စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Monday, September 19, 2011

အန္တရာယ်အသံကို ခွဲခြားစီစစ်ပေးနိုင်သော CCTV နည်းပညာသစ်

စီစီတီဗီလုံခြုံရေးကင်မရာပေါ်တွင် တစ်စုံတစ်ယောက်၏ အော် သံကို မကြားနိုင်ပါ။ သို့သော် ဗြိတိနိုင်ငံရှိ ကုမ္ပဏီတစ်ခု၏ ဖော်ထုတ် လိုက်သော နည်းပညာတွင် တစ်စုံတစ်ယောက်သည် ရန်လိုသည့်အခါ တွင်လည်းကောင်း၊ အကူအညီတောင်းခံသည့်အခါတွင်လည်းကောင်း၊ ကင်မရာမှ လုံခြုံရေးအစောင့်များကို ကြားသိရှိစေမည်ဖြစ်သည်။ ဗီဒီယို စနစ်တစ်ခုတည်းဖြင့် အဖြစ်အပျက် အများအပြားကို ဖမ်းယူမသိရှိနိုင်ပါ ဟု ဒီဂျစ်တယ်ကမ္ဘာ (Digital Planet) မှ အသံပိုင်းဆရာ ကျွမ်းကျင်သူ ခရစ်မစ်ရှယ်က ဆိုပါသည်။ ဥပမာအားဖြင့် ဆေးရုံတစ်ရုံပေါ်ရှိ တစ်စုံ တစ်ယောက်၏ ထိတ်လန့်အော်ဟစ်နေမှုကို ဖန်သားပြင် အများအပြား အား စောင့်ကြည့်နေသော စီစီတီဗီအစောင့်များက သိရှိရန် မလွယ်ကူပါ။
ဤအခါတွင် နမူနာအသံ ရာပေါင်းများစွာကို ဆော့ဖ်ဝဲလ်စနစ် အတွင်းထဲသို့ ထည့်သွင်းထားခြင်းဖြင့် ဆော့ဖ်ဝဲလ်သည် အမျိုးမျိုးသော အသံများမှ ခြားနားသော အန္တရာယ်သံကို ခွဲခြားစီစစ်ပေးနိုင်မည် ဖြစ်သည်။ အသံ၏ပမာဏ (အတိုး၊ အကျယ်) ကို အသုံးပြုထားခြင်း မဟုတ်ပဲ၊ ထူးခြားထင်ရှားသည့် အသံအနေအထားကို စနစ်က သိရှိခြင်း ပင် ဖြစ်သည်။ အဆိုပါ စီစီတီဗီနည်းပညာ ဆော့ဖ်ဝဲလ်တွင် အသံ မှတ်သားမှု ရာပေါင်းများစွာရှိပြီး၊ မှတ်သားထားသည့် အသံနှင့်တူညီပါက အချက်ပေးသံ ပေါ်ထွက်လာမည်ဖြစ်သည်။ အခြားဆော့ဖ်ဝဲလ်များ အတိုင်းပင် စစချင်း ပေါ်ထွက်လာသော ဆော့ဖ်ဝဲလ်များ လိုအပ်ချက်များ ကဲ့သို့၊ စီစီတီဗီ နည်းပညာစနစ်သည် တိကျမှန်ကန်သည့် အနေအထားမှ လွဲချော်ကောင်း လွဲချော်နိုင်ပါသည်။ သို့သော် အနည်းအကျဉ်း လိုအပ် ချက်မှလွဲ၍ ဈေးကွက်ထဲရောက်ရန် အဆင်သင့် ဖြစ်နေပါပြီဟု ခရစ်မစ် ရှက်က ပြောကြားခဲ့သည်။
Source: www.knowledgebridge.net
Related Posts Plugin for WordPress, Blogger...