ပထမ သိရမည့် အချက် ( မှတ်ချက် ။ ။ Gbyte , Mbyte , Kbyte သာ အခုတင်ပြမည့်အပိုင်းမှာ သက်ဆိုင်လို့ ဒီသုံးမျိုးဘဲ ဖော်ပြတာပါ)
ဒုတိယ သိရမည့်အချက်
500 Gbyte ရှိတဲ့ hard Disk Drive တခုမှာ 500.000.000.000 bytes ပါရှိတယ်ဆိုတာ အရင်သိရပါမည်။ တနည်းအားဖြင့် 500 Gbyte ရှိတဲ့ hard Disk က 465 Gbyte ဘဲ အမှန်တကယ်ရှိတာဖြစ်ပါတယ်။
1 Tbyte ( 1000 Gbyte) ရှိတဲ့ Hard Disk Drive တခုမှာ 1000.000.000.000 byte ပါရှိတယ်ဆိုတာသိရ ပါမည်။ တနည်းအားဖြင့် 0,9 Tbyte က 931 Gbyte နဲ့ ညီတယ်လို့ပြောတာဖြစ်ပါတယ်။
ဒါဆို ဘယ်လို ရတာလဲ ကိုယ်တိုင် တွက်ချက်ကြည့်ရအောင်
အထက်ပါ 500 Gbyte က 465 Gbyte ဘဲ ရှိတာ ဘာကြောင့်လဲဆိုတာ မေးစရာ ရှိလာပါပြီ ဒါကြောင့် အောက်ပါအတိုင်း တွက်ချက်တက်ဖို့ လိုပါတယ်။ အဆင့် (၃) ဆင့် တွက်ချက်ဖို့ လိုအပ်ပါတယ်။
ဒီလောက်ဆိုရင် ဘယ်လိုတွက်ချက်ရမယ်ဆိုတာ နားလည်သဘောပေါက်လောက် ပြီထင်ပါတယ်။ အခြားသိသင့်တဲ့ အချက်များကိုလည် မှတ်ချက်မှာ ဝေမျှလိုက်ပါတယ်။
အထက်ပါအတိုင်းအဆင့်သုံးဆင့် မတွက်ချင်တဲ့ သူငယ်ချင်းများအနေဖြင့် အချိုးတွေကို သိချင်အားဖြင့်လဲ တွက်ချက် နိုင်ပါတယ်။
Gbyte ရဲ့ အချိုးက 0.9313226 ဖြစ်လို့ ဒါနဲ့ဘဲ မြှောက်ပေးတာဖြစ်ပါတယ်။ အပေါ်မှာတင်ပြခဲ့တာနဲ့ အဖြေအတူတူ ထွက်မှာဘဲဖြစ်ပါတယ်။ ဒါကြောင့် 500 Gbyte က အမှန်တကယ် 465 Gbyte ဘဲရှိပါတယ်။
အခြား Ratio များကို ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။
Posted by မိုးထက်မြင့်