Laptop Washing
ကဲခေါင်းစဉ်ကြည့်တာနဲ့သိလောက်ပါတယ် ကျွန်တော့်ကို Comment ပေးခဲ့တဲ့ သူတွေထဲက Laptop အတွက် လေး ရေးပေးပါဆိုလို့ ရေးပေးတာပါ။ ကဲဧဒင်သယ်ရင်းတွေထဲက Laptop ပိုင်ရှင်လေးတွေ စိတ်ချမ်းသာဖို့ ရာ ကျွန်တော်တို့ Laptop လျှော်ကြရအောင်။ ပထမဆုံးပဲ ကျွန်တော်မေ့တတ်လွန်း လို့ပြောမယ်နော် မလျှော်ခင်မှာ Power Off ထားကြမယ် တစ်ခြား Power ပေးတဲ့ ကြိုးတွေကိုလည်း ဖြုတ်ထားမယ် တစ်ခုမှမကျန်စေနဲ့နော် ပြီးရင် ၅ မိနစ်လောက် Laptop လေးကိုအနားပေးထားလိုက်ပါ ပိုပြီးစိတ်ချရတာပေါ့။ အားလုံးစိတ်ချရပြီဆိုတော့မှ ကျွန်တော်တို့ စလျှော်ဖွတ်ကြရအောင်။
Laptop ဆိုတာက Desktop မဟုတ်ဘူးဗျ (လာတာနဲ့စဖောက်ပြီ ဒင်းပြောမှလား ဒါတော့ဒို့လည်း သိတာပေါ့) နည်းနည်းလက်ပေါက်ကပ်တယ် လို့ပြောမလို့ပါ..... ။ ဘယ်လိုလက်ပေါက်ကပ်တာလဲ ဆိုတော့ကာ ကပ်ရ တဲ့ အကြောင်းအရင်းရှိပါတယ် Laptop မှာက Screw တွေအပြင် ကလစ်လေးတွေလည်း ပါတာကိုးဗျ အဲဒိတော့ ဖြုတ် ရတာလက်ပေါက်ကပ်တယ်ပေါ့ဗျာ။ ဖြုတ်နည်းလေးတွေ ဟိုရှာဒီရှာနဲ့ ပဲ တင်ပေးလိုက်ပါတယ် ကျွန်တော်ကတော့ ကွန်ပြူတာအစုတ်ပဲကိုင်နိုင်လို့ ကိုယ်တိုင် ကလိနေပုံတွေ မတင်ပေးနိုင်လို့ပါခင်ဗျာ......(Laptopတွေကတော့ ပေါင်းစုံပဲ ဟီး ဟိုခိုးဒီခိုးလုပ်ထားတာလေ)
ကိုယ်တိုင်ဖြုတ်ကြည့်ဖို့ မရဲဘူးဆိုတဲ့ ကိုကို တွေ မမ တွေအတွက်လဲ ဒီအထဲမှာ အကုန်ပြောပေးသွားပါ့မယ်။ချိတ်ဓာတ်မကျနဲ့နော့လာတာနဲ့ဖြုတ်ခိုင်းလို့ချိုပြီးတော့...ပထမဆုံးတော့ကလိချင်တဲ့ကိုကိုမမတွေအတွက်အရင်ပြောပါ့မယ်………ကလိဖို့ရာဘာတွေလိုအပ်လဲဆိုတော့ -
1 - Screwdriver 2.5 mm (small screw driver)
2 – Flat Blade Screwdriver (Test Pen လေးလဲရပါတယ် )
အဲဒိနှစ်ခုထဲက ဘာမှမရှိရင် ဂစ်တာတီးရင်သုံးတဲ့ Pectrum ( စာလုံးပေါင်းမှားရင်ခွင့်လွှတ် ဟင့်! ) လဲရတယ်နော်
3 – Blower နဲ့ Brush နုနုသေးသေးလေးရယ် ( ၁ လက်မ လောက်ပေါ့)
4 –LCD Monitor cleaning spray ရယ် အ၀တ်ပျော့ပျော့လေးရယ် (အမွှေးမထွက်ရ ) ခဲဖျက်လေးရယ် ရှိဖို့လိုအပ်ပါတယ။်
ကဲဒါတွေအားလုံးပြည့်စုံပြီဆိုတော့မှကိုယ့်ရဲ့Laptopလေးကိုနေရာကျယ်ကျယ်စားပွဲလေးပေါ် ဆောင့်ချ (အဲ ဖွဖွလေးတင်) ပြီးတော့ အောက်မှာ အ၀တ်မထူမပါးလေးလဲ ခံထားပေါ့။ ပြီးရင် အောက်ဖက်ကိုလှန်လိုက် ( Laptop ကိုဆိုလိုရင်းဖြစ်သည် ) ။ လှန်ပြီးသွားပြီဆိုရင်
အဆင့် ( ၁ )

အဆင့် ( ၂ )

Memory Cover ပေါ်က Screw လေးကို Screw Driver နဲ့ ဖြုတ်ပြီးရင်

RAM ကို ဒီလိုလေး ညှင်ညှင်သာသာ ဖြုတ်မယ်နော် တစ်ချို့ Laptop တွေကျတော့ RAM ကိုထိန်း ထားတဲ့ ကလစ်လေးတွေပါတယ် ဘေးကို အသာအယာ တွန်းလိုက်လို့ရပါတယ် ပြီးရင် အပေါ်မှာပြထားတဲ့အတိုင်းပဲ ဖြုတ်လိုက်ပါ ( ညှင်ညှင်သာသာလေးနော် )

ဒီလိုလေးပေါ့ ဘေးကို တွန်းလိုက်ရင်ရပါတယ်………………။
ကဲ ဖြုတ်ပြီးသွားပြီဆိုရင် ( နှစ်ချောင်းဆိုရင် နှစ်ချောင်းစလုံးဖြုတ်ပေါ့ ) RAM Card တွေကို ခဲဖျက်ကလေးနဲ့ သန့်ရှင်းပေးလိုက်ပါ Slot လေးတွေကိုလဲ Blower လေးနဲ့ နဲနဲ မှုတ်ထုတ် ပေးလိုက်ပေါ့……. အိုကေတယ်နော် ဒီအထိ……။ ပြီးရင် ဆက်သွားမယ်…….
အဆင့် ( ၃ )

အောက်ဖက် Cover က Screw တွေကို လိုက်ဖြုတ်ပါ။ ပြီးရင် ဒီလိုလေး အသာအယာ မပြီးဘေူးမှာ ထားမယ် Cover ကိုပေါ့…..
ဖြုတ်ပြီးသွားရင်တော့ဖြင့်.......

ဒီလိုလေးတွေ့ရပါမယ်…….
အဲဒီိမှာ Mother Board ပေါ်မှာ ဖုန်တွေရှိတယ်ဆိုရင်လည်း Brush လေးနဲ့ရှင်းထုတ်လိုက်ပါ Cooling Fan ပေါ်ကိုလည်း Blower လေးနဲ့မှုတ်ထုတ်လိုက်ပါ……အဲဒီိမှာ ရှင်းလို့စိတ်ချမ်းသာသွားပြီဆိုရင် တော့ဖြင့် Laptop ရဲ့အောက်ခြေပိုင်းကို ရှင်းလို့ပြီးသွားပါပြီ Cover ပြန်တပ်ပါ Screw တွေတစ်ခု မှမပိုပါစေနဲ့ ဖြုတ်ကတည်းက သေသေချာချာမှတ်ထားပေးစေလိုပါတယ် ခင်ဗျာ့။ ဒါပေမယ့်တစ်ခုရှိတယ် နော် Battery ကိုတော့ ပြန်မတပ်နဲ့သေးအုံး….. အိုကေတယ်နော် အိုကေ….ကဲ အောက်ခြေပိုင်းပြီးသွားပြီဆိုရင် အပေါ်ပိုင်း သွားကြရအောင်ဗျာ……..အပေါ်ပိုင်းမှာကတော့ LCD screen ကြီးရယ် Keyboard ရယ်ရှိပါတယ် Keyboard ကိုတော့ ဖြုတ်ရပါမယ် ဘာဖြစ်လို့လဲဆိုတော့ကာ အောက်မှာ ပုရွက်ဆိတ်တို့ဘာတို့ရှိနေရင် ရှင်းသွား အောင်ရယ် နောက်ပြီး တစ်ချို့ Laptop တွေက Keyboard လေးဖြုတ်ရုံနဲ့ Cooling Fan ကို တွေ့မြင်ရပါတယ် အဲဒိမှာလည်း တစ်ခါအပေါ်ပိုင်းက နေမှုတ်ထုတ်ပြီးရှင်းထုတ်လို့ရပါတယ်ခင်ဗျာ့……
အဆင့် ( ၄ )
ကဲအရင်ဆုံး ကီးဘုတ်ရဲ့ Hinge Cover လေးကို Test Pen လေးသုံးပြီး

ညာဖက်ကနေ ဘယ်ဖက်ကို ဖြည်းဖြည်းလေး မပြီးဖြုတ်လိုက်ပါ….. ( ခင်ညာ….. သြော်ဟုတ်.. Test Pen မရှိဘူး ) ဒါလဲလွယ်တယ် ဟဲဟဲ ပြောမှာပေါ့ ….Test Pen မရှိရင် Pectrum လေးနဲ့ ဟောဒီလို လုပ်လို့ရပါတယ်ခင်ဗျာ့ …………


ပြုတ်သွားရင် ညာဖက်ကနေ ဘယ်ဖက်ကို ဒီလို ဖြည်းဖြည်းလေးနော်...... သတိထား......
ကဲ Hinge Cover ဖြုတ်ပြီးပြီဆိုရင်

Screw လေးတွေကို ဒီလိုတွေ့ရမယ် ဒီပုံမှာတော့ Screw သုံးခုပေါ့ဗျ( လေးခုပါတာလဲရှိပါတယ် ၂ ခုပဲပါတာလဲရှိပါတယ် ပုံသေမမှတ်စေလိုပါ…) Screw Driver နဲ့ ဖြုတ်လိုက်ပါ။ ဖြုတ်ပြီးရင်ဆိုရင်တော့ ဖြင့်…..
အဆင့် ( ၅ )
Keyboard ကိုစဖြုတ်ပါ့မယ် ဒီအတိုင်းကြီးဆွဲမဖြုတ်လိုက်နဲ့နော် သူ့နည်းနဲ့သူရှိတယ်.....

အပြာရောင်နဲ့ပြထားတဲ့ ပွိုင့်ကလေးမှာ Keyboard Connector လေးရှိပါတယ် အဲဒီအတွက်ကြောင့် မို့လို့ ကျွန်တော်တို့က သတိထားပြီးတော့

Keyboard ကို အောက်ကနေအပေါ်ကို သတိထားပြီး ဖြည်းဖြည်းလေး မလိုက်ပါ ပြီးတော့မ

တွေ့တယ်မလား Keyboard Connectorလေးကို အဲဒါလေးရှိမှန်းမသိပဲ ၀ုန်းဒိုင်းဆိုပြီးဆွဲဖြုတ်လိုက်ရင် တော့ သွားပြီပဲ ဟိုကနုနုလေးရယ်

ဒီလိုလေး... အသာအယာ ဆွဲဖြုတ်လိုက်ရုံပါပဲ ရှင်းတယ်နော်…… ရှင်းပြီဆိုတော့မှ Keyboard ပေါ်မှာ ဖုန်တွေအမှိုတ်တွေ ညှပ်နေရင် မှုတ်ထုတ်လိုက်ပါ။ အောက်ဖက် အလူမီနီယံပြား ပေါ်က ဖုန်တွေကိုလည်းသန့်သွားအောင်ရှင်း ပြီးမှ Keyboard Connector ကိုပြန်တပ် Keyboard ကို နေရာတကျပြန်ထား Screw တွေပြန်ကြပ် Hinge Cover ပြန်အုပ် သေချာချပ်ချပ်ရပ်ရပ်ဖြစ်အာင်အုပ် နော် ဟမနေစေနဲ့ ပုရွက်ဆိတ်တွေ အကြိုက်ဖြစ်သွားမယ် ဘာမှတ်လဲ။ အိုကေပြီဆိုရင် ဘာကျန်သေး ပါလိမ့် သြော်မေ့နေလိုက်တာ Moniter Screen ကြီးကျန်သေးတာပါကလား ကဲကဲ သနားမနေနဲ့တော့ သူ့ကိုလဲ LCD cleaning spray လေးနဲ့ ရှုးရှုးဆို နှစ်ချက်သုံးချက်လောက်ဖျန်း အ၀တ်ပျော့ပျော့လေးနဲ့ သာသန့်ပေးလိုက် သူကျေနပ်သွားလိမ့်မယ် အိုကေနော် အိုကေ………..ဒီအထိအိုကေပြီဆိုတော့မှ စားပွဲပေါ်ကိုပြန်စစ် Screw တွေများကျန်ခဲ့သလား ဘာတပ်ဖို့ကျန်သေးပါလိမ့် ဘာညာပေါ့… ဘာမှမကျန်တော့ဘူးဆိုရင်တော့ 5 မိနစ်လောက် အခြောက်ခံလိုက်ပါ … အ၀တ်တွေလိုပဲလေ စက်ထဲ ထည့်လျှော်ပြီးရင် အခြောက်ခံတာပါတယ်မလား Laptop လဲဒီလိုပဲ အခြောက်ခံရတယ်ခင်ဗျာ့ အဟဲ..အခြောက်ခံပြီးပြီဆိုရင်တော့ဖြင့် ဖူဂျီနဲ့လျှော်ထားတဲ့ ဖြူဖြူဖွေးဖွေး အသစ်စက်စက်လေးပမာ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ Laptop ကလေးကို စသုံးလို့ရပါပြီခင်ဗျာ။ Battery ကိုတော့ AC Powerနဲ့သုံးမယ်ဆိုရင် မတပ်ထားတာအကောင်းဆုံးပါ ဘာဖြစ်လို့လဲဆိုတော့ AC Power နဲ့သုံးနေစဉ်မှာ Battery ကိုတပ်ထားတာဟာ Battery ကိုကောင်းကြိုးမဖြစ်စေပဲ Battery ရဲ့သက်တမ်းကိုပါတို စေပါတယ်ခင်ဗျာ့ ဒါ့ကြောင့် AC Power နဲ့ဝအောင်သုံးပြီးမှ ကိုယ်အပြင်သွားရင် ကြွားဖို့
အဲလေ သုံးဖို့အတွက် Battery ကိုပြန်တပ် 24 နာရီလောက် စိမ်ပြေနပြေအားသွင်းထားလိုက် အိုကေတယ်နော်….. စိုပြေသွားမှာအသေအချာပါ….ကဲ ကလိချင်သူကိုကိုမမများအတွက်ကတော့ ဒီလောက်ပါပဲ ….
မျက်စောင်းထိုးရင်းဖတ်လာတဲ့ မကလိချင်သူ ကိုကိုမမ များ စိတ်မပျက်နဲ့နော် ကိုကိုမမတို့အတွက် ခုမှစမှာ ကလိချင်သူကော မကလိချင်သူပါ ဖတ်ရမှာဖြစ်တဲ့အတွက်ကြောင့် မကလိချင်သူကိုကိုမမ တို့က တစ်ဂိုးသာပါတယ် အားငယ်မှာကြောက်လို့ ပြောပြတာနော် ချိတ်မချိုးနဲ့…..
စမဖတ်ကြခင်ပြောဖို့ရှိတာတစ်ခုကတော့ အောက်မှာပါတဲ့ အကြောင်းအရာတွေဟာ ကျွန်တော့်မူပိုင် မဟုတ်ပါ ကိုဇော်( Multiply ) မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ့…။ ကိုယ်တိုင်မရေးလို့ စေတနာ မပါဘူးမထင်ပါနဲ့နော် ကျွန်တော်ဒီ Post လေးအတွက် နေ့ရောညပါ အချိန်ကုန်ခံပြီး ချစ်တဲ့ ဧဒင်သယ် ရင်းတွေအတွက် ကြိုးစားပေးခဲ့တာပါ…..ကိုယ်တိုင်ဖွင့်ပြီး သန့်ရှင်းရေးလုပ်ဖို့ မ၀ံ့မရဲဖြစ်နေတဲ့ သယ် ရင်းတို့အတွက် ကိုယ်တိုင်မရေးနိုင်ပေမယ့် စေတနာတွေအများကြီးပါတယ်ဆိုတာ အသိအမှတ်ပြုပေး ရင်ပဲ ကျေနပ်ပါတယ်ဗျာ….ကျွန်တော် နည်းနည်းလေးပဲ ဖြည့်ထားတာပါ အပြာရောင်နဲ့ပြထားပါတယ် ကဲစမယ်နော် ……………………….
Laptop တွေဟာလည်း Desktop တွေနဲ့ ထူးမခြားနား အပူချိန်ကို အလွန်ကြောက်ကြပါသတဲ့။ Desktop နဲ့ ကွဲပြားတာကတော့ Desktop မှာ Brand နဲ့ Clone ဆိုပြီးရှိပါတယ်။ Brand desktop တွေကတော့ ကုမ္မဏီတွေက သူတို့ Brand နဲ့ သူတို့ လိုက်ဖက်မယ့် ပစ္စည်းတွေကို ပဲ အသုံးပြုတာဖြစ်တဲ့ အတွက် ပြဿနာမရှိပါဘူး။ Clone တွေကတော့ တစ်ခါတစ်လေပြသနာရှိတတ်ပါတယ် ဥပမာ System Unstable ဖြစ်တတ်တာ မျိုးပေါ့။ Laptop ကတော့ Branded သက်သက်ဖြစ်တဲ့အတွက်ကြောင့် System Unstable ဖြစ်မှာတော့ မပူရပါဘူး။ ဒါဆိုရင် ဘာပူစရာလိုပါသလဲ ဆိုရင် အရေးကြီးဆုံးကတစ်ခုပဲရှိပါတယ် အပူချိန်ပါပဲ။ တစ်ချို့သော Laptop တွေဟာ အထူနဲ့ ထုတ်လုပ်ပြီး အချို့သော Laptop တွေကတော့ ပါလွှာအောင်ထုတ်လုပ်ကြပါတယ်တဲ့ခင်ဗျာ့။ အအေးပိုင်းနိုင်ငံအသုံးပြုမှုနဲ့ အပူပိုင်းနိုင်ငံ အသုံးပြုမှုလဲရှိပါတယ်။ ဒါပေမယ့် အထူပဲ ဖြစ်ဖြစ် အထူပဲဖြစ်ဖြစ် အပါးပဲဖြစ်ဖြစ် သူတို့ရဲ့ ဘေးဘက်နဲ့ အောက်ဖက်တွေမှာ တပ်ထားတဲ့ အအေးပေးစနစ် Fan တွေက အပူချိန်ကို ထိန်းညှိပြီး သားဖြစ်ပါတယ်တဲ့။
အဲဒီတော့ ဒီ Fan တွေကောင်းမွန်စွာအလုပ်လုပ်ဖို့အတွက် လေ၀င်လေထွက်ပေါက်တွေ ပိတ်မနေစေဖို့ အရေးကြီးပါ တယ်။
- Laptop တွေကို မျက်နှာပြင်ညီညာတဲ့ နေရာတွေမှာ အသုံးပြုပါ။
မျက်နှာပြင် မညီညာတဲ့ နေရာတွေမှာ အသုံးပြုပါက အောက်လက်မှာရှိတဲ့ လေဝင်လေထွက်ပေါက်တွေ ပိတ်ပြီး အပူချိန် တက်ပါလိမ့်မယ်။
- Laptop ဝယ်လာတဲ့အခါမှာ display screen နဲ့ keyboard ကြားမှာ ခံထားတဲ့ keyboard protector တွေကို ဖယ်ရှားပြီး သုံးပါ။ အောက်ဘက်က fan တွေအတွက်အပေါ်ဘက်ကနေပြီး လေဝင်။လေထွက်တွေကို ပိတ်ထားသလိုဖြစ်နေပါလိမ့်မယ်။
- Laptop fan တွေရဲ့ ဆူညံသံကို နားထောင်ပါ။
Rpm (ပန်ကာလည်ပတ်နှုန်း) မြင့်လာလေ အသံကျယ် လာလေ ပါပဲ။
Rpm ဘာကြောင့် မြင့်သလဲဆိုရင် အပူချိန် တက်ပြီး fan တွေပို အလုပ်လုပ်လို့ ဖြစ်ပါတယ်။
- Fan တွေမှာ ဖုန်တွေ အမှိုက် တွေကို ၆လ တစ်ခါ၊ ၁နှစ်တစ်ခါ maintain လုပ်ပေးပါ။ ( ကျွန်တော်ပြောနေကျ Blower လေးနဲ့ပေါ့ ) Rpm ကျလာပါက အအေးပေးစနစ် ချွတ်ယွင်းလာပြီး Laptop အပူချိန် တက်လာပါလိမ့်မယ်။
- အရေးအကြီးဆုံး အချက်ဖြစ်တဲ့ Laptop ဝယ်တဲ့အခါမှာ Laptop ကို တပ်မယ့်
သို့မဟုတ် ထည့်သွင်းထားမယ့် အိတ်ကို ဝယ်ယူဖို့ပါပဲ။
ဒီအိတ်ဟာ သယ်ယူမှုအတွက် အသုံးဝင်ခြင်း တစ်ခုတည်းမဟုတ်ပါဘူး။
Laptop တစ်ခုလုံးအတွက် အလေးချိန် ဖိမှု၊ ပြုတ်ကျမှု၊ အပူချိန် ထိန်းညှိမှု၊ ESD (ElectroStatic Discharge),
EMI (Elictromagnetic Interfrence) သို့မဟုတ် RFI (Radio Frequency Interferce) စတဲ့ ဘေးပြင်ပ နှောက်ယှက်မှု တွေကိုပါ ဝန်ဆောင်မှု တွေ ပေးပါတယ်။
မိမိဝယ်လိုက်တဲ့ Laptop အတွက် တစ်ပါတည်း ထုတ်လုပ်ထားတဲ့ Laptop Bag ကို ဝယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။
နောက်ထပ်တစ်ခု အနေနဲ့ ကျွန်တော်တို့ အဒီ Laptop ရဲ့ board Driver Cd လေးပါယူဆောင်ကျစေချင်တယ်..။
နောက်တစ်ခါ Window တင်တဲ့အခါမှာ အခက်အခဲ တစ်ခုဖြစ်နေတယ်...။
Driver Bkup software တွေရှိပေမဲ့ အကောင်းဆုံးက မိမိlaptop ရဲ့ Driver Cd လေးတော့ သိမ်းထားကြပါ...။
ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့လို Service လုပ်တဲ့သူတွေ အခက်အခဲ တွေ့လို့ပါ....။
ရှာပေးလို့လုပ်ပေးလို့တော့ ရပါတယ်..ဒါပေမဲ့ Fix သိပ်မဖြစ်လို့ပါ... ။
အသုံးပြုသူတွေအနေနဲ့အကောင်းဆုံးကတော့
- မျက်နှာပြင်ညီညာတဲ့နေရာ
- အပူချိန် အရမ်းမပြင်းဘဲ မျှတတဲ့နေရာ
- လေ၀င်လေထွက်ကောင်းတဲ့နေရာ
- ဖုန်တွေအလွယ်တကူ မတင်နိုင်တဲ့နေရာ
အစရှိတဲ့နေရာတွေမှာ သုံးတာ အသင့်လျှော်ဆုံးပါပဲ …….
Destop ဖြစ်ဖြစ် Laptop ဖြစ်ဖြစ်……..ပါ
နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာက ဒီ Post လေးကိုဖတ်ရုံနဲ့ ပြည့်စုံသွားပြီလို့ မထင်လိုက်ဖို့ပါ။ သိထားတာလေးတွေကိုပဲ မျှဝေရုံသက်သက်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ကိုယ် တိုင်တောင်မှ စင်းလုံးချော Post တစ်ခုလို့ မသတ်မှတ်ထားပါဘူး။ အသိပညာ ဗဟုသုတဆိုတာ ဘယ်လောက်ဖြည့်ဖြည့် မပြည့်ဘူးဆိုတာ ချစ်တဲ့ ဧဒင်သယ်ရင်းတွေလည်းသိပါတယ်။ ဒါ့ကြောင့် ကျွန်တော်မျှဝေပေးခဲ့တဲ့ Post တွေထဲမှာ မှားနေတာတွေအမြင်မတော်တာတွေများရှိခဲ့ရင်မပြည့်တဲ့ အိုးဘောင်ဘင်ခတ်လိုက်တာကွာလို့ မထင်ကြပဲနဲ့ မှားရင်မှားနေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ထောက်ပြပေးစေလိုပါတယ်…..။ ရှင်းအောင်ပြောရရင် သော်ဇင်ဟိန်းဆိုတဲ့ ဘုစုခရု မပြည့်အိုးလေး ရေးထားတဲ့ Post တွေကို နားလည်ပြီးသား အစ်ကိုအစ်မတွေ ညီ ညီမတွေအနေနဲ့ အပြစ်မမြင်ပဲ ဖြည့်ရေး၊ ဖြည့်တွေးပေးစေလိုပါတယ် ခင်ဗျာ။ကျွန်တော့်ဘလော့ဟာကျွန်တော့်ဘ၀ပါကြီးကျယ်တယ်လို့ မထင်ပါနဲ့ ကျွန်တော့်ဘ၀တစ်လျှောက်ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေကိုပါ ပေါင်းစပ်ပြီး ရေးခဲ့ ရလို့ပါ ကွန်ပြူတာကို ရေချိုးပေးရအောင် ထဲက ဖုန်ပြဿနာလိုမျိုးပေါ့ ကိုယ့် PC ကို သေချာမသန့်ရှင်းပါပဲနဲ့ဘာဖြစ်ဖြစ်ဆိုင်ပို့လိုက်မယ်ဆိုတဲ့သူတွေသာများနေတဲ့အတွက်ကျွန် တော်တို့ Service သမားတွေမှာ အဲဒီိဖုန်ပြဿနာနဲ့ ရောဂါရနိုင်ပါတယ်…။ အဲဒါကြောင့် ဧဒင်ကသယ်ရင်းတွေကိုလည်းကိုယ့်ကြောင့်သူများဒုက္ခမရောက်စေရအောင် ကိုယ့်ကွန်ပြူတာာလေးကိုကိုယ်တိုင်စောင့် ရှောက်နိုင်အောင်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ရေးပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလိုရေးပေးခဲ့တဲ့အတွက် ကျွန်တော့်ဘလော့ကို ဖတ်တဲ့ သယ်ရင်းတို့ အကျိုးရှိသွားမယ် အသိလေးတွေဝင်သွားမယ်ဆိုရင် ရေးရကျိုးလည်းနပ်ပါတယ် ပင်ပန်းရကျိုးလည်းနပ်ပါတယ် ခင်ဗျာ။ ကဲ ချစ်တဲ့ဧဒင်သယ်ရင်းတို့ရဲ့ Comment လေးတွေဖတ်ရင်းနဲ့ ဘ၀အမောတွေဖြေဖျောက်ပါရစေလို့ ဆန္ဒပြုရင်း……..ကွန်ပြူတာလေး သက်တမ်းရှည်ဖို့ ဟိုရွှေ့ဒီရွှေ့ သတိရှိစေ ဟိုဖြုတ်ဒီဖြုတ် သတိထုတ်လေ
အပူမပြင်း
ဖုန်တွေကင်း
Air Flow မျှတ
မီးအားမှန်စေ….. ဤခြောက်ထွေ လိုက်နာကြပါလေ………
သော်ဇင်ဟိန်း
ဓာတ်ပုံများကို www.AhWee.com နှင့် www.InsideMyLaptop.com တို့မှကူးယူဖော်ပြပါသည်။