စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Friday, September 30, 2011

Facebook ကို Gmail မှာ ထည့်ပြီး သုံးမယ်ဆိုရင်

RFF: December Mg Mg
ဒီနည်းတော့ သူများတွေရေးထားတာလည်း တွေ့ပါတယ် ။ မသိသေးတဲ့သူတွေကို ရည်ရွယ်ပြီးရေးပေးလိုက်ပါတယ် ။ Gmail ဝင်ရုံနဲ့ Facebook ကိုလည်း ဝင်နိုင်တာမို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်တယ်ဆိုလို့ ဆိုလို့ရပါတယ် ။ ဒါကြောင့် Facebook သုံးသူတွင်း လုပ်ထားသင့်ပါတယ် ။
လုပ်ပုံလုပ်နည်းက လွယ်ပါတယ်ဗျာ ။ ဒါကြောင့် အသေးစိတ် မရေးတော့ပါဘူး ။ ပြည့်စုံအောင်တော့ ညွန်ကြားပေးမှာပါ ။
လုပ်ချင်တယ်ဆိုရင်တော့ ပထမဆုံး Gmail ကို ဖွင့်လိုက်ပါ ။
ပြီးရင် Mail Settings ကို ဝင်ပါ ။ Account Settings မဟုတ်ပါ ။ အပေါ်ပိုင်းနားက နာမည်နဲ့ Settings ကို တွေမှာ နိပ်ကြည့်ပါ ။ Mail Settings ဆိုတဲ့ စာသားတွေ့ရပါလိမ့်မယ် ။

ပြီးရင် အဲဒီ Mail Settings က Gadgets ကို နိပ်လိုက်ပါ ။ အပေါ်နားက ခေါ်စဉ်တွေထဲက တစ်ခုပါ ။
အဲဒီမှာ URL ထည့်ဖို့ နေရာတစ်ခုတွေ့လိမ့်မယ် အဲဒီမှာ ဒါတွေကို ထည့်ပေးလိုက်ပါ ။
http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml
ပြီးရင်တော့ F5 ကို တစ်ချက်နိပ်ပေးလိုက်ပါ ။


ခုဆိုရင်တော့ Gmail မှာ Facebook သုံးဖို့ Facebook ရောက်နေပါပြီ...
လုပ်စရာတွေနည်းနည်းကျန်သေးတယ် ။ ဘာမှတော့ မဟုတ်ပါဘူး ...
အဲဒီမှာ Facebook Account နဲ့ ဝင်လိုက် ။ ပြီးပြီဗျာ ... အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်...
Related Posts Plugin for WordPress, Blogger...