စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Saturday, July 30, 2011

Computer Screen Filter လေးသုံးကြည့်ရအောင်

ကျတော်တို့တစ်တွေ ကွန်ပျူတာကို အကြာကြီး သုံးတဲ့ အခါ မျက်ရိုးကိုက်လာတာတို့ ခေါင်းကိုက်လာတာတို့ ဖြစ်တတ်ပါတယ်။ ဒါတွေက ကွန်ပျူတာက ထွက်တဲ့ အလင်းရောင်တွေကြောင့်ပေါ့။ အသုံးပြုချိန် ကြာတာနဲ့ အမျှ ကျန်းမာရေးကလည်း ထိခိုက်လာပါတော့မယ်။ အဲဒါတော့ ကျတော်တို့ ကွန်ပျူတာတွေကို Screen filter လေးခံပြီး သုံးကြည့်ရအောင် . . .
သူက ဘာလုပ်ပေးသလဲ ဆိုတော့ Screen ရဲ့ အလင်းရောင်ကို အမှိန်အဖျော်ညှိပေးတာပါ။

ဆော့ဝဲလေးက ပေါ့တေးဘယ်လေးဖြစ်လို့ ဒေါင်းလုတ်ချပြီး တာနဲ့ ရမ်းလိုက်ရုံပါပဲ။ အဲလိုရမ်းလိုက်ရင် ကွန်ပျူတာရဲ့ ညာဖက်ထောင့်မှာ လေးထောင့်ကွက်ကလေး တစ်ခုပေါ်လာပါလိမ့်မယ်။ အမှိန်အဖျော့ကို ညှိချင်တယ် ဆိုရင်တော့ အဲဒီလေးထောင့်ကွက်လေးပေါ်မှာ Right Click ခေါက်ပြီး ရွေးပေးလို့ ရပါတယ်။ ကွန်ပျူတာရဲ့ ပုံမှန်အလင်းရောင်ကို ပြန်လိုချင်တယ် ဆို၇င်တော့ Right Click ခေါက်ပြီး Exit ကို ကလစ်ပေးလိုက်ရင် ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။ အားလုံးပဲ အသုံးတည့်မယ်လို့ ထင်ပါတယ်။ ဆော့ဝဲကို အောက်မှာဒေါင်းယူလိုက်ပါနော်။   
Source : အညာသား Group

Related Posts Plugin for WordPress, Blogger...