Wireless Mesh Network ချိတ်ဆက်ပုံကို EnGenius devices တွေသုံးပြီး လုပ်ကြည့်ကြရအောင်။ Long range နဲ့ multi-function AP တွေဖြစ်တဲ့ EnGenius M35, M36 model တွေကို သုံးပြီး လက်တွေ့ချိတ်ဆက်ပုံကို စမ်းကြည့်ကြပါစို့။ Mesh ဆိုသည်မှာ AP တစ်ခုစီဟာ အခြား node တွေကို အပြန်အလှန်ချိတ်ဆက်နေပြီး node တစ်ခု down သွားတာနဲ့ အခြား node တစ်ခုကနေ connection ကို ဆက်လက်ရရှိနေနိုင်အောင် လုပ်ဆောင်ပေးခြင်းပဲ ဖြစ်ပါတယ်။
Mesh mode မှာ SSID နှစ်မျိုးရှိပါတယ်။ AP တွေအချင်းချင်း mesh network ချိတ်ဆက်ဖို့ Mesh SSID နဲ့ client တွေက လာရောက်ချိတ်ဆက်ဖို့ Access Point SSID ဆိုပြီးတော့ ဖြစ်ပါတယ်။ EnGenius Mesh devices များတွင် Client တွေလာရောက်ချိတ်ဖို့အတွက် Access Point SSID ကို နှစ်ခု ထပ်မံခွဲထုတ်ထားနိုင်ပါသေးတယ်။ Mesh SSID ကို mesh devices တွေကလွဲလို့ client တွေက မြင်ရမှာမဟုတ်ပါဘူး။ နောက်ပြီးတော့ Client တွေအတွက် SSID ကို node တစ်ခုချင်းစီကနေ အတူတူ ဖြစ်စေ၊ တမျိုးစီဖြစ်စေ လွှင့်ထုတ်ပေးနိုင်ပါတယ်။ တူညီအောင်ထားခဲ့လျှင်တော့ roaming ပုံစံမျိုး note တစ်ခု down သွားရင် အခြား node ကို အလိုအလျှောက် ချိတ်ဆက်မှာဖြစ်ပြီး မတူညီအောင် သီးသန့်ထားခဲ့လျှင်တော့ node တစ်ခုစီအတွက် SSID တစ်ခုစီကို သိထားဖို့လိုအပ်မှာဖြစ်ပါတယ်။
အသုံးပြုမယ့် device တွေကို အောက်ပါအတိုင်း IP သတ်မှတ် ထားပါတယ်။
(1) M35 IP address: 192.168.10.1 MAC address: 00:02:6f:71:11:ab Device Name: M35
(2) M36 IP address: 192.168.10.2 MAC address: 00:02:6f:89:73:58 Device Name: M36A
(3) M36 IP address: 192.168.10.3 MAC address: 00:02:6f:89:73:5a Device Name: M36B
အဲဒီတော့ စက်ရဲ့ wireless IP ကို 192.168.10.50 ကဲ့သို့ 10 serie ကို ပေးထားပါမယ်။



Mesh ချိတ်ဆက်ဖို့အတွက်ဆိုရင် node တွေအားလုံးဟာ Channel / frequency တူရမှာမို့လို့ Ch1 ကို အတူတူသုံးပါတယ်။

Mesh အတွက် SSID ကို EnGeniusMesh လို့ ပေးထားပါတယ်။ node တွေအားလုံး အဲဒီ SSID ကိုပဲ သုံးရပါမယ်။

မတူညီအောင် ထားလည်းရပါတယ်၊ ယခု senario အရ roaming အလုပ်လုပ်တာကို ပြချင်တဲ့တွက် တူအောင် ပေးခြင်းဖြစ်ပါတယ်။
Mesh network ချိတ်ဆက်ပုံမှာ Gateway တစ်ခုကို relay များက လာရောက်ချိတ်ဆက်သည့် ပုံစံဖြင့် အသုံးပြုရတဲ့အတွက် မည်သည့် node ကို Gateway သတ်မှတ်မလဲဆိုတာ ဆုံးဖြတ်ရပါမယ်။ ယခု senario အရ M35 ကို gateway အနေနဲ့ ထားကြည့်ပါမယ်။



Mesh mode သို့ ပြောင်းပြောင်းပြီးချင်းမှာ Client List ထဲမှာ သူကိုယ်တိုင်ရဲ့ MAC ကို ထည့်ထားပြီးသားဖြစ်နေပါလိမ့်မယ်။


M36A မှာလည်း ၃ ခု ပေါ်နေပါတယ်။ ပထမဆုံး MAC တွေဟာ သူတို့ကိုယ်တိုင်ရဲ့ MAC တွေ ဖြစ်ကြပါတယ်။


Mesh ကို သုံးတဲ့အတွက် backbone cabling ဆွဲဖို့ခက်ခဲတဲ့ အခြေအနေမျိုးတွေမှာ အလွန်အသုံးဝင်ပါတယ်။ Redundancy လဲ ဖြစ်တာကြောင့် ပိုမိုစိတ်ချနိုင်စေပါတယ်။
Mesh ထဲက node တစ်ခုခုကို (Gateway သတ်မှတ်ထားသော node ဖြစ်စေ၊ မသတ်မှတ်ထားသော node ဖြစ်စေ) wire network ထဲသို့ ချိတ်ဆက်ခြင်းအားဖြင့် network နှစ်ခုကို ပေါင်းစပ်ပေးနိုင်ပါတယ်။
ဥပမာအနေနဲ့ wire network ထဲကို M35 ကို ချိတ်ဆက်ကြည့်ပါမယ်။ wire network ဟာ 192.168.200.0 ဖြစ်တယ်ဆိုပါစို့။
200 network ထဲက host တစ်ခုခုကို ping ကြည့်ပါမယ်။ 192.168.200.1 ကို ping မယ်ပေါ့။

အခုချိန်မှာ client ဟာ M36B ကနေတဆင့် Mesh network ထဲသို့ဝင်ကာ wire network ထဲသို့ access လုပ်နိုင်ခြင်း ဖြစ်ပါတယ်။ M36B ကို down ကြည့်ပါမယ်။
M36B 192.168.10.3 ကနေ reply မလာတော့ပါဘူး။


Wireless Mesh ရဲ့ အခြေခံ သဘောတရားနဲ့ လုပ်ဆောင်မှုပဲ ဖြစ်ပါတယ်။
အကယ်၍ တဖက်က wire network မှာ DHCP service ရှိနေခဲ့မယ်ဆိုရင် IP ကို obtain ရရှိနိုင်ပါတယ်။ Client ရဲ့ IP ကို ဖြုတ်ထားပြီး IP တောင်းကြည့်ပါမယ်။

IP ကျလာတာကို တွေ့ရပါမယ်။


Wire network ဟာ Internet access ရရှိနေခဲ့မယ်ဆိုရင် client ဟာလည်း DHCP IP နဲ့အတူ Internet access ပါ ရရှိမှာဖြစ်ပါတယ်။ ဒါကတော့ administrator များရဲ့ လိုအပ်သလို စီမံသတ်မှတ်ချက်အတိုင်းပဲ ဖြစ်ပါတယ်။
Wireless Mesh ရဲ့ အခြေခံ သဘောတရားနဲ့ လုပ်ဆောင်မှုပဲ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။