စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Monday, September 5, 2011

ADSLအင်တာနက် လိုင်းကို ကနဦးတပ်ဆင်ခ ငွေ ကျပ် ၁၅ သိန်းမှ ငွေကျပ် ငါးသိန်း နှုန်းသို့ လျှော့ချ

Picture
ADSL အင်တာနက်လိုင်းကို ကနဦးတပ်ဆင်ခငွေကျပ် ၁၅ သိန်း နှုန်းမှ ငွေကျပ်ငါးသိန်းနှုန်းသို့ ယခုနှစ်အတွင်း လျှော့ချအသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။

ယခင်က ADSL အင်တာနက်လိုင်း လျှောက်ထားရာတွင် ကနဦး တပ်ဆင်ခအဖြစ်ငွေကျပ် ၁၅ သိန်းကို ပေးသွင်းခဲ့ရသော်လည်း ယခုအခါ ငွေကျပ် ငါးသိန်းနှုန်းသို့ လျှော့ချ အသုံးပြုခွင့် ပေးသွားရန်ရှိကြောင်း အဆိုပါ ADSL အင်တာနက်လိုင်း အပြင် အခြားအင်တာနက်လိုင်း အမျိုးအစားများကိုလည်း ဈေးနှုန်းလျှော့ချ ကာ ၀န်ဆောင်မှုများ ပေးသွားရန်ရှိကြောင်း သိရှိရသည်။

“ADSL အင်တာနက်လိုင်းတွေ ရဲ့ အရင်မူရင်းဈေးက ငွေကျပ် ၁၅ သိန်းဖြစ်ပါတယ်။ ကြိုးဖုန်းရှိမှ လျှောက်ထားလို့ရပါတယ်။ အခု နောက်ပိုင်းမှာ အင်တာနက်ကို ပြည်သူတွေ ပိုမို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့အတွက် ဈေးနှုန်းတွေ လျှော့ချသွားဖို့ ရှိပါတယ်။ ADSL အင်တာနက်လိုင်းကိုလည်း ကျပ်ငါးသိန်း ၀န်းကျင်နှုန်းနဲ့ ယခုနှစ်အတွင်း လျှော့ချအသုံးပြုခွင့် ပေးသွားဖို့ စီစဉ်နေပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် အင်တာနက် အသုံးပြုနိုင်အောင် နယ်မြို့တွေမှာ နှစ်သိန်း၊ သုံးသိန်းလောက်နဲ့ ရောင်းပေးပြီး နယ်မြို့တွေက အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေမှာ အခမဲ့ တပ်ဆင်ပေးနိုင်ရင် ပိုပြီးအကျိုးရှိလာမှာ ဖြစ်ပါတယ်  .  .  . ADSL အင်တာနက်လိုင်းသည် အမြန်နှုန်း 256kbps မှ 2048 kbps အဖြစ် အသုံးပြုနိုင်သော အင်တာနက်လိုင်းများ ဖြစ်ပြီးလစဉ်ကြေးကို အမြန်နှုန်းပေါ် မူတည်ပေးသွင်း ရကြောင်း သိရှိရသည်။

ယခင်စာရင်းများအရ မြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင်ထားသော လိုင်းအရေအတွက်မှာ ၄၀၀၀၀ ကျော်ရှိပြီး အများစုမှာ ADSL အင်တာနက်လိုင်းဖြင့် ချိတ်ဆက်ထားခြင်း ဖြစ်ကြောင်း၊ ADSL လိုင်းဖြင့် အင်တာနက် သုံးစွဲသူအရေအတွက်မှာ ရန်ကုန်မြို့၌ အများဆုံးဖြစ်ပြီး ၅၀၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။

“ADSL အင်တာနက်လိုင်းတွေရဲ့ ကနဦးတပ်ဆင်ခကို ၁၅ သိန်း ကနေ ငါးသိန်း လျှော့ချလိုက်တဲ့ အတွက်သုံးစွဲသူတွေ ပိုအဆင်ပြေလာဖို့ ရှိပါတယ်။ အင်တာနက် တပ်ဆင်ခွင့်ကို ကိုယ်စားလှယ်အဖြစ် ရရှိထားတဲ့ Sky Net တို့ Red Link  တို့လို ကုမ္ပဏီတွေအနေနဲ့လည်း အင်တာနက် အသုံးပြုခတွေကို လျှော့ချပေးဖို့ လိုပါတယ်။ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် အင်တာနက် အသုံးပြုနိုင်အောင် နယ်မြို့တွေမှာ နှစ်သိန်း၊ သုံးသိန်းလောက်နဲ့ ရောင်းပေးပြီး နယ်မြို့တွေက အထက်တန်းကျောင်း တွေ၊ တက္ကသိုလ်တွေမှာ အခမဲ့တပ်ဆင်ပေးနိုင်ရင် ပိုပြီး အကျိုးရှိလာမှာ ဖြစ်ပါတယ်”ဟု သုံးစွဲသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်းရှိ အိုင်တီပိုင်းဆိုင်ရာ ပညာရှင်တစ်ဦးက “နိုင်ငံတကာမှာတော့ ဖုန်းကြိုးကို အသုံးပြုပြီး အင်တာနက်ချိတ်ဆက်တဲ့ စနစ်ထက် ဖိုက်ဘာကြိုးကို အသုံးပြုပြီး အင်တာနက်ချိတ်ဆက်တာတွေ ပိုအသုံးများ ပါတယ်။ စင်ကာပူမှာ IT ပိုင်းဆိုင်ရာ ကုမ္ပဏီကြီးသုံးခု ရှိပါတယ်။ starhub ကုမ္ပဏီ၊ singtel ကုမ္ပဏီနဲ့ M1 ကုမ္ပဏီ တွေဖြစ်ပါတယ်။ starhub ကုမ္ပဏီရဲ့ Broadband စနစ်နဲ့ အင်တာနက် အသုံးပြုခဆိုရင် 3Mpbs အမြန်နှုန်း ကို တစ်လ၀န်ဆောင်ခ စင်ကာပူ ဒေါ်လာ ၂၆ ဒေါ်လာ(ကျပ် ၁၅၀၀၀) ၀န်းကျင် ပေးရပါတယ်။ ဒီဝန်ဆောင်မှုမှာ အခမဲ့ပြည်တွင်း ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်နိုင်တဲ့ ကြိုးဖုန်းတစ်လုံးအခမဲ့ တပ်ဆင်ပေးပါတယ်။ singtel ကုမ္ပဏီမှာ 6 Mpbs ရှိတဲ့ Broadband အင်တာနက်စနစ်ကို တစ်လချင်းစီအတွက် စင်ကာပူဒေါ်လာ ၃၆ ဒေါ်လာ (ကျပ် ၂၁၀၀၀) ၀န်းကျင်လောက် ပေးရပါတယ်။ ဒါ့အပြင် ဒီစနစ်မှာ အခမဲ့ဝန်ဆောင်မှုအဖြစ် laptop နဲ့ချိတ်ဆက်ပြီး အင်တာနက် အသုံးပြုနိုင်မယ့် portable moden တစ်ခုကို ထည့်ပေးပါတယ်။ သူတို့ ဆီမှာ လစဉ်ကြေးကိုပဲ အဓိက သတ်မှတ်ထားပါတယ်” ဟု ပြောပြခဲ့သည်။

ပြည်တွင်း skynet  ကုမ္ပဏီ၏ အင်တာနက်တပ်ဆင် အသုံးပြုခများ မှာ  2 Mpbs ရှိ FTTX  အင်တာနက် စနစ်အတွက် တစ်လလျှင် လစဉ် ကြေးငွေကျပ် ၁၅၀၀၀၀ကို ပေးသွင်းရကြောင်း၊ ကနဦး တပ်ဆင်ခ အဖြစ် ငွေကျပ် ၈၀၀၀၀နှင့် ပစ္စည်းပိုင်းဆိုင်ရာ ကုန်ကျစရိတ်အဖြစ် ငွေကျပ် ၁၀၀၀၀၀ ကို ပေးသွင်းရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၌ အင်တာနက်သုံးစွဲမှု အနေဖြင့် ၂၀၀၈ခုနှစ်တွင် အင်တာနက်သုံးစွဲသူ အရေအတွက် ၇၈၀၀၀ ကျော်၊ ၂၀၀၉ခုနှစ်တွင် ၉၃၀၀၀ ကျော် ၂၀၁၀ ပြည့်နှစ်တွင် ၃၅၀၀၀၀ ကျော် ရှိလာကြောင်း သိရှိရသည်။   
Related Posts Plugin for WordPress, Blogger...