စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Wednesday, September 14, 2011

iPhone, iPad နှင့် Apple ထုတ်ပစ္စည်းများနှင့်ပတ်သက်ပြီးအခက်အခဲရှိလာမယ်ဆိုရင်.....

ဒီမှာအဆင်ပြေပါတယ်..၀င်ရောက်လေ့လာကြည့်သင့်သောဆိုဒ်ပါ
မိုးသိကြားရဲ့ အစ

မိုးသိကြား ဘလော့ခ်ကို ၂၀၀၈ ခုနှစ် စက်တင်လာလမှာ စတင်ပြီး အပျော်တမ်း အနေနဲ့  အသက်သွင်းခဲ့ရာမှ ယခုဆိုရင် ၂နှစ်ကျော်သွားခဲ့ပါပြီ စတင်ရေးစဉ်က Blog ဆိုတာဘာမှန်းမသိပဲ စမ်းတစ်ဝါးဝါး ရေးခဲ့ရပါတယ် ကနဦးရည်ရွယ်ချက် ကတော့ နိုင်ငံရပ်ခြားမှာ အကြောင်းအမျိုးမျိုး ရည်ရွယ်ချက်အမျိုးမျိုးနဲ့  လာရောက် အလုပ်လုပ်ကိုင်ကြမယ့် ဒို့ မြန်မာများ အတွက် အတတ်နိုင်ဆုံး ဒုက္ခမရောက်ကြပါစေနဲ့ ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့  အလုပ်အကိုင်များနဲ့  ပက်သက်သော သတင်းအချက်လက်လေးများ ပေးမယ်ဆိုတဲ့ စေတနာကောင်းလေးနဲ့ ပထမဦးဆုံး ပိုစ့်ဖြစ်တဲ့ "အေးဂျင့်အတုများ သတိပြု" ဆိုတဲ့ ပိုစ့်လေးကို စတင်ဖြစ်ခဲ့ပါတယ်...

ဒီပိုစ့်လေးဟာလည်း တစ်ကယ်တမ်းကျတော့ ကျွန်တော့်ဆီကိုရောက်လာတဲ့ Forward mail လေးကို ပြန်တင်ပေးခဲ့တာပါ အဲဒီနောက်ပိုင်းမှာ တော်တော်ကြာကြာ ပိုစ့်တွေ မတင်ဖြစ်ခဲ့ရာက iPhone ပေါ်လာပြီးနောက်ပိုင်း တွေ့ ကြုံနေရတဲ့ အခက်ခဲတွေကို မှတ်စုသဖွယ် စုစည်းတင်ပြရင်က စလို့  ကျွန်တော့် Blog လေးမှာ စာရှုသူများလာပြီး IT Blog လေးတစ်ခု သဖွယ် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရပါတယ်...

Multimedia လုပ်ငန်းတွေနဲ့  ဝမ်းကျောင်းခဲ့ရတဲ့ အတွက် IT နဲ့  ပက်သက်လို့ တော့ ကျွန်တော်ဟာ မူကြိုအဆင့်သာ ရှိပါတယ်၊ ဒါကြောင့် မိမိသိတာလေးတွေကို စေတနာ အပြည့်နဲ့  ဖော်ပြရေးသားခဲ့ပေမယ့် ဒီအကြောင်းအရာတွေ အားလုံးကို မျက်စိစုံမှိတ်ပြီး မယုံကြည်ကြပဲ မိမိကိုယ်တိုင် စမ်းသပ်လေ့လာပြီး လိုချင်တဲ့ အဖြေကို ရှာကြပါလို့  ထပ်လောင်း သတိပေးပါရစေ...
Related Posts Plugin for WordPress, Blogger...