Laptop Washing
ကဲခေါင်းစဉ်ကြည့်တာနဲ့သိလောက်ပါတယ် ကျွန်တော့်ကို Comment ပေးခဲ့တဲ့ သူတွေထဲက Laptop အတွက် လေး ရေးပေးပါဆိုလို့ ရေးပေးတာပါ။ ကဲဧဒင်သယ်ရင်းတွေထဲက Laptop ပိုင်ရှင်လေးတွေ စိတ်ချမ်းသာဖို့ ရာ ကျွန်တော်တို့ Laptop လျှော်ကြရအောင်။ ပထမဆုံးပဲ ကျွန်တော်မေ့တတ်လွန်း လို့ပြောမယ်နော် မလျှော်ခင်မှာ Power Off ထားကြမယ် တစ်ခြား Power ပေးတဲ့ ကြိုးတွေကိုလည်း ဖြုတ်ထားမယ် တစ်ခုမှမကျန်စေနဲ့နော် ပြီးရင် ၅ မိနစ်လောက် Laptop လေးကိုအနားပေးထားလိုက်ပါ ပိုပြီးစိတ်ချရတာပေါ့။ အားလုံးစိတ်ချရပြီဆိုတော့မှ ကျွန်တော်တို့ စလျှော်ဖွတ်ကြရအောင်။
Laptop ဆိုတာက Desktop မဟုတ်ဘူးဗျ (လာတာနဲ့စဖောက်ပြီ ဒင်းပြောမှလား ဒါတော့ဒို့လည်း သိတာပေါ့) နည်းနည်းလက်ပေါက်ကပ်တယ် လို့ပြောမလို့ပါ..... ။ ဘယ်လိုလက်ပေါက်ကပ်တာလဲ ဆိုတော့ကာ ကပ်ရ တဲ့ အကြောင်းအရင်းရှိပါတယ် Laptop မှာက Screw တွေအပြင် ကလစ်လေးတွေလည်း ပါတာကိုးဗျ အဲဒိတော့ ဖြုတ် ရတာလက်ပေါက်ကပ်တယ်ပေါ့ဗျာ။ ဖြုတ်နည်းလေးတွေ ဟိုရှာဒီရှာနဲ့ ပဲ တင်ပေးလိုက်ပါတယ် ကျွန်တော်ကတော့ ကွန်ပြူတာအစုတ်ပဲကိုင်နိုင်လို့ ကိုယ်တိုင် ကလိနေပုံတွေ မတင်ပေးနိုင်လို့ပါခင်ဗျာ......(Laptopတွေကတော့ ပေါင်းစုံပဲ ဟီး ဟိုခိုးဒီခိုးလုပ်ထားတာလေ)
ကိုယ်တိုင်ဖြုတ်ကြည့်ဖို့ မရဲဘူးဆိုတဲ့ ကိုကို တွေ မမ တွေအတွက်လဲ ဒီအထဲမှာ အကုန်ပြောပေးသွားပါ့မယ်။ချိတ်ဓာတ်မကျနဲ့နော့လာတာနဲ့ဖြုတ်ခိုင်းလို့ချိုပြီးတော့...ပထမဆုံးတော့ကလိချင်တဲ့ကိုကိုမမတွေအတွက်အရင်ပြောပါ့မယ်………ကလိဖို့ရာဘာတွေလိုအပ်လဲဆိုတော့ -