RFF: ၀င်ကမ္ဘာကျော်
ကျွန်တော်မိမိတို့လိုအပ်တဲ့ဆော့ဝဲလ်တွေကို Torrent ဆိုဒ်တွေကနေအလွယ်တကူနဲ့ဒေါင်းလော့ချလို့ရမဲ့နည်း
လမ်းလေးကိုပြန်ပြီးမျှဝေပေးသွားပါမယ်..။ Torrnet ဆိုဒ်ဆိုတာဘာလဲဆိုတာကိုတော့တော်တော်များများသိ
ကြမယ်လို့ထင်ပါမယ်..။အရမ်းကိုတန်ဖိုးရှိတဲ့ဆော့ဝဲလ်ရတနာသိုက်ကြီးတစ်ခုပါပဲ..။ဆော့ဝဲလ်တစ်ခုထွက်လာ
လို့ကိုယ်ကနာမည်လေးသိယုံနဲ့အဲ့ဒီဆော့ဝဲလ်ကို Torrent ဆိုဒ်တွေမှာရှာမယ်ဆိုရင်နောက်ဆုံး Update ကိုမရ
ရင်တော့အနီးစပ်ဆုံး Update ဖြစ်တာကတော့ Torrent မှာရှိနေပါလိမ့်မယ်..။ဒီလို Torrent ဆိုဒ်တွေကိုတော့ကွန်
ပျုတာနဲ့ပါတ်သတ်တဲ့လူတိုင်းသုံးတက်စေချင်ပါတယ်..။Torrent ကနေဒေါင်းလော့ချရတယ်ဆိုတာမခက်ခဲပါဘူး
သုံးတာကြာလာတာနဲ့အမျှကောင်းကောင်းသုံးတက်သွားပါလိမ့်မယ်..ကျွန်တော် Torrent ဆိုဒ်တွေကိုရောက်ရင်
Software တစ်ခုကိုဘယ်လိုရှာမယ်..ဘယ်လိုအချက်တွေကြည့်ပြီးဒေါင်းလော့ချရမယ်ဆိုတာကိုရှင်းပြပေးသွား
ပါမယ်..။
1.ကျွန်တော် http://www.kat.ph/ ကိုမှာ Internet Download Manager ကိုဘယ်လိုရှာရမယ်ဆိုတာကိုနမူနာ
တစ်ခုထားပြီးရှင်းပြပေးသွားပါမယ်…။အ၇င်ဆုံး http://www.kat.ph/ ကိုသွားလိုက်ပါ..။
2.ပြီးရင်အောက်ကပုံလေးမှာပြထားတဲ့အတိုင်း Search မှာ IDM လို့ရိုက်ပြီးရှာလိုက်ပါ..။ကျွန်တော် Internet
Download Manager လို့မရိုက်ပဲဘာလို့ IDM လို့ရိုက်ရှာသလဲဆိုတော့ Torrent ဆိုဒ်တွေမှာရှာတဲ့အခါ
မိမိလိုချင်တဲ့ဆော့ဝဲလ်ရဲ့နာမည်ကိုအရှည်ကြီးရိုက်ရှာနေစရာမလိုပါဘူး..။ဘာကိုဆိုလိုတယ်ဆိုတာအ
လွယ်တကူသိဖို့အတွက်အတိုကောက်လေးတွေကိုရိုက်ထည့်ပြီးတော့အလွယ်တကူရှာလို့ရမှာဖြစ်ပါတယ်..
အပေါ်ကပုံအတိုင်း IDM နဲ့ဆိုင်တဲ့ Software တွေ Version အလိုက်ပေါ်လာပြီဆိုရင်ဘယ်လိုဆော့ဝဲလ်မျိုး
ကိုရွေးပြီးတော့ဒေါင်းလော့ချသင့်လဲဆိုတာကိုအချက်လေးချက်နဲ့ဖော်ပြပေးသွားပါမယ်..။
1.အရင်ဆုံး တစ် အချက်မှာ Software ကိုတင်ထားတဲ့ရက်ကိုကြည့်ပါ..။ကျွန်တော်ပြထားတဲ့ပုံမှာဆို 4 months
လို့ပြထားပါတယ်..။ဒါဆိုမိမိတို့ဒေါင်းလော့ချမဲ့ Software က Update ဖြစ်သေးတယ်လို့ယူဆလို့ရပါတယ်..။
တင်ထားတာတစ်နှစ်ကျော်သွားပြီဆိုတာနဲ့ဒေါင်းလော့ချလို့မရတာများပါတယ်..။ဖြစ်နိုင်ရင်တစ်နှစ်ကျော်ပြီ
ဆိုရင်ဒေါင်းလော့မချတော့ပါနဲ့..။
2.ပြီးရင်တော့ဒေါင်းလော့ချမဲ့ဆော့ဝဲလ်ရဲ့ Size ကိုကြည့်ပါ..။ဒါကတော့ကိုဒေါင်းလော့ချမဲ့ဆော့ဝဲဟာတကယ်
ရောသူဖော်ပြထားတဲ့ဆိုဒ်လောက်ရှိလားမရှိဘူးလားဆိုတာကြည့်ပြီးတော့ခန့်မှန်းလို့ရပါတယ်..။တစ်ချို့
ဆော့ဝဲလ်တွေကနာမည်ကတော့ကိုလိုချင်တာဒေါင်းလော့ချပြီးကာမှအထဲမှာဘာမှမပါတာတို့ဖြစ်တက်
ပါတယ်..။
3.ပြီးရင် Seed ကိုကြည့်ဖို့လိုပါတယ်..။ကိုယ်ကဒီဆော့ဝဲလ်ကိုဒေါင်းလော့မချခင်ကိုယ့်ရှေ့မှာဘယ်လောက်များ
များဒေါင်းလော့ချသွားပြီးပြီလဲပြီးမြောက်အောင်ကောဒေါင်းလော့ချလို့ရရဲ့လားဆိုတာကြည့်လို့ရမှာဖြစ်ပါ
တယ်..Seed များလေဒေါင်းလော့ချဖို့ပိုပြီးသင့်လျော်လေပဲဖြစ်ပါတယ်..
4.နောက်ဆုံးတစ်ချက်ကတော့ Software တွေကိုဒေါင်းလော့မချခင် Comment တွေကိုဖတ်ကြည့်ပါ..။အများ
ကြီးမရေးကြပါဘူး..။တော်ရုံလောက်တော့နားလည်ပါတယ်..။Comment တွေမှာ perfect ၊ working fine!
very good တိုလိုမျိုးများစုကပေးထားရင်တော့စိတ်ချလက်ချဒေါင်းလော့ချပါ..။ဒါမှမဟုတ်ပဲနဲ့ အဆင်
မပြေတာတို့ Virus လို့ပြောတာတို့ It Is not working တို့ပြနေမယ်ဆိုရင်တော့လက်ရှောင်လိုက်တာအ
ကောင်းဆုံးပါပဲ..။အဲ့ဒီလို Comment ပေးထားရဲ့သားနဲ့ဒေါင်းလော့ချလို့မရဘူးလားဆိုတော့ရပါတယ်..။
ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့ပြီးလို့အချိန်မကုန်စေချင်လို့ပြောပြပေးတာပါ..။
5.အပေါ်ကအချက်တွေအားလုံးကြည့်ပြီးလို့မိမိတို့ဒေါင်းလော့ချမဲ့ Software ကိုဒေါင်းလော့ချချင်တယ်ဆိုရင်
တော့ Download Torrent ဆိုတာကိုရှာပြီးဒေါင်းလော့ချရမှာဖြစ်ပါတယ်..။ကျွန်တော်တို့က Torrent
Downloader ကိုသုံးပြီးတော့ဒေါင်းလော့ချရမှာဖြစ်တဲ့အတွက်တစ်ခြားနေရာကနေချရင်အဆင်ပြေမှာ
မဟုတ်ပါဘူး..။ဘယ် Torrent ဆိုဒ်မဆို Download Torrent ဆိုတာတော့ပါပါတယ်..။အောက်မှာပုံလေး
တွေနဲ့လဲပြထားပေးပါမယ်..။
ဒီလောက်ဆိုရင်တော့ Torrent ဆိုဒ်တွေကနေပြီးတော့မိမိတို့ဒေါင်းလော့ချချင်တဲ့ Software တွေကိုအလွယ်
တကူဒေါင်းလော့ချချင်သူတွေအတွက်အထောက်အကူရသွားမယ်လို့တော့ထင်ပါတယ်..။
အောက်မှာကျွန်တော်အလွယ်တကူအသုံးပြုလို့ရအောင် Utorrent Downloader လေးနဲ့ Torrent ဆိုဒ်တွေ
တင်ပေးထားပါတယ်…။
Utorrent Downloader
ဒီပို့်ဒ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင်