စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Friday, September 30, 2011

iPhone, iPad, iPod Touch တို့ တွင် iTunes မလိုဘဲ Music သွင်းနည်း

RFF: မြန်မာ Mobile Application Store
iTunes နဲ့ Music တွေ Sync လုပ်ရတာ စိတ်ပျက်နေသူတွေ အတွက် Pwn Tunes ဆိုတာလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Pwn Tunes ကိုသုံးဖို့ အတွက် သင့်ရဲ့  iDevice ဟာ Jailbreak လုပ်ထားရပါမယ်။ Pwn Tunes က Cyida App လေးတစ်ခုပါ။ Cyida ထဲမှာ Pwn Tunes လို့ ရှာပြီး ဒေါင်းလို့ ရပါတယ်။ Cydia ကနေ ဒေါင်းလို့ အဆင်မပြေတဲ့သူတွေကနေ mediafire မှာ .deb file တင်ပေးလိုက်ပါတယ်။ .deb file ကို iDevice ထဲမှာ ဘယ်လို install လုပ်ရမလဲ ဆိုတာ အရင်ပြောပြပါမယ်။ တစ်ခြားနည်းလမ်းတွေလဲ အများကြီးရှိပါသေးတယ်။ ဒီမှာတော့ iPhone Explorer နဲ့ ပဲ လုပ်ပြထားတယ်။ :)
iPhone Explorer နဲ့  Deb file ကို အောက်က Link မှာ ဒေါင်းလိုက်ပါ။
iPhone Explorer ကိုဖွင့်ပြီး Zin Ko Oo/Root Directory/var/root/Media/Cydia/AutoInstall အဲဒီလမ်းကြောင်းအတိုင်းသွားလိုက်ပါ။

Zin Ko Oo နေရာမှာတော့ ကိုယ့် iDevice Name ပေါ့.. :P
အဲဒီလမ်းကြောင်းထဲကနေ AutoInstall Folder ထဲကို ကျွန်တော်ပေးထားတဲ့ PwnTunes.deb file လေး ဆွဲထည့်လိုက်ပါ။ ပြီးရင် iDevice ကို reboot လုပ်လိုက်ပါ။ reboot လုပ်ပြီးရင်တော့ PwnTunes ကို install လုပ်ပြီးသွားပါပြီ။
ပြီးရင် မိမိ iDevice ထဲတွင် Settings >> PwnTunes >> Generate Playlists နဲ့  Needs Sync ကို On ထားလိုက်ပါ။
Related Posts Plugin for WordPress, Blogger...