စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Tuesday, September 13, 2011

IP & Subnets အကြောင်းသိကောင်းစရာများ

IPv4 Address တစ်ခုမှာ 32bit ရှိပါတယ်။

IPv4 Address တွေရဲ့ IP ကိန်းဂဏန်းတစ်ခုချင်းစီကို Octet လို့ခေါ်ပါတယ်။

IPv4 Address မှာ 4 Octet ပါဝင်ပါတယ်။ ဥပမာ - 192.168.1.1

IPv4 Address မှာ 32bit ရှိတဲ့အတွက် Octet တစ်ခုမှာ 8bit နဲ့ ၄ ခုဆိုတော့ 32bit ရှိပါတယ်။

IPv4 Address တွေမှာ Class A Address, B Address, C Address, D Address နဲ့ E Address ဆိုပြီးရှိကြပါတယ်။

Class A Address ဟာ First Octet 1 ကနေ 126 အတွင်းရှိပါတယ်။

Class B Address ဟာ First Octet 128 ကနေ 191 အထိရှိပါတယ်။

Class C Address ဟာ First Octet 192 ကနေ 223 အထိရှိပါတယ်။

Class D Address ဟာ First Octet 224 ကနေ 239 အထိရှိပါတယ်။

Class E Address ဟာ First Octet 240 ကနေ 254 အထိရှိပါတယ်။



Class A Address 1 မှစရခြင်းအကြောင်းနဲ့ 126 အထိပဲရှိရခြင်း အကြောင်းကတော့ IP Address တစ်ခုမှာ Class A, B, C ခွဲနိုင်ဖို့ ရှေ့ဆုံး Binary အလုံးတွေကို Class Bit ဒါမှမဟုတ် High Order Bit ဆိုပြီး သတ်မှတ်ထားပါတယ်။ Class A အတွက် High Order Bit ကတော့ 0 ဖြစ်ပါတယ်။ အဲဒီအတွက် Binary System မှာ IP Octet တစ်ခု ဟာ 8bit ဖြစ်တဲ့အတွက် 0 ကြီးပဲ 8 လုံး ကနေ 1 ကြီးပဲ 8 လုံးအထိရှိနိုင်ပါတယ်။ နောက်ပြီး Class A ဆိုရင် ရှေ့ဆုံး Octect က Network ပါ။ နောက် ၃ လုံးကသာ Host ID ပါ။ အဲဒီအတွက် ရှေ့ဆုံး Octet 0 နဲ့စတဲ့ IP ကိုသုံးလို့မရခြင်းနဲ့ 127 ဟာ Binary မှာ 1 တွေချည်းပဲ ဖြစ်တဲ့အတွက် သုံးလို့မရလို့ဖြစ်ပါတယ်။ နောက်ပြီး 127 နဲ့စတဲ့ IP တွေက Loopback Test အတွက် ချန်ထားတာဖြစ်ပါတယ်။ 127.0.0.1 ကနေ 127.255.255.254 အထိပါဝင်ပါတယ်။

Class A (N.H.H.H)
Class B (N.N.H.H)
Class C (N.N.N.H)


Default Subnet Mask
Class A (255.0.0.0)
Class B (255.255.0.0)
Class C (255.255.255.0)

CIDR Notations
Class A /8
Class B /16
Class C /24

CIDR ဟာ 1 အရေအတွက်ကိုရေးတာဖြစ်ပါတယ်။

/8 ကိုမြင်ရင် 255.0.0.0
/16 ကိုမြင်ရင် 255.255.0.0
/24 ကိုမြင်ရင် 255.255.255.0

255 ကို Binary ပြောင်းရင် 1 ၈ လုံးရပါတယ်။ အဲဒီအတွက် 255.255.255.0 လို့ရေးရင် Binary အလိုအရဆိုရင် 11111111.11111111.11111111.00000000 ဖြစ်ပါတယ်။

အဲဒီမှာကြည့်ရင် 1 24 လုံးဖြစ်ပါတယ်။ အဲဒီအတွက် Class C CIDR Notation /24 ဖြစ်ရခြင်းဖြစ်ပါတယ်။

IP Subnetting
Class A ကို Subnet ခွဲမယ်။
120.0.0.0
Default Subnet Mask 255.0.0.0
Default Binary Format – 11111111.00000000.00000000.00000000

Subnet ခွဲချင်ရင် Default Subnet တွေရဲ့ Binary တွေမှာ 1 တွေ ပေါင်းပါမယ်။

Class A Address က ရှေ့ဆုံး Octet က Network ပိုင်းဖြစ်တဲ့အတွက် ထိလို့မရပါဘူး။
နောက်သုံးပိုင်းကို ၁ တွေတိုးပါမယ်။

ဥပမာ။ ။ 11111111.10000000.00000000.00000000 လို့ဆိုကြပါစို့

ဒါဆိုရင် 1 ၉ လုံးဖြစ်သွားပါပြီ။ အဲဒီအတွက် CIDR /9 ဖြစ်သွားပါမယ်။

အဲဒါကို Decimal နဲ့ပြန်ရေးရင် 255.128.0.0 ဖြစ်သွားပါတယ်။ ဒုတိယ Octet ရဲ့ Binary Format 10000000 ကို Decimal ပြောင်းလိုက်ရင် 128 ရပါတယ်။ အဲဒီအတွက် 11111111 ကို Decimal ပြန်ရေးရင် 255 ရပါတယ်။ အဲဒါကြောင့် လက်ရှိ CIDR /9 ဆိုတာကို ပြန်ဖြန့်ရေးရင်

Decimal နဲ့ရေးရင် 255.128.0.0
Binary နဲ့ရေးရင် 11111111.10000000.00000000.00000000

အဲဒီမှာ ဒီ Subnet မှာ Network ဘယ်နှစ်ပိုင်းရတယ်။ Host ဘယ်နှစ်လုံးထွက်မယ်ဆိုတာကို သိချင်ရင် -

IP တစ်ခုမှာ နောက်ဆုံး IP က Network Address နဲ့ Broadcast Address မနှုတ်ပဲပြောရင် 256 ဖြစ်ပါတယ်။ အဲဒီတော့ Network ဘယ်နှစ်ပိုင်း ပိုင်းသွားလည်း သိချင်ရင် Host အပိုင်းမှာ 1 ပေါင်းထားတဲ့ Octet ကို Decimal ပြောင်းပါ။ ပြီးရင် 256 ထဲက နှုတ်ပါ။ ရတဲ့ Decimal ကိန်းဂဏန်း အလိုက်ဆတိုး စီကြည့်ရင် Network အရေအတွက်ကိုရပါမယ်။ ဒါမှမဟုတ် Host အပိုင်းမှာ ၁ ပေါင်းထားတဲ့ Octet မှာ ၁ တစ်ခါ ပေါင်းရင် 2^1 လို့ယူဆပါ။ ၂ ခါ ပေါင်းထားရင် 2^2 ပါ။ အဲဒီလိုနဲ့ Power တင်ပြီးမြှောက်လိုက်ရင် လည်း Network အရေအတွက်ရပါတယ်။

ရနိုင်တဲ့ Host အရေအတွက်ကိုသိချင်ရင် ကျန်နေတဲ့ 0 အရေအတွက်အတိုင်း 2 Power တင်ပြီး မြှောက် ပြီးရင် ရလဒ်ကို ၂ နှုတ်ပါ။ Network Address နဲ့ Broadcast Address ကိုဖယ်တာဖြစ်ပါတယ်။ သုံးလို့မရပါဘူး။

အဲဒီတော့ Class A Subnetting မှာ ခုဏကအတိုင်းဆိုရင် 128 ဆီဆတိုးရေးသွားမယ်

0.0.0                     128.0.0
1.0.1                     129.0.1


126.255.254           254.255.254
127.255.255           255.255.255

နောက် Network ရဲ့ Network Address ကို ၁ နှုတ်ရင် ရှေ့ Network ရဲ့ Broadcast Address ကိုရမယ်။

အဲဒီတော့ ဒီအတိုင်းဆိုရင် Network ၂ ခုရပါတယ်။
ပထမ Network ရဲ့ First IP က 120.1.0.1 ဖြစ်ပြီး Last IP က 120.126.255.254 ဖြစ်မယ်။

ဒုတိယ Network ရဲ့ First IP က 120.129.0.1 ဖြစ်ပြီး Last IP က 120.254.255.254 ဖြစ်မယ်။


ကျန်တဲ့ IP Class B, C တို့ကလည်း ဒီသဘောအတိုင်းပဲဖြစ်တယ်။ အနည်းငယ်ကွာခြားမှုတော့ ရှိမယ်။

အထက်ပါ Document သည် ကျွန်တော်၏ သင်ခန်းစာ ပြန်လည်လေ့လာ ရေးသားချက်တစ်ခုသာဖြစ်ပါသည်။ မည်သူ့ကိုမှ ဆရာလုပ်သောသဘော မပါဝင်ပါ။ ITN တွင် ကျွန်တော့်ထက် Professional လုပ်နေသောသူများ လည်း ရှိနေနိုင်သည် ဆိုတာကို သိပါတယ်။ ထို့ကြောင့် End User များ Beginner များနှင့် Intermediate များ အတွက် Reference အဖြစ်အကျိုးရှိလျှင် ကျေနပ်ပါတယ်။ အမှားများလည်း ပါကောင်းပါနိုင်ပါတယ်။ ကျေးဇူးပြုပြီး ထောက်ပြ ပြုပြင်ပေးကြပါ။ ကျေးဇူးတင်ပါတယ်။
Nay Lynn Aung
ITN Member
http://www.cisco.com/en/US/tech/tk365/technologies_tech_note09186a00800a67f5.shtml

www.cisco.com
This document will give you basic information you will need to configure your ro...See More.........
Related Posts Plugin for WordPress, Blogger...