စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Thursday, October 27, 2011


Source: FairWay

   
Ubuntu Linux မှာ မြန်မာစာရိုက်ဖို့အတွက် (Input Method) ကီးဘုတ် တစ်ပါတည်းပါဝင်ပါတယ်။ ဒါပေမယ့် အရင် Version တွေမှာပါတဲ့လက်ကွက်က အများအသုံးပြုနေတဲ့ Win လက်ကွက်၊ Myanmar3 လက်ကွက်တို့နဲ့ မတူပဲ ပုံမှာဖော်ပြထားသလို လက်ကွက်ပုံစံဖြစ်နေတဲ့အတွက် လက်တွေ့အသုံးပြုလို့ မရခဲ့ပါဘူး။

လက်ရှိနောက်ဆုံး Version ဖြစ်တဲ့ Ubuntu 11.10 မှာတော့ Myanmar3 လက်ကွက်အတိုင်း ရိုက်လို့ရနိုင်မယ့် ကီးဘုတ် ပါဝင်လာပါတယ်။ အခုဖော်ပြသွားမှာကတော့ အဲ့ဒီကီးဘုတ်ကို ဘယ်လို Enable လုပ်ရမလဲဆိုတာကို တစ်ဆင့်ချင်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။


အဆင့် (၁)

ပထမဦးစွာ Win Key ကိုနှိပ်ပြီး Dash ကို ဖွင့်လိုက်ပါ။ Search Box မှာ Keyboard လို့ ရိုက်ပါ။ ပေါ်လာတဲ့ စာရင်းထဲက Keyboard Layout ကို နှိပ်ပါ။

အဆင့် (၂)

ပေါ်လာတဲ့ Keyboard Layout Dialog Box ရဲ့ ဘယ်ဘက်မှာ English တစ်ခုတည်းရှိနေတာကို တွေ့ရပါလိမ့်မယ်။ Burmese ကီးဘုတ် ထပ်ထည့်ဖို့အတွက် ကာဆာထောက်ပြထားတဲ့ အပေါင်းလက္ခဏာလေးကို နှိပ်ပါ။


အဆင့် (၃)

ပေါ်လာတဲ့ Choose a Layout Dialog Box ရဲ့ အောက်နားက Filter Box မှာ ပုံမှာပြထားတဲ့အတိုင်း burmese လို့ရိုက်ပါ။ အဲ့ဒါဆိုရင် သူ့အပေါ်ကစာရင်းထဲမှာ Burmese တစ်ခုပဲ ကျန်တာကို တွေ့ရပါမယ်။ ရွေးပြီး Add ကို နှိပ်ပါ။


Ubuntu 11.10 – Enable Burmese Keyboard


အဆင့် (၅)

Option Dialog Box တက်လာတဲ့အခါ Key(s) to choose layout ကို နှိပ်ပါ။

ကျလာတဲ့စာရင်းထဲက အင်္ဂလိပ်လက်ကွက်နဲ့ မြန်မာလက်ကွက်ပြောင်းဖို့အတွက် မိမိအသုံးပြုလိုတဲ့ Key(s) ကို ရွေးပေးပါ။ Ctrl+Shift က သုံးနေကြမို့ Ctrl+Shift ပဲသုံးချင်တယ်ဆိုရင် ပုံမှာဖော်ပြထားတဲ့အတိုင်း ရွေးပြီး Dialog Box တွေကို ပိတ်လိုက်လို့ ရပါပြီ။

အသုံးပြုနိုင်ပါပြီ

အခုဆိုရင် Desktop ရဲ့ ညာဘက်အပေါ်ထောင့်က Status Bar မှာ Keyboard ပုံလေးပေါ်နေပြီဖြစ်ပါတယ်။

မြန်မာစာရိုက်ဖို့အတွက် အဲ့ဒီပုံလေးကိုနှိပ်ပြီး Burmese ကို ရွေးပေးပြီးတော့ပဲဖြစ်ဖြစ်၊ Ctrl+Shift နှိပ်ပြီးတော့ပဲဖြစ်ဖြစ် မြန်မာလို စာရိုက်လို့ရပြီဖြစ်ပါတယ်။

မှတ်ချက် (၁) ။ ။ ဒီကီးဘုတ်ဟာ ယူနီကုဒ်ကီးဘုတ်ဖြစ်တဲ့အတွက် မည်သည့် ယူနီကုဒ်ဖွန့်နဲ့မဆို တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
မှတ်ချက် (၂) ။ ။ ဒီကီးဘုတ်ဟာ XKB ကီးဘုတ်ဖြစ်တဲ့အတွက် စာရိုက်တဲ့အခါ Storage Order အတိုင်းရိုက်ပေးဖို့လိုပါတယ်။ အမြင်အတိုင်းရိုက်လို့ရတဲ့ Smart Keyboard လိုချင်တယ်ဆိုရင်တော့ Keymagic၊ မြန်စံ၊ myWin၊ Myanmar3 အစရှိတဲ့ Keyboard တွေကို သီးခြားထည့်သွင်း အသုံးပြုနိုင်ပါတယ်။
မှတ်ချက် (၃) ။ ။ ဒီကီးဘုတ်ပါလာတာဟာ Ubuntu ကို Bug Report တွေလုပ်လိုက်လို့ ပါလာတာ ဖြစ်ပါတယ် (ကိုသူရလှိုင်က သူ Bug Report လုပ်လိုက်တယ်လို့ ပြောပြပါတယ်)။ နောက် Version တွေမှာ Default Font နဲ့ Smart Keyboard တွေပါ ပါလာနိုင်ပါတယ်။
Related Posts Plugin for WordPress, Blogger...