စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Tuesday, October 11, 2011

ရိုးရှင်းသော Subnet ခွဲနည်း

RFF : www.onlineictreader.com
 Subnet ခွဲတဲ့နည်းကိုစတင်ပြောပြပါတော့မယ်။ လောလောဆယ်တော့ ရိုးရှင်းတဲ့နည်းနဲ့ပဲ Subent ခွဲပြပါ့မယ်။ Simple Subnetting ပေါ့ဗျာ။ ကျွန်တော်တို့ Class B Network တစ်ခုဖြစ်တဲ့ IP Address - 172.160.0.0 Subnet Mask -255.255.0.0 ဆိုတဲ့ Address နှင့် ဥပမာပေးပြီး Subnet ခွဲပြပါမယ်။ 172.160.0.0.255 မှာ Host ပေါင်းဘယ်လောက်ရှိမလဲ။ Host ပေါင်း 2 Power 16 ဆိုတာ 65536 လေ။ ၎င်း 65536 ထဲမှာ ရှေ့ဆုံး Host နဲ့
နောက်ဆုံး Host ၂ လုံးကိုနှုတ်ရင် 65534 ရပါတယ်။ ဟုတ်ပြီနော် Chapter 1 မှာတုန်းကသင်ခဲ့တယ်။ မေ့သွားပြီလား။ 172.160.0.0, 255.255.0.0 ဆိုတာ 172.160.0.0/16 ဖြစ်ပါတယ်။ /16 ဆိုတာ ရှေ့က 16 bit ကအသေပဲလို့ပြောတာလေ။ IPv4 Address မှာ 32 Bits ရှိတာလေ။ ၎င်း 32 Bits ထဲမှာ /16 ရှေ့က 16 Bits ကအသေပဲလို့ပြောတာလေ။ ၎င်း 16 Bits ကို နှုတ်လိုက်ပြီးနောက် 16 Bits က Host Address ဇြစ်ပါတယ်။ ဒါကြောင့် 172.160.0.0,255.255.0.0 မှာ Host ပေါင်း 2 Power 16 = 65536 - 2 = 65534 လို့ပြောတာပါ။ ဒီကွန်ရက်ကြီးမှာ ကွန်ပျူတာတွေစတဲ့ Host ပေါင်း 65534 ရှိမှာကိုမလိုလားဘူး။ ဒါကြောင့် Subnet ခွဲတယ်။ ဒါဆို Subnet Mask ကိုကြည့်ပါ။ Subnet Mask ကို အာရုံစိုက်ပါ။ Subnet Mask မှာ 255.255.0.0 ဆိုတာ ရှိပါတယ်။ အဲဒီ 255.255.0.0
ဆိုတာက Class B Network တွေအတွက် အသေပဲဖြစ်ပါတယ်။
*    ပထမ 255 က Network ကိုရည်ညွှန်းပြီး၊
*    ဒုတိယ 255 ကလည်း Network ကိုပဲရည်ညွှန်းပါတယ်။
*    တတိယ 0 ကတော့ Host ကိုရည်ညွှန်းပါတယ်။
*    စတုတ္ထ 0 ကလည်း Host ကိုရည်ညွှန်းပါတယ်။

အဲဒီအထဲကမှ တတိယ 0 ကို 255 လုပ်လိုက်ရင် ၎င်းဟာ Subnet Network ကို ရည်ညွှန်းသလို ဖြစ်သွားပါတယ်။

*    ဆိုတော့ကား ယခင်တုန်းကတော့ -
IP Address: 172.160.0.0
Subnet Mask: 255.255.0.0

*    Subnet ခွဲလိုက်တော့ ယခုအခါ -
IP Address: 172.160.0.0
Subnet Mask: 255.255.255.0 ဆိုပြီးဖြစ်သွားပါတယ်။

ပြန်ပြောရရင် Subnet Mask ရဲ့ တတိယ Octet က ဆိုရင် Host ကိုရည်ညွှန်းပြီး ၊ 255 ဆိုတော့ Network ကို ရည်ညွှန်းသလိုဖြစ်သွားပါတယ်။ ဒီတော့ ဒီနေရာမှာ မေးစရာရှိတယ်။ Subnet Mask 255.255.255.0 ဆိုတော့ ၊ ဒါ Class B မဟုတ်ပဲ ၊ Class C များဖြစ်နေမလားပေါ့။ Class C ရဲ့ Default Subnet Mask ကလည်း 255.255.255.0 ဖြစ်နေတာကိုး။ ဟုတ်ပြီ။ Subnet Mask 255.255.255.0 ဆိုတာနဲ့ Class C လို့ ပြောလို့မရပါဘူး။ တကယ်တမ်းမှာတော့ Address ရဲ့ ပထမဦးဆုံး Octet ကိုကြည့်မှသာ Class A,B,C သိနိုင်တာပါ။ အခု ဥပမာပေး ရှင်းပြနေတဲ့ IP Address ဟာ 172.160.0.0 လေ။ အဲဒီမှာ First Octet က 172 ဆိုတော့ ဒါကိုကြည့်ခြင်းအားဖြင့် Class B လို့သိတာလေ။ Class B ဟာ 128 -192 အတွင်းလေ။ ဒီတော့ Class B ဆိုရင် ၎င်းရဲ့ Default Subnet Mask က 255.255.0.0 ဖြစ်ရမယ်။ Class B ဖြစ်နေပါလျှက်နဲ့ ၎င်းရဲ့ Subnet Mask ဟာ 255.255.0.0 မဟုတ်ပဲ ၊ တစ်ခြားတစ်ခုခုဖြစ်နေခြင်း ၊

ဥပမာ 255.255.255.0 ဖြစ်နေရင် ဒီ Network မှာ Subnet ရှိနေပြီလို့ သိရမှာဖြစ်ပါတယ်။ အောက်မှာ ပုံ ၃.၃. Subnet ခွဲထားပုံနှင့် Subnet မခွဲခင် Classful Addressing ကိုယှဉ်ပြပေးထားပါတယ်။
ဒီနေရာမှာ n ဆိုတာ Network ကိုပြောတာပါ။ h ဆိုတာ Host ကိုပြောတာပါ။ s ဆိုတာ Subnet ကိုပြောတာပါ။ Classful ဟာ သူ့ရှိတဲ့အတိုင်း သုံးတာပါ။ Subnet ခွဲထားခြင်းမရှိပါ။
ကဲ ဒီတစ်ခါ Subnet Mask ရဲ့ တတိယ Octet ဟာ 0 မဟုတ်ပဲ 255 ဖြစ်သွားတာကြောင့် သိရမယ့်အချက်တွေက -

၁။    Subnet Mask ရဲ့ ပထမ 255 နဲ့ ဒုတိယ 255 က IANA က သတ်မှတ်ပြီးသား။ အသေပဲ။ Fixed ပေါ့။ /16 ဆိုတာအဲဒါလေ။ ဒီတော့ /16 သည်ကိုယ်နဲ့မဆိုင်ဘူး။ IANA ကို က သတ်မှတ်ပြီိးသား။ ကိုယ်နဲ့ဆိုင်တာက နောက်ကတတိယ Octet 0 နှင့် စတုတ္ထ Octet 0 တို့ပဲဖြစ်ပါတယ်။ ဒီတော့ တတိယ Octet 8 bits ရှိမယ်။ စတုတ္ထ Octet 8 Bits ရှိမယ်။ ပေါင်း 16 Bits  ပေါ့။ ဒီတော့ 2 Power 16 ပေါ့။ 2 Power 16 က 65536-2 ဆိုတော့ 65534 Host ရတယ်။ ဒါရှင်းပြတာ အပ်ကြောင်းထပ်နေပြီ။

၂။    ဒီတော့ ကိုယ်နဲ့ဆိုင်တဲ့ Octet ကို 0 ကနေ 255 ထားလိုက်တော့။ ၎င်းဟာ Host Bit မဟုတ်ပဲ Network Bit ဖြစ်သွားတယ်။ Network Bit ဟာလည်း IANA က သတ်မှတ်ထားတဲ့ ရှေ့က /16 နဲ့ မဆိုင်ဘူး။ ကိုယ်နဲ့ဆိုင်တဲ့ 16 bits ထဲက 8 bits ကို Network ဘက်ပို့ပြီး ၊ ကျန်တဲ့ 8 bits ကို Host မှာ ဒီအတိုင်းထားတာ။

၃။    ဒီတော့ 32 bits ရှိတဲ့ အထဲကနေ 16 bits သည် ကိုယ်နဲ့မဆိုင်။ နောက် 16 bits မှာ 8 bits သည် Network ပိုင်းဖြစ်ပြီး ၊ နောက်ဆုံး 8 bits သည် Host ပိုင်းဖြစ်သွားသည်။ ဒါကြောင့် 172.160.0.0 , 255.255.0.0 ကိုဒီအတိုင်းသုံးရင် 65534 အရေအတွက်ရှိသော ကွန်ရက်တစ်ခုပဲရမယ်။ ကွန်ရက်တစ်ခုပဲနော်။ အဲ့ဒီကွန်ရက်တစ်ခုမှာ Host 65534 ရမယ်။ အခုဟာက 172.160.0.0 မှာ Subnet Mask ကို 255.255.255.0 လုပ်လိုက်တော့ ကွန်ရက်ပေါင်း 2 Power 8 ဖြစ်သွားပြီး ၊ Host ကလည်း 2 Power 8 ဖြစ်သွားပါတယ်။ အဲ့ဒီ 2 Power 8 က 2 ကို 8 ခါမြှောက်တော့ 256 ဖြစ်တာကြောင့် ၎င်းကွန်ရက်ဟာ ကွန်ရက်တစ်ခုတည်းမဟုတ်တော့ပဲ ၊ ၎င်းမှာ ကွန်ရက်ပေါင်း 256 ခုတောင် ဖြစ်သွားပါတယ်။ ၎င်း ကွန်ရက်ပေါင်း 256 ခုမှာမှ ကွန်ရက်တစ်ခုချင်းစီမှာ ကွန်ပျူတာ Host ပေါင်း ဘယ်လောက် ရှိမလဲဆိုတော့ ကျွန်တော်တို့မှာ 8 bits နောက်ဆုံး 8 bits ကျန်သေးတယ်လေ။ အဲ့ဒီ 2 Power 8 ကို တွက်ရင် 256 ရတယ်။ ရှေ့ဆုံး Host နဲ့ နောက်ဆုံး Host ကို ဖယ်လိုက်ရင် 254 ကျန်မယ်။ ဒီတော့ကွန်ရက်တစ်ခုမှာ Host ပေါင်း 254 ခုရပါမယ်။ အဲဒီလို 254 Host ရှိတဲ့ ကွန်ရက်ပေါင်း 256 ခုရှိပါမယ်။
ဒီတော့ကား အရင်တုန်းက ကွန်ရက်တစ်ခုပဲရှိတယ်။ အဲဒီမှာ Host 65536 ရှိတယ်။ အခုကွန်ရက် 256 ခု ရှိတယ်။ ကွန်ရက်တစ်ခုချင်းစီမှာ Host ပေါင်း 254 ရှိတယ်ဆိုတော့ ဒါက Host (၂) ခု ကိုနှုတ်ရလို့လေ။ Host (၂) ခုသာမနှုတ်ရင် 256 ရှိမှာပေါ့။ ဒီတော့ကွန်ရက်တစ်ခုမှာ Host ပေါင်း 256 ခု ရှိနေမယ်။ ဒီလိုကွန်ရက်ပေါင်း 256 ခုရှိနေမယ်။ ကောင်းပြီိ ဒီ 256 ကို 256 နဲ့ မြှောက်ကြည့်။ 65536 ပြန်ထွက်လာလိမ့်မယ်ဆိုတော့အတူတူပါပဲ။ 65536 Host ရှိတဲ့
ကွန်ရက်ကြီးတစ်ခုကိုယူမှာလား။ Host 254 ပဲရှိတဲ့ ကွန်ရက် 256 ခုကိုယူမလား။ ဒါပဲ ......ပြောချင်တာ ဒါပဲ။ ဒီတော့ ဒီတစ်နေရာတည်းမှာ Host ပေါင်း ၆ သောင်းကျော်ရှိတဲ့ ကွန်ရက်ကြီးတစ်ခုကိုတော့မယူပါဘူး။ ကွန်ရက်တစ်ခုမှာ 254 Host ပဲရှိတဲ့ ကွန်ရက်ငယ် 256 ခုကိုပဲယူခြင်းကို Subnt ခွဲတယ်လို့ခေါ်တာ ၊ ပြောတာဖြစ်ပါတယ်။

နောက်တစ်မျိုးပြန်ရှင်းပြဦးမယ်...........

ဥပမာ........ ပေးတဲ့ Address က -    IP Address : 172.160.0.0
Subnet Mask : 255.255.0.0

ဒါ Before Subnetting . Subnet မခွဲခင်အချိန်ပေါ့။
ဒီတော့ ဒီနေရာမှာ Subnet ကိုပဲ အာရုံစိုက်ရအောင်။ Subnet Address ရဲ့ 255 ကို Binary ပြောင်းရင် 1 တွေ့ရတယ်။ 0 ကို Binary ပြောင်းရင် 0 တွေ့ရပါတယ်။ 1 ဆိုရင် Network ( အတိုကောက် N လို့ရေးမယ်) ကို ညွှန်းတာဖြစ်ပြီး ၊ 0 ဆိုရင် (အတိုကောက် h ) Host ကိုညွှန်းတာဖြစ်ပါတယ်။
ဒီတော့ -  
IP Address : nnnnnnnn.nnnnnnnn.hhhhhhhhh.hhhhhhhh. ဆိုလိုတာက Address 32 bits ရှိတယ်။ Subnet Mask ရဲ့ ပထမ Octet 255 ကို Binary ပြောင်းတော့ 1_၈ လုံး (11111111) ရတယ်။ ၎င်း 11111111 ရဲ့အပေါ်က Address ဟာ Network ကိုရည်ညွှန်းတာဖြစ်ပြီး 0000 0000 ရဲ့အပေါ်က IP Address က Host ကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဒီတော့ အခုရှင်းပြနေတဲ့ 172.160.0.0 ဟာ Class B ဖြစ်တာကြောင့် Network ပိုင်းအတွက် 16 bits ရရှိပြီး ၊ Host ပိုင်းက 16 bits ရရှိပါတယ်။ အဲဒီ Network 16 bits ကို ဘာမှသွားလုပ်ဖို့ မစဉ်းစားနဲ့။ အဲဒါက IANA ကသတ်မှတ်ပေးထားတာ။ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တာဆိုတော့ သင်ဘာမှလုပ်လို့မရဘူး။ သင်လုပ်လို့ရတာ သင်ပိုင်တဲံ့Host 16 bits ဖြစ်ပါတယ်။ အဲဒီ 16 bits ထဲက ပထမ 8 bits ကို Network ဘက်ကိုပို့လိုက်။ဘာလို့ပို့ရမလဲ။ 00000000 ကို 11111111 အဖြစ် Setting လုပ်လိုက်။ Decimal နဲ့ပြောရရင် 255 လို့ထားလိုက်။ ဒီတော့ Host 16
bits ရှိတဲ့အထဲက ၊ တစ်နည်းအားဖြင့် “0” _ 16 လုံးရှိတဲ့အထဲက ပထမ သုည ၈ လုံးကို ၊ တစ် ၈ လုံးထားလိုက်။ ဒီတော့ Host 16 bits မှာ 8 bits က Network Address ကို 8 bits ရောက်သွားပြီး ၊ Host မှာ 8 bits ပဲကျန်တော့ပါတယ်။  ဒါကြောင့် Subnet က 2 Power 8 ရပြီး ၊ Host ကလည်း 2 Power 8 ရသွားတာဖြစ်ပါတယ်။ ဒီတော့ ဒါကို အပေါ်ကပုံစံအတိုင်း ရှင်းပြရရင် ......
- IP Address : nnnnnnnn,nnnnnnnn,nnnnnnnn,hhhhhhhh
- Subnet Mask : 11111111,11111111,11111111,00000000 ဆိုပြီးဖြစ်သွားပါတယ်။
ဒါ Subnet ခွဲပြီးသွားတဲ့အချိန်မှာ ဖြစ်သွားတဲ့ပုံစံပါ။ ၂ ခု ပြန်ယှဉ်ပြမယ်။

*    Before Subnetting ( Original ) ပုံစံက -

IP Address : nnnnnnnn.nnnnnnnn.hhhhhhhh.hhhhhhhh
Subnet Mask : 11111111.11111111.00000000.00000000

*    After Subnetting  ( Subnet ခွဲပြီးတဲ့ပုံစံက ) -

IP Address : nnnnnnnn.nnnnnnnn.nnnnnnnn.hhhhhhhh
Subnet Mask : 11111111.11111111.11111111.00000000

ဆိုလိုတာက IP Address ရဲ့ Third Octet ဟာ Host ရဲ့ အပိုင်းကနေ Network အပိုင်း ဖြစ်သွားတာပါ။
Related Posts Plugin for WordPress, Blogger...