စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Monday, October 3, 2011

System Administrator , System Engineer တွေ သိကိုသိသင့်တဲ့ Linux System Monitoring Commands/Tools များ PART-1

RFF: My Notes
အခု ဖော်ပြ ပေးမဲ့ tools (basic commands) တွေက တော့ system administrator , system engineer  တွေသိသင့်တဲ့ tools  တွေဖြစ်ပါတယ်. Linux Server တခုရဲ့ Performance ကို Monitoring လုပ်ဖိုသော် လည်းကောင်း၊ Performance Problems  တွေနဲ့ပတ်သတ်တဲ့ Causes တွေကို ရှာဖွေ ဖော်ထုက် ဖိုသော်  လည်းကောင်း၊ အသုံး ဝင် တဲ့ tools တွေဖြစ်ပါတယ်... Performance Problems ဟုဆိုရာ  တွင် Bottlenecks (Disk/Storage | CPU | Network ...)  ဖြစ်ခြင်း တွေပါဝင် ပါတယ်...

     အ ထွေအထူး  စကား မချီ တော့ဘူး စကြည့် ရ အောင်.....


#1: command name = "top"

     ဒီ "top" command က တော့ run နေတဲ့ system တခု ရဲ့ process activity တွေကို ဖော်ပြ ပေးပါလိမ် မယ်.. သူက server ပေါ်က CPU မှာ ဖြစ်ပေါ်နေတဲ့ process(ဘယ်လိုပြောရမ လဲဆိုတော့ကာ ချက်ချင်းလက်ငင်း ဖြစ်ပေါ်နေ သော process တွေလို သတ်မှတ်လိုရပါတယ် )  တွေကို delay time ၅sec (default)  ကြာတကြိမ် update လုပ်ပြီ ဖော်ပြ နေမှာပါ။.


အဲ သူ့မှာက Hot Key  တွေရှိပါတယ်.... အသုံးဝင် တဲ့ Hot Key  များက တော့.....

1) "t" summary information ကို on/off  လုပ်တာပါ
2) "m" memory information ကို on/off  လုပ်တာပါ
3) "A" system resources တွေကို  အမြင့်ဆုံး သုံးနေတဲ့ tasks တွေကို အမြန်နည်းနဲ့ sort လုပ်ပြီ ရှာဖွေချင် တဲ့အခါမျိုး မှာ တကဲ့ကို good  တဲ့ key ပါ
4) "k" kill ချင် တဲ့ process/task တွေ့ခဲ့ရင်  ဒီ key ကိုနိပ်ပြီ process ID (PID) ရိုက်ထည့်ပြီ kill ရုံပဲ
5) "r" run နေတဲ့ process/task ရဲ့ priority တွေကို change ချင် ရင် အသုံးဝင် ပါတယ်..
6) "z"  တခါတ လေ မျက်စေ့ ရဲ့ အားနည်းချက် ကြောင် ရှုပ်လာ ရင် color လေးနဲ့ ခွဲခြားပြီ ကြည့်နိုင် ဖို သုံးပါတယ်.. (only -  on/off)
7) "d" delay time ကို ၅sec က နေ တခြား ကိုယ်သပ်မှတ် ချင် တဲ့ sec ကို change ချင် ရင် သုံးပါတယ်
8) "f" ကိုကြည့်ချင် တဲ့ system ရဲ့ resources ကိုပဲ specific လုပ်ပြီ ကြည့်ချင် တယ်ဆိုရင် တော့ ဒီ key ကို သုံးပြီ  ကို specific လုပ်မဲ့ resources တွေကို  ရွေးချယ်ပြီ specific task တခုကို setting ချပြီ ကြည့်နိုင် ပါတယ်..
9) "h" နောက်ဆုံး အ နေနဲ့ မသိတာရှိလို သိချင် ရင် ဒီ key ကို သုံးလိုက်ပါ.. help  ပေါ့ဗျာ..
------------------------------------------+++----------------------------------------------
#2: command name = "uptime"

     ဒီ server က စပြီ power-on လိုက်ကထဲ က အခုထိ ဘယ် လောက်ကြာ နေပြီလဲ ။။။နောက် currently logon ဝင် ထားတဲ့ user  ဘယ်နှစ် ယွောက် ရှိလဲ ဆိုတာ မျိုးကို ဖော်ပြ ပေးနိုင် ပါတယ်..


------------------------------------------+++----------------------------------------------
#3: command name = "w"

     ဒီ command က တော့ ဘယ်သူ က ဒီ server ကို ဘယ်နေရာ ( hostname/ip ) နေ logon ဝင်ပြီ သူက ဘာလုပ် နေလဲ ဆိုတာထိကို ကိုဖော် ပြ ပေးနိုင် ပါတယ်


------------------------------------------+++----------------------------------------------
#4: command name = "ps"

     ဒီ command က တော့ "top" command နဲ့ နဲနဲ ဆင် တူပါတယ် ဒါပေမဲ့ သူက information ကိုပိုပြီ detail ပြနိုင် ပါတယ်..သူက current run နေတဲ့ process တွေကို snapshot ပုံစံ နဲ့ ပြတာ ပါ.. သူ့မှာ တွဲပြီ သုံးလို့ ရတဲ့ Option တွေအများ ပါ... အဲဒီ အထဲက မှ တချို့ ကိုပဲ ဒီမှာ ဖော်ပြသွား ပါမယ်...

  1) #ps -A OR #ps -e  Process အားလုံးကို select လုပ်ပြီ ကြည့်မယ်ဆို ရင်


  2) #ps -Al OR #ps -el ဒါက တော့ Long Format  နဲ့ကြည့်တာပါ


  3) #ps axu သူကလဲ process တွေကို print လုပ်တာပါပဲ  ဒါပေမဲ့ ကြည့်ရတာ ရှင်းတယ်


  4) #ps -u username u  user တ ယွောက် ရဲ့ run နေတဲ့ process တွေကို  ကြည့်မယ်ဆိုရင်


  5) #ps axo pid,pcpu,stat,user,tty ကိုဟာကို information ကို specific လုပ်ပြီ ကြည့်မယ်ဆို ရင်


  6) #ps -C process-name   Process Name က နေ Process ID (PID) ကိုကြည့်ဖို


      ( #pgrep process-name နဲ့လဲ အသုံး လိုရပါတယ် )

  7) #ps -p process-ID  Process ID က နေ Process Name ကိုကြည့်ဖို


  8) #ps -auxf | sort -nr -k 4 | head -2 Memory အစားဆုံး Process ၂ ခု ကို ကြည့် ဖို 


  9) #ps -auxf | sort -nr -k 3 | head -3 CPU အစားဆုံး Process 3 ခု ကို ကြည့် ဖို 



Part 2 တွင် ဆဟ်ကြည့်ပါရန်


>>

UTEE

Thursday, 22 September 2011


VM Image LOCK ကျသွားရင် ဘယ်လို လုပ် ရမလဲ???

သင်ရဲ့ Snapshot တွေနဲ့ Run နေတဲ့ VM-Image က ပုံပါ အတိုင်း LOCK ကျသွား ပြီဆိုပါတော့...



ဘာလို့ LOCK ကျတာ လဲဆိုတဲ့ အကြောင်းအရင်း ကတော့။။။ .vmdk file တွေတခု ထက်ပို ရှိလာလိုပါ. ဘာလို့ .vmdk တွေပို လာလဲဆိုတော့ Snapshot တွေကြောင်. ပိုလာတာ ပါ..အဲဒီ Snapshot Disk (snapshot file extension with .vmdk) တွေထဲကတခု က LOCk ကျသွားတာပါ...
VMware က .vmdk file တွေကို Name မထက်အောင် တော့ ခွဲ ပြီ Save ပါတယ်... ( ဥပမာ ။ yourVMimage-xxxx1.vmdk)
ဒီ Problem က VM-Image ကိုတနေရာကနေ တနေရာ ကို (to different LUM (logical unit number)) ရွှေ့ တယ် ပြီးနောက် အရင်နေရာ (to same LUN) ကို ပြန် ရွှေ့တဲ့အခါ မျိုး OR နောက် .vmx file corrupted  ဖြစ်တဲ့ အခါမျိုးမှာ ဖြစ်တတ်ပါတယ်..

(အဲဒီ အခါ မှာ သင်ဟာ အဲဒီ VM-Image ရဲ့ Folder အောက်က MAIN  ဖြစ်တဲ့ .vmdk file ကို copy လုပ် ၊ ပြီနောက် New Virtual Machine အသစ် create လုပ်ပြီ HDD နေရာမှာ Existing Virtual Disk  ကို point  ပေးပြီ ပြန် Run  ရင် Run နိုင်ပါတယ်..ဒါပေမဲ့ Snapshot တွေဆီ ပြန်သွား ချင်ရင်ဘယ်လို လုပ်မလဲ??)

ဒီနေရာ မှာ Snapshot တွေလဲ မပျက်ဘူး Lock ကျတာလဲ Clear ဖြစ်ဖို အလွယ်ဆုံး နည်းလမ်း ကတော့ သင်ရဲ့ VM-Image Folder အောက်က .lck နဲ့ဆုံးတဲ့ file  တွေကို delete လုပ်လိုက် ပါ  ပြီ:ရင် သင် VM-Image ကိုပြန် Run ပါ OK သွားပါ လိမ်မယ်...




သိတာ လေး share လိုက်ပါသည်...:)

Note: " ရွှေ့" ကို burglish  တွင် ရိုက်တာ မရလို Gtalk တွင် ရိုက် ပေးသော May Net (Internet and Game Center) အား ကျေးဇူး တင်ပါသည်။။.

>>

UTEE

VMware Guest Image (Window, Linux, ..) တခုကို High Performance သုံးလိုရအောင် ဘယ်လို လုပ်မလဲ

  ဥပမာ... သင်သူငယ်ချင်း တ ယောက်က ငါ window OS  နဲ့မင်းလိုချင်တဲ့ server ကို  vmware image လုပ်ထားတယ် အဆင်သင် သုံး ရုံပဲ ဆိုပြီပေးလိုက် ပြီ ဆိုပါတော့.. (ဤနေရာတွင် Local Machine တခုခုကို Vmware Converter  နဲ့ VMware Image အဖြစ်သို  convert လုပ်ထားခြင်း များလဲပါဝင်သည်)
         သင်လဲ copy ကူး ယူလာပြီ သင်ရဲ့ Laptop or PC ပေါ်က VMware Workstation or Server or Player  နဲ့ သုံးကြည့်ရော... သင်သူငယ်ချင်း ရဲ့စက်ပေါ်မှာ စပြီ Create  လုပ်ခဲ့တဲ့ VM-Image က  သင်ရဲ့စက် ပေါ်မှာ RUN တဲ့အခါ Screen  ကလဲ Full မမြင်ရဘူး Hardware တချို ကလဲ Driver တွေမတွေ့ဘူး ဆိုပါတော့... သင်သူငယ်ချင်း စက်ပေါ်မှာ တုန်းက အကောင်း သင်စက် ပေါ်  ရောက်မှ Basement Hardware ချင်းမတူ တော့ ဖြစ်တက်ပါတယ်... အဲဒီအခြေအနေ မှာ VMware Tools (http://www.vmware.com/support/ws55/doc/new_guest_tools_ws.html)  ကိုလိုလာပါပြီ....

VMware Workstation သုံးတဲ့သူများ အဖိုက တော့ VMware tool ပါပြီ သားမို လွယ်ကူ ပါတယ်...

For VMware Player User
         သင်က VMware Player ကိုသုံး ပြီ RUN တယ် ဆိုရင်တော့ VMware Player Latest Version  တွေမှာ Auto  မပါတော့ပါဘူး.
VMware Tools ကို www.vmware.com ကနေ down ရင် down OR VMware Workstation Install လုပ်ထားတဲ့ စက်တလုံး ကနေ လိုအပ်တဲ့ file တွေကို copy ပြီ ကိုသင်ရဲ့ vm-image ထဲကို install လုပ်ခြင်း ဖြစ်လဲရ နိုင်ပါတယ်..

         File Copy ပြီ Install လုပ်မယ်ဆိုရင်တော့......
1) Workstation Install လုပ်  ထားတဲ့ စက်ရဲ့ "c:\Program Files (x86)\VMware\VMware Workstation"  Folder အောက်က "windows.iso" file  ကို copy ကူး ပြီနောက် သင်စက် တနေရာရာ မှာ paste  လိုက်ပါ. [အဲဒီ Folder အောက်မှာ .iso extension နဲ့ file (winPre2k.iso, windows.iso, solaris.iso, netware.iso, linux.iso, freebsd.iso)  များကို တွေနိုင်ပါတယ်.. အခု vm-image က window OS ဆိုတော့ windows.iso ပေါ့  Linux OS ဆိုရင် linux.iso ပေါ့ ]
2) အဲဒီ windows.iso ကို သင် vmware player ရဲ့  Edit Virtual machine setting  ထဲက CD/DVD section နေရာမှာ iso ကို သုံးမယ်ဆိုပြီ သင် ရဲ့ windows.iso ထားထား တဲ့နေရာ ကို point ပေးလိုက်ပါ..




3)သင်ရဲ့ vm-image ကို power-on လိုရပါပြီ. သင်ရဲ့ vmware os ထဲက cd/dvdrom  ကို ဖွင့်ပြီ vmware tools ကို install လုပ်လိုရ ပါပြီ။ installation ကနဲနဲ တော့ကြာ ပါတယ်။။  ပြီနောက် vmware OS ကို Reboot လုပ်လိုက်ပါ... သင်ရဲ့ VMware OS ကို Check ကြည့်လိုက်ပါ... VMware Tools Install မလုပ်ခင် ကနဲ့ ကွာသွားပါ  လိမ်မယ်...

>>

UTEE

SSH Access To VMware ESXi Server

သင်ဟာ VMware ESXi OS ကို VMware vSphere Client မှ Management လုပ်တယ်ပဲ ထားအုံး တချို သော အချိန်တွေ မှာ SSH Access ကို လိုအပ်ပါတယ်..

သာမန် အားဖြင့် VMware ESXi OS Installation ပြီသည့်နောက် SSH ကို Auto မဖွင့်ထားပါဘူး...

အဲဒီတော့ SSH Access ကို Open  ဖိုကို အောက်ပါအ တိုင်း Follow လုပ်လိုက်ပါ

VMware ESXi Host မှာ Installation  ပြီတဲ့နောက် First Screen မှာ သင်ရဲ့ VMware ESXi Version နဲ့ နောက်  သင် Host ရဲ့ CPU and Memory Information  တွေကို မြင်တွေရမှာ ပါ... အဲဒီ screen ရဲ့ဘယ်အောက်ဒေါင် မှာ <f2> Customize System  ညာအောက်ဒေါင်မှာ  <f12> Shut Down/Restart ဆိုတာတွေပါပါ တယ်..</f12></f2>

1) အဲ ဒီ Screen နေရာမှာ Alt+F1  ကို press လိုက်ပါ..

အဲဒီနောက် (-) sign လေးမိတ်တုက်မိတ်တုက် ပဲသင် မြင်ရပါမယ်

2) CLI Prompt ထဲကို ရောက်ဖိုကို " unsupported "   ဆိုပြီ  ရိုက်ပြီ enter press လိုက်ပါ  (သင်ရိုက်တာ ဘာမှ မြင်ရမှာမဟုတ် ပါဘူး)

password တောင်းပါ လိမ်မယ်

3) " unsupported " ထက်ရိုက်ပါ (Root အတွက် password setup  လုပ်ပြီပြီ ဆိုရင်တော့ root password ကိုရိုက်ပါ)

CLI Prompt ထဲကို ရောက်ပါပြီ

4) ပြီနောက် vi edit  နဲ့ /etc အောက်က inetd.conf  ကို edit လုပ်ဖို "vi /etc/inted.conf"  ရိုက်လိုက်ပါ

5) inetd.conf ထဲမှာ Remote shell access ဆိုတဲ့ section မှာ ssh အတွက် လိုင်း၂ကြောင်း telnet အတွက်   လိုင်း၂ကြောင်း မြင်ရတဲ့ အထဲက ssh stream tcp  လိုင်းရဲ့ ရှေဆုံးက "#" sign  ကို remove လုပ်လိုက်ပြီ save လိုက်ပါ... ( IPv6 အတွက်ပါဆိုရင် ssh stream tcp6 ဆိုတဲ့လိုင်း ပါ "#" sign လေး remove လုပ်ရန်)

6) ပြီရင်တော့ ESXi Server ကို Restart ချလိုက်ပါ.. Restart  မချချင်ဘူး ဆိုရင်တော့ "ps -a |grep inetd"  ရိုက်ပြီ inetd ရဲ့ process number ကိုကြည့်ပြီ "kill process-number" နဲ့ kill  လိုက်ပါ ပြီရင် "inetd" ရိုက်ပြီ inetd service ကိုပြန် run နိုင်ပါတယ်....

 ရပြီ SSH Client တခုခု နဲ့ Login  ဝင် လိုရပါပြီ.... :)

>>

UTEE

အခြေခံ IPTABLES Firewall/Gateway တည်ဆောက် ခြင်း

Linux system ဖြင့် Iptables firewall/gateway တခု တည်ဆောက် မယ်ဆို ရင် သင်ဟာ iptables  ကိုမသိသေး ရင် rule စ ရေးဖို အခက် တွေပါလိမ်မယ်...

ဒါဆို ရင်တော့ ဒီ link " http://easyfwgen.morizot.net/gen/ " လေးကို သုံး ပြီ basic rule ကိုစ ရေးနိုင်ပါတယ်..

နောက်မှ ကိုယ်စိတ် တိုင်းကျ Basic Rule ကိုကြည့်ပြီ လိုတလို Rule ကိုပြင်ဆင်နိုင်ပါတယ်.

ပြီမှ Generate လုပ် ခြင်း ဖြင့်ထွတ် လာတဲ့ rule ကို .sh နဲ့သိမ်းပြီ မိမိ အသုံး ပြုမည့် linux OS ပေါ်မှာ script type နဲ့ သုံး နိုင်ပါတယ်..

>>

UTEE

VMware ESXi အကြောင်း တစေ့တစောင်း....

*****VMware ESXi ရဲ့ History တွေ အသုံးဝင် ပုံ တွေကို သင်ရှာ ပြီ ဖက်နိုင် မည်ဟု မျော်လင် ပါသည်*****


သင်ဟာ သင့်ရဲ့ local servers တွေအတွက် hardware တွေအများကြီး မသုံး ချင် တဲ့အခါ မှာ သင်ဟာ သင်ရဲ့ local servers တွေကို Virtual Run  ဖို စဉ်စား ကောင်း စဉ်စားပါ လိမ် မယ်. အဲဒီအခါ ကျရင်တော့ လက်ရှိ မှာတော့ VMware ESXiက အကောင်းဆုံးလို မြင်မိပါတယ်...

ဘာကြောင် လဲဆိုတော့ VMware ESXi 4.1(VMware 5 က Release လုပ်ဖို နီးနေပါပြီ Free Version ရမရတော့ မသိသေး ဘူး) အထိကို free version အနေနဲ့ အသုံး ပြုလို ရ ပါတယ်... Free Version ဆိုပေမဲ့လဲ Full Version ရဲ့ 80% လောက် ကို ပြည့်ပြည့်စုံစုံ ရှိလှပါတယ်.. www.vmware.com မှာ Account ဖွင့်ပြီ download လုပ်နိုင်ပါတယ် Free Version အ တွက် License Key  ပါပေး ပါ လိမ်မယ်. License Key မထဲ့ ရင်တော့ ရက်သုံးဆယ် version ပေါ့... Free License Keyနဲ့ Active လုပ်ပြီရင် တော့ Never Expires  ဖြစ်ပါမယ်...

အဲ တခုက VMware ESXi OS အတွက် တကဲ့ ကို Virtualization Support ပေးတဲ့ Server Hardware (Product for VMware) နဲ့ Host လုပ် မှာလား ဒါမှ မဟုတ်  High Performance PC တလုံးနဲ့ လုပ်မှာ လားဆိုတာ တော့ ကိုရဲ့ Budget ပေါ်မူတည် ပြီ ဆုံးဖြတ် ပေါ့...
(Note: Datacenter တွေ Large Network and Servers Infrastructure  တွေ အတွက်ဆိုရင် တော့ VMware အတွက် သီးသန် ထုတ်တဲ Product  ပဲသုံး ပါတယ်/ တွေဝယ် သင်ပါတယ်..)

သာမန် အတွက် ဆိုရင်တော့ High Performance Type တွေကိုပဲ  သုံးသင် ပါတယ် ။။ ဘာလိုလဲ ဆိုတော့ တကယ် Server Product for VMware တွေက ဈေးမသေး လိုပါ... :)

ဒါဆိုရင် VMware ESXi support  ပေးတဲ့ Hardware တွေ ရွေးချယ် ဖို လိုလာပါပြီ...
VMware ESXi က hardware တိုင်းနဲ့ တော့ compatible  မဖြစ်ပါဘူး အဲ့ဒါ ကြောင် VMware ESXi အတွက် Hardware ဝယ်တော့မယ် ဆိုရင် အရင်ဆုံး compatible ဖြစ်မဲ့ hardware ကိုမဝယ်ခင် ရွေးချယ် သင်ပါတယ်။။။ ဝယ်ပြီးမှ compatible မဖြစ်ဝူး ဆိုသေပြီ ပဲ..

VMware  ESXi  compatible  ဖြစ်တဲ့ hardware list  ကို ဒီ Link (http://www.vm-help.com/esx40i/esx40_whitebox_HCL.php  || http://ultimatewhitebox.com/ ) တွေနဲ့ check ပြီရွေးချယ်နိုင်ပါတယ်...

အဒီက တွေနိုင်တဲ့ problem တွေကတော့
1) onboard network card တော်တော်များများ default support မဖြစ်ပါဝူး ( support ဖြစ်တဲ့ network card သက်သက်ဝယ် ပြီးသုံး ရင် အဆင် ပြေပါတယ် / မဝယ်ချင်ဘူး ဆိုရင်တော့ driver patch  ရှာ download ပြီ သုံးနိုင်ပါတယ် )
2) Storage အတွက် RAID လုပ်မယ်ဆိုရင် Software RAID  နဲ့ Compatible မဖြစ်တာ များပါတယ် ( Hardware RAID ဝယ်သုံးပါ )

ရွေးချယ် list လုပ်ပြီ ပြီဆိုရင်တော့ မိမိ ၏ list အရ hardware ဝယ်ပြီ install လုပ်နိုင်ပါပြီ..

Note: Network Card သက်သက်သုံး မယ် / နောက်မှ Driver Patch ကို download လုပ်သုံး မယ်ဆို ရင်တော့ compatible မဖြစ်တဲ့ Onboard Network Card  ကို Disable လုပ်ပြီ မှ ESXi Installation Complete ဖြစ်နိုင်ပါမယ်.

ကျန်တဲ့ အပိုင်းလေး တွေ ကြုံကြိုက်ရင် share ပါဦးမည်....
Related Posts Plugin for WordPress, Blogger...