စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Wednesday, September 28, 2011

Sleeping iPhone

ပစ်လိုက်ရပြီလို့  ထင်ထားတဲ့ iPhone3Gs လေးကို မထင်မှတ်ပဲ ပြန်ကယ်တင်လိုက်နိုင်လို့ ကျွန်တော် ခုမှ သက်ပြင်းချနိုင်ပါပြီ... iPhone 3Gs (New Bootrom) ကို iOS 4.3.5 ကနေ 4.3.3 ကို Downgrade ဆင်းရာမှာ Error(37) တက်ပြီး ဘာမှ ဆက်လုပ်၍ မရလို့  နောက်ဆုံးမှာ iOS 4.3.5 ကိုသာ Restore ပြန်လုပ်ရပါတော့တယ်။ ဒီလိုနဲ့  နောက် သုံး/လေးရက်လောက်မှာ error(37) ကို Fix လုပ်တဲ့ နည်းကိုတွေ့ ရှိခဲ့ပြီး ဒီနေရာမှာ Update အနေနဲ့  ထပ်မံ ရေးသားပေးခဲ့ပါတယ်။

ယင်းနည်း နှစ်ခုကို ပေါင်းစပ်၍ iPhone 3Gs (New Bootrom) ကိုပဲ နောက်ထပ် Downgrade ချကြည့်ခဲ့ရာ အားလုံး အဆင်ပြေပေမယ့် နောက်ဆုံးမှာ DFU mode ကမထွက်နိုင်ဘူး ဖြစ်နေပြန်ပါတယ်၊
ဘယ်နှစ်ကြိမ် ပြန်လုပ်လုပ် ဒီအဆင့်မှာ တစ်နေပါတယ်၊ ဒီလိုနဲ့  နောက်ဆုံးမှာ Redsn0w 0.9.9b1 (New version) မှာပါဝင်တဲ့ "Fix Recovery" ကို သုံးလိုက်တော့မှ ဖုန်းက ပြန်ပြီးတက်လာပါတယ်။
အတော်လေး ဝမ်းသာသွားပါတယ် အကြိမ်များစွာ ကျဆုံးခဲ့တာဆိုတော့.... Setting ထဲဝင် စစ်လိုက်တော့လဲ Firmware 4.3.3 ပြနေတယ်။ အိုခေသွားပြီပေါ့ဗျာ ဒါနဲ့  Cydia ထဲ source တွေထည့်၊ မြန်မာဖောင့်တွေသွင်းပေါ့လေ....

iTunes နဲ့  သီချင်းလေးတွေသွင်းဦးမှ ဆိုပြီး Music Library ထဲကို သီချင်းလေးတွေ ပြင်ဆင် iPhone လေး ဘေးချလို့ ပေါ့၊ ပြီးလို့  Sync လုပ်မယ်ဆိုပြီး ဖုန်းလဲ ကောက်ကိုင်လိုက်ရော Black Screen (လုံးဝ ဖုန်းပိတ်ထားသလို) မျိုးဖြစ်နေပါလေရော....
Battery များ ကုန်သွားလာဆိုပြီး PC နဲ့ လဲချိပ်ကြည့်ရော iTunes က Restore လုပ်ပါဆိုပြီး တက်လာပါတယ် ဒါနဲ့  ထုံးစံအတိုင်း Original firmware 4.3.5 ကို Restore ပြန်လုပ်တာပေါ့.....

(ပထမနေ့ )
အဲဒီမှာတင် ဇာတ်လမ်း စတော့တာပဲ 4.3.5 Restore ပြီးခါနီးရင် error (1601) နဲ့  error ပေါင်းစုံတက်တယ် နောက်ဆုံး error(28) ဆိုတာတောင် တက်တယ် (error 28 က Hardware ပျက်နေရင် တတ်လာတဲ့ error မျိုး) ဖုန်းက wrantty ကုန်သွားပြီ ဆိုတော့ နောက်တစ်လုံး သွားပြန်လဲလို့ လဲမရ၊ နည်းပေါင်းစုံနဲ့  Exit Recovery, Exit DFU လုပ်တယ်..

ဖုန်းက screen မှာ မီးရောင်လေး တစ်ချက်တောင် မသန်းဘူး (ဒီလိုနဲ့ ) ည ၂ နာရီ ထိုးသွားပြီ၊ မနက် အလုပ်ဆင်းရဦးမယ် နာရီကို Alam ပေးပြီး အိပ်လိုက်တယ်... အိပ်မပျော်ဘူး စိတ်ကူးနေတယ် အဖြေရှာနေတယ် ဘာကြောင့်လဲ....??????

(ဒုတိယနေ့ )
အလုပ်ထဲမှာ တစ်နေကုန် ခေါင်းက နောက်ကျိနေတယ် အချိန်ရရင် အဖြေထုတ်ကြည့်တယ်၊ အိမ်ပြန်ရောက်တော့ ချက်ချင်း ကွန်ပျူတာရှေ့ ထိုင်ပြီး စဉ်းစားထားတာတွေ နဲ့  ပြန်ကြိုးစားကြည့်တယ်၊ Custom Restore IPSW များ error ဖြစ်နေလား ပြန်စစ်၊ မသင်္ကာလို့ (ရှိပြီးသားကိုပဲ) ပြန် download ထပ်လုပ်နဲ့  Desktop မှာလဲ ပွရှုပ်လို့ ...။
Limera1n,RedsnOw,iReb,RecBoot,Green poisiOn,Libus,etc.... တော်တော်စုံသွားပြီ... မောလည်း မောပြီ....

ကျွန်တော့် site မှာ ရေးစရာ အကြောင်းရာသစ်တွေ ရှိနေပေမယ့် မရေးနိုင်သေးဘူး mail နဲ့  မေးထားတာတွေလဲ အချိန်လုပြီး ပြန်ဖြေ နဲ့ ဥာဥ့်နက် သွားပြန်ပါလေရော..
ဒါပေမယ့် ပထမ ညကလောက် စိတ်မပူတော့ဘူး (ဘာကြောင့်လဲ) ဒီည ကျွန်တော် Tool တစ်ခုနဲ့  စမ်းလိုက်တာ iPhone screen မီးလင်းလာတယ် ဒါပေမယ့် ရှေ့ ဆက်မတက်ဘူး (ပန်းသီးပုံ) လေး မမြင်ရတာ ၃ ရက်ရှိသွားပြီ ....

(တတိယနေ့ )
ဒီနေ့  အလုပ်က စောစောပြန်ရောက်တယ်.... iTunes နဲ့  iPhone ချိပ်ပြီး နေ့ လည်က စဉ်းစားထားသလို iOS4.1(IPSW) ကို Restore ချလိုက်တယ် မနေ့ ညကလိုပဲ screen မီးလင်းလာတယ် ရှေ့ မတက်ဘူး iTunes error တက်တယ်....

ရတယ်... တစ်ဖြည်းဖြည်း iOS နှိမ့်ပြီး Restore လုပ်သွားလိုက်တာ iOS3.1.3 နဲ့ လည်း စမ်းရော ပန်းသီးလေး တက်လာပါလေရောဗျာ..... ပျော်လိုက်တာ မပြောပါနဲ့ တော့ (ဟုတ်တယ်) စိတ်ဓါတ်က ကျနေပြီ၊ ပြီးတော့ Hardware ပိုင်းများ တစ်ခုခု ဖြစ်သွားပြီလားလို့  သံသယက ဝင်နေပြီလေ...
Restore လုပ်လို့  ပြီးခါနီးမှာ error (1015) တက်လာပြီး "Recovery mode" ဖြစ်သွားတယ်... ဘယ်ရမလဲ TinyUmbrella က TSS server ကို stop လုပ်ပြီး "Exit Recovery" ကိုနှိပ်ပေးလိုက်တာ တစ်ခါထဲ ထွက်သွားပါလေရော၊





iTunes ကိုပြန်ဖွင့်လိုက်တော့ iPhone က iOS3.1.3 ဖြစ်သွားပြီ... ဖုန်းကို Power ON/OFF ဘာပြဿနာမှ မရှိပဲ ပုံမှန်ပြန်ရသွားပါတယ်....



ဒီလောက်နဲ့  မကျေနပ်လို့  DFU mode ပြောင်း TinyUmbrella Run ပြီး iTunes ကနေ iOS4.3.3 ကို Restore ပြန်လုပ်ပေမယ့် ဟိုးးးး ပထမနေ့ က အခြေနေကို ပြန်ရောက်သွားပါတယ်... ဒါနဲ့  3.1.3 ပြန်ဆင်း iOS 4.1 အထိ မြှင့်ပြီး Restore လုပ်ပါသော်လည်း မရတော့တဲ့ အတွက် iOS4.3.5 ကို Restore ပြန်လုပ်လိုက်ပါတယ်...

4.3.5 မှ 4.3.3 ကို Downgrade ဆင်းရာတွင် iPhone 3Gs (Old Bootrom), iPhone 3Gs (New Bootrom), iPhone 4 တို့ ၏ တွေ့ ကြုံရသော error များ ကွဲပြားနိုင်၍ အထူးသတိပြု လုပ်ဆောင်ကြပါရန် အသိပေးလိုပါသည်။

ဤမျှသာ... အခမဲ့ ဆိုတဲ့ အရာရာတိုင်းမှာ ခန့် မှန်းလို့ မရနိုင်တဲ့ တန်းဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
Source: မိုးသကြား
Related Posts Plugin for WordPress, Blogger...