အလုပ်မအားတဲ့ အချိန်ကများနေတော့ ရေးစရာတွေ များနေပေမယ့် ဘယ်က  စရေးရမှန်း မသိအောင်ကို ခေါင်းတွေလဲ ချာချာလည်နေပါပြီ။ အခု  ကြုံတုန်းလေးမို့ ကွန်ပျူတာ သုံးစွဲရာမှာ ပေါ့ပါးစေတဲ့ ဆော့ဝဲလ်လေးကို  ဖော်ပြပေးလိုက်ပါတယ်။
စာရိုက်အသုံးများတဲ့စက်၊ ဖိုင်တွေ ဟိုပို့ဒီပို့ လုပ်တဲ့စက်၊ ဆော့ဝဲလ်ပေါင်းများစွာနဲ့ အလုပ်ရှုပ်နေတဲ့ စက်တွေအတွက် Defragment က လုပ်ကို လုပ်ရမယ့် အရာလေးတစ်ခုပါ။ Window မှာ ပါတယ်ဆိုပေမယ့် သုံးစွဲရတာ ထိရောက်မှု မရှိဘူးလို့ ထင်ပါတယ်။

         အခု ဖော်ပြပေးတဲ့ ဆော့ဝဲလ်ကလဲ Defragment  Software လေးတစ်ခုပါပဲ။ free version ဖြစ်ပြီး ဆိုဒ်က 1 M တောင်  မပြည့်ပါဘူး။ သုံးစွဲရမှုလဲ လွယ်ကူတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။  အသုံးဝင်တဲ့ ဆော့ဝဲလ်လေး တစ်ခု ဖြစ်တဲ့အတွက် မဖြစ်မနေ သုံးစွဲသင့်ပါတယ်။  ဒီမှာ Download လုပ်ယူပါ။