အခုမှစပြီး iPhone,iPad,iPod touch များကိုသုံးစွဲသူများအတွက် မိမိတို့ရဲ့ i Devices ထဲကို application တွေဂိမ်းတွေဘယ်လို install လုပ်ရလဲဆိုတာကို
ကိုယ်တိုင် install လုပ်နိုင်ဖို့ပါ။ application တွေ install လုပ်ဖို့ မိမိရဲ့ကွန်ပျူတာထဲမှာ iTunes ဆော့ဝဲ သွင်းထားရပါမယ်။ iTunes ဆော့ဝဲမရှိသေးဘူးဆိုရင်
အောက်မှာရယူပါ။
iTunes အားရယူရန်
iTunes ကိုရယူပြီးပြီဆိုရင်တော့ ကွန်ပျူတာထဲမှာ install လုပ်ထားပါ။ iTune ဆော့ဝဲကို ကွန်ပျူတာထဲမှာ install လုပ်ပြီးပြီဆိုရင်တော့
မိမိရဲ့ iPhone,iPad,iPod touch ကို ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။ ပြီးရင်
ခုနတုန်းက install လုပ်ထားတဲ့ iTunes ဆော့ဝဲကိုဖွင့်လိုက်ပါ။
မိမိရဲ့ i Devices ကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားတယ်ဆိုရင် iTunes ထဲမှာ မိမိရဲ့ Device location လေးပေါ်နေပါလိမ့်မယ်။ အောက်ကပုံအတိုင်းပါ။

ပြီးရင် ကွန်ပျူတာထဲမှာရှိတဲ့ သွင်းချင်တဲ့ application (သို့မဟုတ်) game ဖိုင်ကို Double-click နှိပ်ပြီးဖွင့်ပါ။ 
iTunes ထဲမှာ မိမိသွင်းမည့် application ဟာ icon လေးနဲ့ပေါ်လာပါလိမ့်မယ်။
ပြီးရင် iTunes ထဲက မိမိ ရဲ့ iPhone/iPad/iPod touch ရှိတဲ့ location
နေရာကိုနှိပ်လိုက်ပါ။ ဘေးက အကွက်မှာ Name တွေ , Serial Number
တွေနဲ့ပေါ်လာပါလိမ့်မယ်။အောက်ကပုံအတိုင်းပါ။

ပြီးရင် Apps ကိုနှိပ်ပါ။ Apps ထဲကို ရောက်သွားရင် မိမိသွင်းမယ့်
application ဘေးမှာ အမှန်ခြစ်ပေးပါ။ ပြီးရင် Apply ကိုနှိပ်ပြီး install
လုပ်ပါ။ အောက်ကပုံအတိုင်းပါ။
Apply ကိုနှိပ်လိုက်တာနဲ့ မိမိရဲ့ i Devices ထဲကို application စတင် install လုပ်ပါလိမ့်မယ်။ အောက်ကပုံအတိုင်းပါ။

သွင်းပြီးပြီဆိုရင်တော့ မိမိရဲ့ iPhone,iPad ထဲမှာ အခုသွင်းလိုက်တဲ့ application လေးကိုတွေ့ရမှာဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ Thet Naing Soe
(Myanmar Mobile Application Store)
မိမိရဲ့ i Devices ကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားတယ်ဆိုရင် iTunes ထဲမှာ မိမိရဲ့ Device location လေးပေါ်နေပါလိမ့်မယ်။ အောက်ကပုံအတိုင်းပါ။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ Thet Naing Soe
(Myanmar Mobile Application Store)