- ပထမဆုံးမိမိ install လုပ်မယ့် Computer ရဲ့ BIOS Setting မှာ First Boot ကို CD Rom or DVD လို့ setting ချလိုက်ပါ။ Boot တက်လာပြီဆိုရင် KDE graphical interface ကိုရောက်ရှိဖို့ "startx" ဆိုတဲ့ Command ကိုရိုက်လိုက်ပါ။
- Desktop ပေါ်မှာပြထားသော “install.sh” ကို Double click ပေးလိုက်ပါ။
- Geographical location ကိုမိမိနေရာ၊ဒေသအလိုက်ရွေးလိုက်ပါ။ ပြီးတော့ Forward ကို နှိပ်လိုက်ပါ။ Keyboard Layout ကိုတော့ Default အတိုင်းထားလိုက်ပါ။
- နောက်ထပ်ပုံကတော့ partitioning layout ကိုရွေးချယ်ရမယ့်အပိုင်းဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ Windows 7 partition ကိုပဲ Resize လုပ်ပြီး BackTrack OS ကို Install လုပ်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ ဘာမှလုပ်စရာမလို ပါ။ Forward ကိုနှိပ်လိုက်ပါ။
- နောက်ပုံမှာ Accept လုပ်ပေးလိုက်ပြီး“Install”ကိုနှိပ်လိုက်ပါ။ Installation ပြီးသည်အထိစောင့်ပေးလိုက်ပါ။ Install အပိုင်းပြီးသွားရင် Reboot ဖြစ်သွားပါလိမ့်မယ်။ Boot ပြန်တက်လာတဲ့ အခါအောက်ကပုံအတိုင်းတွေ့ ရပါလိမ့်မယ်။အပေါ်ဆုံးက ကျနော်တို့ Install လုပ်လိုက်တဲ့  BackTrack OS ပါ။ရွေးချယ်ပြီး Enter ခေါက်လိုက်ပါ။ BT OS ကိုေ၇ာက်ရှိသွားမည်ဖြစ်ပါတယ်။ တကယ်လို့ Windows OS ကိုသွားချင်တယ်ဆိုရင်တော့Windows 7 .......ကိုရွေးချယ်လိုက်ပါ။ BackTrack ရဲ့ default username and password က root / toor ဖြစ်ပါတယ်(မှားတယ်လို့ ပြခဲ့ရင် startx လို့ ရိုက်လိုက်ပါ။(ခြွင်းချက်ပါ)။ဒါဆိုရင်ကျနော်တို့  BackTrack OS ကိုInstall လုပ်ပြီးအသင့်သုံးလို့ ရပါပြီ။ အဆင်ပြေပါစေ။ အသုံးပြုပုံကိုတော့နောက်ပိုင်းမှာရေးပေးသွားပါမယ်။ကျေးဇူးတင်ပါတယ်။
Tuesday, November 8, 2011
BackTrack Dual Boot Install with Windows (Tested on Win 7)
အခုကျနော်အနေဖြင့် BackTrack OS ကို Windows ပေါ်မှာ Dual Boot အနေနဲ့  Install လုပ်ပုံကို တင်ပြပေးသွားမှာပါ...သတိပြုရမှာကတော့ "BACK UP YOUR WINDOWS INSTALLATION FIRST" (ကျနော်အနေနဲ့ BackTrack OS ကို ISO file မှ CD or DVD အခွေထဲသို့ ဖြည်ပြီးသားလို့ ယူဆပါတယ်။) USB ကနေ Install လုပ်ချင်ရင် ဒီလင့်မှာ ကြည့်လိုက်ပါ။
Labels:
BackTrack 5