ကဲ ဒီနေ့ တော့ရေးပီဗျာ.... ဒီ Post ကတော့ Jailbreak ဖြစ်ပြီးသား iPhone တွေ အတွက်ပဲနော် Firmware 3.1.2, 3.1.3 ပဲဖြစ်ဖြစ် Firemware အားလုံးနှင့် အကြုံးဝင်ပါတယ်။
Free App နှင့် Games များ ကို Full version အနေနဲ့ ရယူသွားနိုင်ရန် နည်းလမ်းလေးပါ။
ပထမဦးစွာ သင့်ရဲ့ iPhone(3G,3Gs) သည် Jailbreak လုပ်ပီးသား ဖြစ်ရပါမယ်၊ Jailbreak လုပ်ပုံ အဆင့်ဆင့် ကို ဒီမှာ (Firmware 3.1.2 , Firmware 3.1.3 ) ပြန်လည်ဖတ်ရှုပါ။
Jailbreak ဖြစ်ပြီးသား iPhone ရဲ့ Home Screen မှာ Cydia Application ရှိနေမှာပါ။

၁) Cydia ကို ဖွင့်ပါ (iPhone Home မှာရှိပါတယ်)
၂) Manage ----> Sources ကိုသွားပါ။

Edit ကို နှိပ်ပြီး Add ကို ထပ်နှိပ်ပေးပါ၊ ထိုအခါ URL ဖြည့်ရန် Box တစ်ခု ပေါ်လာပါမယ်




၎) Box ထဲတွင် http://cydia.hackulo.us ဟု ရိုက်ထည့်ပေးပြီး Add Source ကိုနှိပ်ပေးပါ၊
အခုဆိုရင် သင့်ရဲ့ Source မှာ Hackulo.us ဆိုပြီး အောက်ပါပုံ အတိုင်းရပါပြီ။
ပြီးရင် Done ကို နှိပ်ပါ။

၅) Search ကိုနှိပ်ပြီး Search box ထဲတွင် Installous ဟုရိုက်ထည့်ပြီးရှာပေးပါ၊


မှတ်ချက်။ ။ search box တွင် စာရိုက်နေချိန်တွင် Keyboard အလုပ်လုပ်မှုနှေးကွေးသွားမှာ ဖြစ်တဲ့ အတွက် တစ်လုံးခြင်း cursor ကို စောင့်ရိုက်ပါ။
၆) Installous ကို တွေ့ ပြီဆိုပါ က install လုပ်ပါ။ အောက်ပါပုံအတိုင်း တစ်ဆင့်ခြင်းသွားပါ။



၇) Installous install လုပ်ပြီးသွားပါက သင့် iPhone Home page မှာ အောက်ပါအတိုင်းတွေ့ ရပါမယ်။


အခုဆိုရင် Installous App လုပ်ခြင်းပြီးဆုံးပါပြီ။
၈) Installous ကို နှိပ်ပါက သင် အလိုရှိတဲ့ App တွေ Games တွေကို Free Download ရယူနိုင်ပါပြီ။
လိုချင်သော App ကို ရှာတွေ့ ပြီ ဆိုပါက ချက်ခြင်း Install မလုပ်ပဲ Download အရင်လုပ်ပါ ပြီးမှ Install လုပ်ဖို့  သတိပေးပါရစေ။
Download လုပ်ပြီးသား App တွေ ကို Installous ရဲ့  Downloads ထဲမှာ ရှိနေပါတယ်။
မှတ်ချက်။ ။ Phone ကတဆင့် download လုပ်ပါက အချို့ App များသည် နာရီနဲ့ ချီကြာတတ်ပြီး connection မကောင်းပါက ဆက်ပြီး အလုပ်မလုပ်တာမျိုး ဖြစ်တတ်တဲ့ အတွက် PC မှနေပြီး http://apptrackr.org/ တွင် Download လုပ်ခြင်းသည် အကောင်းဆုံး ဖြစ်ပါတယ်။
အရေးကြီးသော မဖြစ်မနေလုပ်ဆောင်ရမည့် အဆင့်
ယခုကဲ့သို့ သီးသန့် ရေးသားရတာကတော့ အချို့ iPhone များသည် Jailbroken လဲဖြစ်ပြီးပြီ Installous အသုံးပြုပြီးတော့လဲ App တွေ Download ချနိုင်ပါပြီ သို့ ပေမယ့် Application တွေ Run တဲ့အခါမှာ Error တတ်နေတတ်ပါတယ် ဒီပြသနာအတွက် အောက်ဖော်ပြပါ အဆင့်တစ်ခု လုပ်ရန်ကျန်ရှိနေလို့ ပါပဲ။
ကျွန်တော့်ရဲ့  post ကိုဖတ်ပြီး တစ်ဆင့်ခြင်းလုပ်ကြသူများလည်း အောက်ပါ အဆငိ့များကို မဖြစ်မနေလုပ်ဆောင်ပါ။
ကဲစလိုက်ရအောင်
၁) Home Page မှ နေ၍ Cydia သို့ သွားပါ
၂) Cydia --> Manage --> Packages သို့ သွားပါက အောက်ပါအတိုင်းတွေ့ ရပါမည်။

AppSync for OS 3.1 ကို နှိပ်ပြီး Install လုပ်ပေးလိုက်ပါ အောက်ပါ အတိုင်း အမှန်ခြစ်လေးရပြီ ဆိုရင်တော့ အားလုံးပြီးဆုံးသွားပါပြီ။

iPhone user များအားလုံး အဆင်ပြေချောမွေ့ နိုင်ပါစေ. . . .
မိုးသိကြား