ယနေ့ခေတ်တွင် Network မှာ မသိမဖြစ် မတတ်မဖြစ် ဘာသာ ရပ်တစ်ခု ဖြစ်လာနေပါသည်။ ကွန်ပျူတာ လေ့လာသူ လူငယ်၊ လူရွယ် တိုင်း Network
ကို နားလည်ပြီး ချေချေမြစ်မြစ် သိရှိထားပါက အတတ် ပညာတစ်ခုအနေဖြင့်
လုပ်ကိုင် စားသောက်နိုင်မည် ဖြစ်သည်။ ခေတ်နှင့် အညီ ပေါ်ထွန်းလာသော အင်တာနက်
ကဖေးများကြောင့်လည်း ကွန် ယက်နည်းပညာမှာ ပိုမိုအရောင်တောက်ပလာ ပါတော့သည်။
ထို့ကြောင့် ဆာဗာများတွင် အင်တာနက်ချိတ်ဆက်သည့် နည်းပညာ အနေအထားတို့ ကို
လေ့လာသင့်၊ မှတ်သားသင့်သည်များလည်း တစတစများပြား လာရပါ သည်။ ယခု အောက်တွင်
ဖော်ပြထားသော စာစုသည် ကွန်ယက်ယှက်ဖျာ မည့်သူများ မသိမဖြစ် သိရှိရမည့် NAT နှင့် Proxy Server တို့ အကြောင်းပင် ဖြစ်သည်။ Knowledge Bridge စာရှုသူများ လေ့လာနိုင်စေရန် ရည်ရွယ်ပါသည်။
IP
Poctet ဖြစ်တဲ့ IP Address နဲ့ TCP or UDP Port Number တွေကို
ပြောင်းလဲပေးနိုင်တာကို Network Address Translation လို့ ခေါ်ပါတယ်။ ဥပမာ
ISP မှ ချပေးထားတဲ့ ISP Allocated IP Address တစ်ခုနဲ့ အင်တာ နက်သုံးဖို့
လက်ခံခွင့် ရတဲ့အခါ Internal Network အတွင်းက ကွန်ပျူတာ များကို NAT
Service ဖွင့်ပေးပြီး အင်တာနက် အသုံးပြုခွင့် ရအောင် ပြု လုပ်ပေးတာ
ဖြစ်ပါတယ်။
NAT Service ကို ဘယ်လိုနေရာတွေမှာ အသုံးချလဲ
NAT
Service ကို မိမိရဲ့ အတွင်းပိုင်း ကွန်ယက်ထဲမှာရှိတဲ့ ကွန်ပျူ တာတွေကို
အင်တာနက် အသုံးပြုခွင့် ရရှိထားတဲ့ ကွန်ပျူတာထဲက အသုံးပြုခွင့် ပြန်လည်
မျှဝေခံစားခွင့် ရရှိချင်ရင် NAT Service ကို အသုံးချ လို့ ရတာကို
တွေ့ရပါတယ်။
Basic Nat နဲ့ PAT ဆိုတာ
NAT မှာ အလွှာနှစ်ခု ရှိတာကို တွေ့ရပါတယ်။ တစ်ခုက Basic NAT နဲ့ PAT (Port Address Translation) တို့ ဖြစ်ကြပါတယ်။
Basic Nat ဆိုတာက IP Address တွေကိုပဲ Translation လုပ်ပေးနိုင် ပြီး Port တွေကို Mapping လုပ်မပေးနိုင်ပါဘူး။
PAT
ကတော့ NAT (Network Address Translation) (သို့) NAPT (Network Address
Port Translation) လို့လဲ ခေါ်ကြပါတယ်။ သူက IP Address နဲ့ Port Number
နှစ်ခုလုံးကို Translation လုပ်ပေးနိုင်စွမ်း အပြည့် အ၀ရှိတာကို
တွေ့ရပါတယ်။
Basic Nat နဲ့ PAT Level ဘာကြောင့် ကွဲရသလဲ
IP
Pocket တွေ အားလုံးမှာ Source IP Address နဲ့ Destination IP Address တွေ
ကိုယ်စီ ရှိကြပါတယ်။ ဒါကြောင့် IP Address နဲ့ Destination Address တွေကို
Translate လုပ်လို့ ရပါတယ်။
ဒါပေမဲ့ အချို့ IP Pocket တွေမှာ Port Number မရှိကြပါဘူး။
ဥပမာ ICMP
(Internet Control Message Protocol) လိုမှာတော့ Port Number မရှိပါဘူး။
အဲဒီလိုမျိုး Port တွေကို Translate လုပ်ဖို့ လိုအပ်ခြင်း မရှိပဲ Port
Number ရှိတဲ့ Protocol တွေ ဆိုရင်တော့ Source Port နဲ့
Destination Port Number တွေကို Translate လုပ်ပေးရမှာ ဖြစ်ပါတယ်
ဒီအတွက်ကြောင့် NAT မှာ Level နှစ်မျိုး ကွဲကွာသွားရခြင်း ဖြစ်ပါတယ်။
SNAT နဲ့ DNAT ဆိုတာ ဘာလဲ
Source
IP Address နဲ့ Source Port Number များအား Translation လုပ်ပေးခြင်းကို
SNAT ဟု ခေါ်နိုင်ပြီး DNAT ကတော့ Destination Address နဲ့ Destination Port
Number များကို Translation လုပ်ပေး ခြင်းကို DNAT (Destination Network
Address Translation) လို့ ခေါ်ပါတယ်။
ကွန်ပျူတာများရဲ့
IP Address နဲ့ Port Number များကို မူလပုံစံ ပြောင်းလဲပေးတာတွေကို SNAT
ဖြစ်တယ်လို့ မှတ်ယူနိုင်ပြီး ကွန်ပျူတာများ ရဲ့ IP Address နဲ့ Port Number
များကို လမ်းညွှန်ပေးတာ အားလုံးကို DNAT လို့ မှတ်ယူထားနိုင်ပါတယ်။
SNAT နဲ့ DNAT တို့ဟာ NAT Service ကို လုပ်ဆောင်တဲ့အခါ တပြိုင်နက်တည်း အလုပ်လုပ်ပေးကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
NAT အမျိုးအစားများ
NAT များကို အမျိုးအစား ခွဲခြားကြည့်ပါက (၄) မျိုးတွေ့ရမှာဖြစ်ပါ တယ်။
Symmetric Nat
Port Restricted Cone NAT
Full Cone NAT
Restricted Cone NAT တို့ ဖြစ်ကြပါတယ်။
NAT ဘယ်လို အလုပ်လုပ်လဲ
ကွန်ပျူတာ
အသုံးပြုရတဲ့ သူ့ရဲ့စက်မှာ အင်တာနက် အသုံးပြုလို့ ရနေပြီးတော့
ကွန်ပျူတာမှာ NAT Service ဖွင့်ပေးလိုက်တာနဲ့ မိမိရဲ့ Private LAN ထဲက PC
တွေဟာ အင်တာနက်ရရှိသွားမှာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ စဉ်းစားရမှာ
တစ်ခုက NAT Service ဘယ်လို အလုပ်လုပ်ပြီး အင်တာနက် သုံးခွင့် ဘယ်လိုရသွားလဲ
ဆိုတာကိုတော့ စဉ်းစားသင့်ပါတယ်။
NAT
အလုပ်လုပ်တဲ့ ပုံစံက အသုံးပြုသူရဲ့ Internal Network က Internet Resource
နဲ့ ချိတ်ဆက်ရမယ်။ အဲဒီအခါမှာ Internal Network ထဲမှာရှိတဲ့ PC တစ်လုံးက IP
Packet ဖြစ်တဲ့ IP Address. TCP or UDP Port တွေကို
ဖန်တီးပြီး အင်တာနက် အသုံးပြုခွင့် ရထားတဲ့ NAT Service ဖွင့်ထားတဲ့ PC
ရှိရာကို IP Packet ပို့လွှတ်လိုက်တယ်။ Internal ထဲက Source IP Address ဟာ
IP Packet ပို့လွှတ်တဲ့ Computer ရဲ့ IP Address ဖြစ်ပြီး Source
Application နဲ့ TCP or UDP Port အတိုင်းပဲ ဖြစ်ပါတယ်။ အခုဆက်ပြီး NAT နဲ့
နှိုင်းယှဉ်မဲ့ဟာကတော့ Proxy server အကြောင်း ဖြစ်ပါတယ်။
Proxy Server ဆိုတာ
Proxy
Server ဆိုတာက Internet Connection Share ပေးတဲ့ Server ဖြစ်ပါတယ်။
ကွန်ပျူတာ အသုံးပြုသူတွေက မိမိဝယ်ယူထားတဲ့ Internet Connection ကြီးကို
Proxy Server နဲ့ ချိတ်ဆက်ပြီး မိမိရဲ့ Local Area Network ထဲမှာ ရှိတဲ့
ကွန်ပျူတာပေါင်း များစွာကို အင်တာနက် အသုံးပြုလို့ရအောင်
ချိတ်ဆက်ပေးနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့
ISP ကြီးက နိုင်ငံတကာ ကွန်ယက်ကြီး ဖြစ်တဲ့ Internet နဲ့ ချိတ်ဆက်တယ် အဲဒီ
ISP ကနေ တစ်ဆင့် Proxy Service နဲ့ ချိတ်ဆက်တယ်။ ၄င်း Proxy ကနေ တစ်ဆင့်
LAN နဲ့ ပြန်ချိတ်ဆက်တယ်။ Proxy Server ကို အလွယ်ပြောရရင်တော့ ISP ကနေ
ရရှိထားတဲ့ အင်တာ နက်ကွန်နက်ရှင်ကို မိမိရဲ့ Local Area Network ထဲက PC
ပေါင်းများစွာနဲ့ အသုံးပြုခွင့် ရအောင်လုပ်ပေးတဲ့ Internet Sharing Server
ကြီးပဲ ဖြစ်ပါတယ်။ Internet ကို Share လုပ်ပေးတဲ့ နည်းလမ်းတွေ အများကြီး
ရှိပါသေးတယ်။ ဒါပေမဲ့ အင်တာနက်ကို အခြား Share လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေ
ရှိပေမယ့်လည်း Proxy Server တိုင်ပြီ Share ပေးသုံးတာက တော့ အကောင်းဆုံး
နည်းလမ်းလို့ ဆိုနိုင်ပါတယ်။ အခြား Share ပေးလို့ ရတဲ့ နည်းလမ်းတွေကို
လေ့လာကြည့်မယ်ဆိုရင် -
1. ICS (Internet Connection Sharing Service)
2. NAT (Network Address Translation Service)
3. Proxy Server တို့ပဲ ဖြစ်ကြပါတယ်။
Internet
Connection Sharing Service (ICS) ကို အသုံးပြုမယ်ဆို ရင် PC
အလုံးအရေအတွက် ၂၅၄ ပဲ အသုံးပြုနိုင်ပါတယ်။ ဘာကြောင့် PC အလုံးအရေအတွက် ၂၅၄
လုံးပဲ သုံးနိုင်တာလဲဆိုရင် ICS Service ကို ဖွင့်င်္ပြီး Share လိုက်တာနဲ့
LAN ထဲမှာ ရှိတဲ့ PC တွေဟာ TP: 192. 168.0.1 ကစပြီး IP: 192.168.0.254,
Subnet Mask 255.255.255.0 ထိပဲ အသုံးပြုခွင့်ရလို့ပဲ ဖြစ်ပါတယ်။ ICS
Service နဲ့ Internet Connection ကို Share ပေးတာက Network Tracffic ကို
မထိန်းနိုင်ပါဘူး။
နောက်ထပ်
Internet Connection ကို Share လုပ်ပေးနိုင်တဲ့ Service ကတော့ NAT Service
ဖြစ်ပါတယ်။ သူက ICS လိုမျိုးပဲ၊ 92.168.0.0 Network Class တစ်ခုထက်မက
မိမိကြိုက်နှစ်သက်တဲ့ IP Address Class တွေကို သတ်မှတ်ပြီး Internet ကို
Share ပေးနိုင်ပါတယ်။ နောက်ပြီး NAT Service မှာ Basic Firewall ပါရှိတဲ့
အတွက်ကြောင့် မိမိရဲ့ LAN ထဲက Computer တွေအတွက် လုံခြုံမှုတော့ ရှိပါတယ်။ သို့ပေမဲ့လည်း NAT ဟာ Proxy Server ကို အသုံးပြုပြီး Internet ကို Share ပေးတဲ့နေရာမှာတော့ သူ့ရဲ့ အားသာချက်တွေကတော့ အများကြီးပါပဲ။ Proxy
Service ကို သုံးမယ်ဆိုရင် မိမိ LAN အတွင်းမှာ ရှိတဲ့ PC တွေကို
မိမိကြိုက်တဲ့ IP Address Class သတ်မှတ်ပေးလို့ ရပါတယ်။ NAT နဲ့ ICS
Service လို မဟုတ်တဲ့ ထူးခြားချက် တစ်ခုကတော့ Computer တွေဟာ အင်တာနက်နဲ့
တိုက်ရိုက် ချိတ်ဆက်ထားတာ မဟုတ်ပဲ Proxy Server က ကြားခံပေးထား တဲ့အတွက်
လုံခြုံရေး အထူးကောင်းမွန်တာကို တွေ့ရပါ တယ်။ Proxy Server
ကနေ Client တွေကို ပေးမသုံးချင်တဲ့ ၀က်ဘ်ဆိုက်တွေကို ပိတ်ထား လို့ ရပါတယ်။
ဒါ့အပြင် မိမိ Client တွေကို File Download လုပ်ခွင့်
ဘယ်လောက်ပဲ ပေးမယ်ဆိုတာတွေ၊ အင်တာနက်ကိုအချိန်နဲ့ ကန့်သတ် တာတွေ Client
Computer ကနေ Website တစ်ခု ခေါ်သုံးတဲ့ အချိန်မှာ Proxy server ထဲကနေ Cache
လုပ်ပြီး ကြည့်နိုင်တာတွေ ပြုလုပ်ပေး နိုင်ပါတယ်။ Proxy server ဟာ Network
Traffic မဖြစ်အောင်လည်း ကောင်းမွန်စွာ ထိန်းညှိပေးတာကို တွေ့ရပါတယ်။
နောက်ပြီး
LAN ထဲမှာ ရှိတဲ့ PC တွေ သုံးခဲ့တဲ့ ၀က်ဘ်ဆိုက်တွေကို ကြည့်ချင်တယ်ဆိုရင်
Proxy Server Log File ထဲမှာ ၀င်ရောက် ကြည့်ရှုနိုင် ပါတယ်။ LAN ထဲမှာ
ရှိတဲ့ PC များကို Internet သုံးရာမှာ မိမိသတ်မှတ်ထား တဲ့ User Name,
Password ကို သိမှ Internet သုံးနိုင်အောင်ထိ ပြုလုပ် ထားနိုင်ပါတယ်။