စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Sunday, October 9, 2011

CISCO Network Level နဲ့ Router ရဲ့ အလုပ်လုပ်ပုံအကြောင်း

RFF : Knowledge Bridge

Cisco Network တခုကို စတင်၍ Setup လုပ်ပြီဆိုပါက မိမိအသုံး ပြုသော Network Level ဘယ်လောက်တွင် ရှိနိုင်မလဲဆိုတာကို သိရှိဖို့ အတွက် Cisco Three layer hierarchical design model ကို သိထားရန် လည်း လိုအပ်ပါတယ်။ The Hierarchical Network Model လို့ လူသိများ ပါတယ်။ အဲဒါတွေကတော့ -

The Hierarchical Network Model မှာ Access Layer, Distribution Layer နဲ့ Core Layer ဆိုပြီး Layer 3 ခုဖြင့် အလွယ်တကူ သတ်မှတ်ထားတယ်။
Access Layer
ပထမဆုံး Layer ဖြစ်တဲ့ Access Layer အနေနဲ့က End Devices တွေ ပါဝင်ပါမယ်။ PCs , Printer , IP phone တွေ ပါဝင်ပြီး Switches, Bridges, Hubs and Wireless access points တွေပါ ထည့်စဉ်းစားလို့ ရပါတယ်။ Cisco Switch တွေ အများဆုံး အလုပ်လုပ်တဲ့နေရာပါ။

Distribution Layer
ဒုတိယ Layer ဖြစ်တဲ့ Distribution Layer မှာတော့ access layer နဲ့ အပေါ်ဆုံး core layer အတွက် Transmitted လုပ်နိုင်တဲ့ Devices တွေ အများဆုံး ပါဝင်ပါတယ်။ အဲဒီမှာတော့ network traffic ကို Control လုပ်မဲ့ policies တွေ၊ Broadcast domains တွေ ပါဝင်ပြီး Virtual LANs (VLANs) နဲ့ access layer အကြား Routing လုပ်ဆောင်နိုင်ဖို့ အသုံးပြုတဲ့ Devices တွေ အများဆုံး နေရာယူပါတယ်။ Cisco Router တွေကို ဒီနေရာမှာ အသုံး ပြုကြပါတယ်။
Core Layer
အပေါ်ဆုံး Layer ဖြစ်တဲ့ Core Layer မှာတော့ ROUTER တွေ၊ High-speed backbone တွေနဲ့ Internetwork တွေပါ ပါဝင်လာပါတယ်။ Distribution layer devices တွေနဲ့ ဆက်သွယ်ပြီး Internet resources ကို High-speed လုပ်ဆောင်ကြပါတယ်။
Router ကို စတင်ချိတ်ဆက်ဖို့အတွက် သိရှိသင့်သော အကြောင်းအရာများ
Cisco Router များနှင့် Switch များတွင် ထည့်သွင်းထိန်းချုပ်ထား သော ISO (Internetwork Operation System) ဖြင့် မူပိုင် Operation System တစ်ခု ပါဝင်ပါတယ်။ ထို ISO သည် Command-Line Interface (CLI)ကို အသုံးပြုပြီး Security နှင့် hardware Interface များအတွက် စီမံ ခန့်ခွဲလုပ်ဆောင်တဲ့ အလုပ်ကို ပြုလုပ်ပါတယ်။ အဓိကအားဖြင့် Routing, Switching တွေ Internetworking တွေနဲ့ Communication Features တွေကို ထောက်ပံ့ထိန်းချုပ်စေဖို့အတွက်ပါ။
အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကတော့ -
Device တစ်ခုနဲ့ တစ်ခုကို Hight Speed traffic နဲ့ ဆက်သွယ် စေနိုင်ခြင်း
Network Protocol လုပ်ဆောင်ချက်တွေကို ထောင်ပံ့သယ်ယူပို့ ဆောင်စေခြင်း
Security တွေကို ထည့်သွင်းနိုင်ပြီး Network အတွင်းရှိ Access များကို လိုအပ်သလို ထိန်းချုပ်နိုင်စေခြင်း
မလိုအပ်သော Network Ports များကိုလဲ ပိတ်ဆို့ထားနိုင်ခြင်း
Network ကြီး တစ်ခုလုံးရဲ့ Network Source စွမ်းအားကို ကူညီ ထောက်ပံ့နိုင်ခြင်းတွေ ဖြစ်ပါတယ်။
Cisco Router ကို စတင်ချိတ်ဆက်တော့မယ်ဆိုလျှင် အရင်ဆုံး လုပ်ရ မယ့်အချက်က Router မှ Console Port ကို (အသုံးများတာကတော့ Rj45 (8-pin)) ဖြင့် ချိတ်ဆက်တာပါ။ ထိုနည်းတူစွာ Auxiliary Port (AUX ) ဖြင့်လည်း ချိတ်ဆက်လို့ ရပါတယ်။ အများသောအားဖြင့် Router Console များတွင် Username & Pass-word မပါဝင်လေ့ရှိပါ။ အချို့ သော Router များမှာတော့ User-name (cisco) ဖြစ်ပြီး Password (cisco) အဖြစ် Default ပါလေ့ ရှိပါသည်။
Router ထဲသို့ဝင်လျှင် သိရှိရမယ့် CLI များ
ကြိုးဖြင့် ချိတ်ဆက်ပြီး ၀င်ရောက်ခဲ့လျှင် ပထမဆုံး Configcration Dialog မှာ Yes Or No လာတောင်းပါလိမ့်မယ်။ ထိုနေရာတွင် Yes ပေးလိုက် ပါက Router မှတစ်ဆင့် Step by Step လုပ်ဆောင်ချက်များကို ဖြည့်စွက် ပေးရပါလိမ့်မည်။ အကယ်၍ No ပေးလိုက်ပါက Manual ကိုယ့်ဖာကိုယ် နောက်မှ လိုအပ်တာတွေကို ဖြည့်စွက်ဖို့ ဖြစ်ပါတယ်။
ထိုနေရာတွင် Y သို့မဟုတ် N ရွေးပေးနိုင်ပါတယ်။ N ကို ရွေးခဲ့မည် ဆိုပါက Router ရဲ့ User mode ဖြစ်သော Router> ဆိုသည်မှာ ပေါ်လာပါ လိမ့်မယ်။ ထို User Mode တွင် Router Setting များကို ပြင်ဆင်ပြောင်းလဲ ခွင့် မရှိပေ။ ပြင်ဆင်ပြောင်းလဲခြင်းများ အသုံးပြုနိုင်ဖို့အတွက် Enable Command ကို အသုံးပြုပြီး Privileged exec mode ကို ပြောင်းလဲပေးရ ပါမယ်။
Router > enable
Router# အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ # သင်္ကေတဆိုင်းမှာ Privileged mode အဖြစ် ဖော်ပြခြင်း ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်ဖို့အတွက်တော့ Config mode သို့ ထပ်မံပြောင်းလဲရပါဦးမယ်။
Router#Config
Router(config)# conifg အဖြစ်သို့ ရောက်ရှိမှသာလျှင် ပြောင်း လဲခြင်း ပြုလုပ်နိုင်ပါတယ်။
Router(config)#hostname YAT ယခု command အသုံးပြုပြီး Router Name ကို YAT နေရာတွင် ပြောင်းလဲနိုင်ပါတယ်။
YAT(config)#interface serial? ကို အသုံးပြုပြီး မိမိ Network interface(network ports)များကို ကြည့်လို့ရနိုင်ပါတယ်။
မိမိအသုံးပြုလိုသော Network Interface ကို ရွေးချယ်ပြီးနောက်
YAT(config)#int f0/0 int မှာ Interface ကို ၀င်ရန်ဖြစ်ပြီး f0/0 မှာ နက်ဝက်ကဒ်ရဲ့ နံပါတ်ဖြစ်ပါတယ်။
YAT(config-int)# (config-int)# မှာ Interface ကို ရောက်ရှိ နေပြီး ပြုပြင်ပြောင်းလဲရန် ဖြစ်ပါတယ်။
ရောက်ရှိနေသော Network Interface ကို IP Address ပေးရန် အတွက် အောက်ပါ command ကို အသုံးပြုရပါမယ်။
IP Address က အရင်လာပြီး Subnet က နောက်မှ ပေးရပါမယ်။
YAT(config-int)# ip address 172.67.0.34 255.255. 255.254
ထို့နောက် ထို Interface ကို No Shutdown လုပ်ရန် လိုအပ်ပါလိမ့် မယ်။ ဘာကြောင့်လဲဆိုတော့ Cisco Router များက Network Port ကို လာရောက်ချိတ်ဆက်ရုံနဲ့ ကွန်နက်ရှင် မရအောင် Port ကို Shutdown ပြုလုပ်ထားသောကြောင့် ဖြစ်ပါတယ်။
YAT(config-int)# no shutdown ထိုကွန်မန်းသုံးပြီးမှ ကွန်နက် ရှင် ရပါလိမ့်မယ်။
လုပ်ခဲ့တဲ့ ဆောင်ရွက်ခဲ့သည်များကို ပြန်ပြီး ကြည့်ရှုလိုပါလျှင် -
YAT(config-int)#do show int f0/0 ဖြင့် ကြည့်ရှုနိုင်ပါတယ်။ Interface မှ ပြန်လည်ထွက်လိုလျှင် exit ကွန်မန်းကို အသုံးပြုပါ။
YAT(config-int)#exit
YAT(config)# exit ကွန်မန်းသုံးလို့ Config မုဒ်ထဲသို့ ပြန် လည်ရောက်ရှိ သွားပါလိမ့်မယ်။ မိမိထွက်ခွာလိုသော mode များကို exit command (end command ကို config mode ထဲမှတော့ အသုံးပြုနိုင်) သုံးပြုပြီး ထွက်နိုင်ပါတယ်။
ထိုနည်းတူစွာ ပြန်လည်ပြီး User mode ကို ပြောင်းလွဲလိုပါလျှင် Disble Command ကို သုံးပြီး ပြောင်းနိုင်ပါသည်။
YAT#disble
YAT> User mode သို့ ရောက်ရှိပါလိမ့်မယ်။ ထိုမှတဆင့် user mode မှ ထွက်ခွာလိုပါလျှင် log out command ကို အသုံးပြုရပါလိမ့်မယ်။
စီဒီတွင် ပါဝင်သော Cisco Packet Tracer ကို Install လုပ်ပြီး ထို ဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး စမ်းသပ်ကြည့်ပါက အဆင်ပြေနားလည်သွား ပါလိမ့်မယ်။
Related Posts Plugin for WordPress, Blogger...