စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Thursday, July 28, 2011

mmflashsongs နဲ့ပက်သက်ပြီး.......

အခု တလောမြန်မာပြည်တွင်းမှာ Google အသုံးပြုသူများရဲ့ Search ရာခိုင်းနှုန်းကို ကြည့်တဲ့အခါ

Jun,July 2011 မှာ Mmflashsongs ဆိုတာကို ရှာတဲ့ရာခိုင်နှုန်းက google မှာ ရေးထားတာကတော့
Breakout ကျော်လွန်သွားတယ်ပေါ့ ကျော်ထွတ်သွားတယ်လို့ဆိုရမှာဘဲ အခုတလောမှာ စံချိန်ချိုးအောင်
Google မှာ Search လုပ်တဲ့ သဘောပေါ့ ဒုတိယလိုက်တာ ကတော့ Android ပေါ့ ဒါပေမဲ့ mmflashsongs
ကို  ရှာတဲ့ရာခိုင်နှုန်းက ပိုများပါတယ်။ ကျွန်တော်လဲ နာမလည်းဘူး ဘာဖြစ်လို့
IT တို့ news တို့ebook တို့ နည်းပညာ တို့ မများဘဲ ဒီ..ဘယ်လိုပြောမလဲ.. ဘာမှမဟုတ်တဲ့ mmflashsongs လား၊

ဒါမှမဟုတ်.. တိုးတက်မှုမရှိတဲ့ ဖျော်ဖြေမှု သက်သက်ကိုဘဲ ဘယ်ကြောင့်ရှာရတာလဲတော့ မသိတော့ပါဘူး။
ဒါမဟုတ် နည်းပညာ ကိုဘဲ စိတ်မ၀င်စားတာလား၊ flash songs ကိုဘဲ ကြိုက်တာလား. ဒါမှမဟုတ်
ဒီ Flash songs တွေကို ကြည့်ပြီး အတုယူကာ Animation ကြီးကြီးလုပ်ဖို့ လေ့လာတာလားပေါ့.
ကျွန်တော်လဲ နာမလည်းတော့ပါဘူး. အကယ်၍ တကယ် Flash ကိုဘဲ သဘောကျပြီး သေသေချာချာ
လေ့လာမယ်ဆိုရင်တော့ Flash ရဲ့ အားကြီးပုံကို အောက်ပါအတိုင်းတွေရမှာပါ ..ဒါတွေကဘာလဲဆိုတော့
အခုနာမည်ကြီးနေတဲ့ Transformer ဇာတ်လမ်းများ၊ cartoons ဇာတ်လမ်းများစွာ၊ ကြော်ငြာတွေကို
လဲ Flash animation က ကြီးစိုးနေတာပါ ဒါကြောင့် Flash လေ့လာမယ်ဆိုရင်လဲ
တကယ်ကို ကောင်းမွန်တဲ့ လေ့လာမှုကြီးတခု ဖြစ်တဲ့ အကြောင်းကို ပြောချင်ပါတယ်.
mmflashsongs တွေကိုကြီးဘဲ ကြည့်ပြီး အချိန်မဖြန်းမိ ဖို့နဲ့ Flash ကတကယ်ကို အရေးပါကြောင်း
website ရေးတဲ့နေရာမှာလဲ တကယ်ကို အသုံးဝင်ပါတယ်။
http://www.nike.com/nikeskateboarding/outerspace/ ဟာဆိုရင် flash နဲ့ပြုလုပ်
ထားတဲ့ website ဖြစ်ပါတယ်။
http://www.neostream.com/ ကလဲ Flash website တွေကိုပြုလုပ်တဲ့ Company ဖြစ်ပါတယ်။
http://www.htcsense.dk/ လဲကောင်းမွန်တဲ့ flash website တခုပေါ့။
ဆိုတော့  ကျွန်တော်အနေနဲ့ Flash ကို ၀ါသနာပါတဲ့ လူတွေကို မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။

Source:
Related Posts Plugin for WordPress, Blogger...