်။ 4 bit ရှိပါတယ်။ permanent group ဆိုရင် internet လုပ်ပိုင်ခွင့်တွေကို အချိန်ပြည့် အမြဲ တမ်း လုပ်ပိုင်ခွင့်တွေကို ရရှိပြီး transient group address ကတော့ ခဏတာ အတွက်ပဲဖြစ်ပါတယ်။ group address ရဲ့ scope ကို တတိယ field မှာ သတ်မှတ်ပြီး -
Node local အတွက် 0001, link local အတွက် 0010, Site local အတွက် 0101, organizational အတွက် 1000, global အတွက် 1110 နဲ့ reserved အတွက် code 00000 နဲ့ 1111 ကို သတ်မှတ်ထားပါတယ်။
Anycast address
Multicast နဲ့ ပုံသဏ္ဌာန်တူပေမယ့် anycast က သူ့ group ထဲက အနီးဆုံးလမ်းကြောင်းရှိတဲ့ host computer ကိုပဲ ရွေးပြီး packet ပို့ပါတယ်။
Reserved address
ရှေ့ဆုံး field မှာ zero ရှစ်ခုနဲ့စရင် ဒီ address က reserved ထားတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ reserved address ၄ မျိုးထဲက unspecified address ကို host computer က သူ့ရဲ့ address မသိလို့ သူ့ address ရှာဖို့ inquiry လုပ်တဲ့အခါ သုံးပါတယ်။ loopback address ကို network မထွက်ဘဲ host computer ကိုယ်တိုင်ပြန်စမ်းချင်လို့ သုံးတာဖြစ်ပါတယ်။ Compactible address ကို lPv4 ကနေ lPv6 ပြောင်းတဲ့ အခါပဲဖြစ်ဖြစ် lPv6 ကနေ lPv4 ပြောင်းတဲ့အခါပဲဖြစ်ဖြစ် သုံးပါတယ်။ Mapped address ကို lPv6 သုံးတဲ့ Computer ကနေ lPv4 ကို သုံးနေသေး တဲ့ Computer ကို packet တွေ ပို့တဲ့အခါ သုံးပါတယ်။
Local address
Local address ဆိုတာက private network အတွက်သုံးလို့ ဘယ်သူ မှ ဒီ ip တွေသုံးပြီး message မပို့နိုင်ပါဘူး။ သီးခြားရှိတဲ့ subnet ထဲမှာ သုံးဖို့ Link local address နဲ့ subnet အမှားကြီးမှာ သုံးဖို့ Site local address ဆိုပြီး နှစ်မျိုးရှိပါတယ်။
အခုပြောခဲ့တာတွေကတော့ iPv6 မှာ သုံးတဲ့ address ပုံစံတွေပဲ ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...