by Myanmar Links | posted: September 20, 2011
Software Quality (ဆော့ဖ်ဝဲ အရည်အသွေး)
Design အနေနဲ့ ဆိုရင် Python ကရည်ရွယ်ချက်
ကောင်းကောင်းနဲ့ အရိုးရှင်းဆုံး၊ ဖတ်လို့ အလွယ်ဆုံး syntax နဲ့ highly
coherent programming model (အဆင့်မြင့်မြင့် အဆင့်ဆင့် ချိတ်ဆက်
ဆက်စပ်နေတဲ့ Programing Model) တစ်ခု လို့ ပြောလို့ ရအောင် မွမ်းမံ
ထားပါတယ်။ ပြီးခဲ့တဲ့ Python conference မှာ အားလုံး သဘောတူ ချမှတ်လိုက်တဲ့
ဆောင်ပုဒ်ကတော့ “Fit Your Brain” သင်စဉ်းစားတဲ့အတိုင်း ကွက်တိ လုပ်နိုင်တာ
Python လို့ ဆိုပါတယ်။ Core Concept အနည်းငယ်ကို
ပုံမှန်အတိုင်းလိုက်နာပြီး Python ရဲ့ Features တွေကို
သတ်မှတ်လိုက်တဲ့အတွက် python language ကိုလေ့လာရာမှာ သင်ရလွယ်၊ နားလည်ရလွယ်
ပြီး မှတ်မိလည်းလွယ်ပါတယ်။ လက်တွေ့မှာလည်း Python programmers တွေဟာ
codeတွေကို ရေးတဲ့ဖတ်တဲ့ အခါမှာ ပုံသေ manuals ပုံစံမျိုး မှတ်ထားဖို့
မလိုတဲ့အပြင် ပုံမှန်မြင်နေကြ Code တွေကို အံ့သြဖွယ် ကောင်းလောက်စွာ
ပြန်လည်ထုတ်ပေးနိုင်တဲ့ consistently designed system (အရာအားလုံး
ညီညွတ်မျှတစွာ ပုံစံချထားတဲ့ စနစ်) တစ်ခုလည်း ဖြစ်ပါတယ်။