Source:မောက္ခပညာရေးမဂ္ဂဇင်း
မိတ်ဆွေတွေ၊သူငယ်ချင်းတွေလိုအပ်လာရင်အလွယ်တကူပြန်ညွှန်းလို့ ရအောင် လင့်ပြန်ဆွဲထားလိုက်ပါတယ်..
Ubuntu11.10 (Oneiric Ocelot) လွန်ခဲ့တဲ့ တစ်ပတ်တုန်းကထွက်လာပါပြီ။ အခုမှ linux ကို စပြီး အသုံးပြုမယ့်သူ တွေအတွက် ဒီစာက ရည်ရွယ်ပါတယ်။ Ubuntu 11.10 ကို အဆင့်ဆင့်ဘယ်လို Install လုပ်မလည်း ဆိုတာကို ပြထားပါတယ်။
ပြီးတော့ အခုအဆင့်ဆင့်လုပ်ဆောင်မှာတွေကတော့ Linux နဲ့ Windows 7 (XP/Vista ဒါမှမဟုတ် တစ်ခြား တစ်ခုခု Install လုပ်ပြီးသား) နဲ့အတူ Dual Boot ဘယ်လိုလုပ်မလည်းဆိုတာကို ရှင်းပြမှာ ဖြစ်ပါတယ်။
အရင်တုန်းက Ubuntu တင်ပြီး ပြဿနာပေါင်းစုံတက်ကာ အဆင်မပြေသူများအတွက်လည်း ရည်ရွယ်ပါတယ်။ ဒါမှမဟုတ်လည်း ရှိပြီးသား Windows ကို အကုန်ဖျက်ပစ်ပြီး Ubuntu တစ်ခုတည်း တင်ချင်သူများအတွက်လည်း ဒီအဆင့်ဆင့်လုပ်ဆောင်ပုံတွေက အတူတူပဲ ဖြစ်ပါတယ်။ တစ်ချို့မတူတဲ့အချက်တွေကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။
Ubuntu 11.10 beta version ထွက်ကတည်းက အံ့သြစရာကောင်းတဲ့ ပြောင်းလည်းမှုတွေ ရှိပါတယ်။ ဥပမာ Unity Desktop လိုမျိုးဟာပါ။ပြီးတော့ အကြီးမားဆုံးပြောင်းလဲမှုကတော့ Gnome 3 ကိုအသုံးပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ Ubuntu မှာ Gnome shell ကိုအလွယ်တစ်ကူ ထည့်လို့ရလာမှာ ဖြစ်ပါတယ်။ (တစ်ချို့သော bugs တွေတော့ ရှိနေတုန်းဖြစ်နေမှာပါ။)
Ubuntu 11.10 အဆင့်ဆင့် Install လုပ်ပုံ
Ubuntu 11.10 ကို Install လုပ်နည်းတွေအများကြီးရှိပါတယ်။ အလွယ်ကူဆုံးကတော့ Windows ကနေ wubi installer နဲ့လုပ်တာပါ။ ဒါပေမယ့် အကုန်လုံးကို ကိုယ့်စိတ်ကြိုက် ဆောင်ရွက်လို့မရပါဘူး။ ဒါကြောင့်မို့ နည်းနည်း အလုပ်ရှုပ်ခံပြီး လုပ်ကြည့်ကြရအောင်။ သိပ်မခက်ပါဘူး၊ အောက်ပါ ဖော်ပြမယ့် အချက်တွေတိုင်း အဆင့်ဆင့် လုပ်သွားကြည့်ပါ။ အခက်အခဲရှိရင် ကွန့်မန့် ရေးခဲ့နိုင်ပါတယ်။
Install မလုပ်ခင် အရေးကြီးတဲ့ Data တွေကို အရင် backup လုပ်ထားပါလို့ အကြံပြုပရစေ။ Partition ခွဲတင်တယ်ဆိုပေမယ့်လည်း မတော်တစ မှားသွားခဲ့သည်ရှိတော့ Data တွေ မပျောက်တော့ဘူးပေါ့။
အဆင့် ၁၊ ISO ဖိုင်ဒေါင်းလုပ်လုပ်ပါ။
ပထမဆုံး Ubuntu 11.10 ISO ဖိုင်ကို ကိုယ်နဲ့ကိုက်မယ့် architecture (Intelx86 သို့မဟုတ် AMD64) ဖိုင်ကို ဒေါင်းလုပ်လုပ်ပါ။ ပြီးပြီဆိုရင် နောက်တစ်ဆင့်သွားရအောင်။
အဆင့် ၂၊ Bootable media တစ်ခုလုပ်ရအောင် (USB/CD)
လွယ်လွယ်လေးပါ။ အဆင့် ၁ မှာဒေါင်းလုပ်လုပ်ထားတဲ့ ISO ဖိုင်ကို CD burn လိုက်ယုံပါပဲ။ Windows မှာဆိုရင်တော့ Nero Burn ဒါမှမဟုတ် Windows 7 မှာဆိုရင် ဒါတိုက် ISO ဖိုင်ကို CD လုပ်လို့ရပါတယ်။ CD အလွတ်တစ်ခုကို ထည့်၊ ပြီးတော့ ISO ဖိုင်ကို Right Click လုပ် ပြီး Burn this ISO ကို ရွေးပေးလိုက်ယုံပါပဲ။
ဒါမှမဟုတ် USB ကနေ boot တက်အောင်လုပ်ချင်တယ်ဆိုရင်တော့
Windows မှာဆိုရင် Universal USB install ဆိုတာရှိပါတယ်။
ဒီမှာ ဒေါင်းလုပ် လုပ်ပါ။
ဖွင့်လိုက်ပါ။ ပြီးတော့ ISO ဖိုင်ကို သွားကောက်လိုက်ပါ။ ဘယ် USB Drive မှာ လုပ်မှာလည်း ရွေးပေးလိုက်ပါ။ မိနစ် အနည်းငယ်အတွင်း ပြီးသွားပါလိမ့်မယ်။ Ubuntu မှာပဲ လုပ်ချင်တယ်ဆိုရင်ဖြင့် Start Up Disk creator ဆိုတဲ့ ဆော့ဝဲ ရှိပါတယ်။ ISO ဖိုင်ကို ရွေးပေးပါ။ ဘယ် USB Drive မှာ လုပ်မလည်း ရွေးပေးပါ။ မိနစ် အနည်းငယ် အတွင်ပြီးသွားပါလိမ့်မယ်။
အစရှိသဖြင့် အဆင့် ၂ ပြီးဆုံး အောင်မြင်သွားရင် bootable media တစ်ခုရပါပြီ။ USB Installer က တစ်ခြား ကိစ္စတွေမှာလည်း သုံးလို့ ရပါတယ်။ ဥပမာ ဘာ password မှ ရိုက်စရာ မလိုပဲ USB ကနေ boot တက်ပြီးတော့ Windows က Virus ကို သတ်ချင်တာမျိုး၊ ဒါမှ မဟုတ် OS တစ်ခုခု ပျက်သွားလို့ Data တွေ Backup ပြန်လုပ်တာမျိုးတွေမှာ သုံးလို့ရပါတယ်။ အိုကေ၊ ကျွန်တော်တို့ Boot media ကနေ boot တက်ပြီး Hard drive ထဲကို Ubutnu Install လုပ်ရအောင်။
အဆင့် ၃၊ USB ဒါမှမဟုတ် CD ထည့်လိုက်ပြီးတော့ restart လုပ်ရအောင်။
အခု အသုံးပြုမယ့် Bootable media (USB/CD) တစ်ခုကို ထည့်ပြီးတော့ restart လုပ်ချလိုက်ပါ။ ပြီးတော့ အဲဒီ Media ကနေ boot တက်လိုက်ပါ။ ကွန်ပြူတာက Boot အော်တိုတက်လာမည် ဖြစ်ပြီး Ubuntu က စက်ရဲ့ မီမိုရီပေါ်မှာ တက်နေမှာဖြစ်ပါတယ်။ တစ်ခြားနည်းတစ်ခုကတော့ try Ubuntu without installing ကနေ ရွေးပြီး တက်တယ် ဆိုရင်တော့ Ubuntu ကို Hard drive မှာ Installing မလုပ်ပဲ စမ်းသပ် အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။
အဲလိုလုပ်ထားတယ်ဆိုရင် သင် စိတ်ကြိုက်စမ်းသပ် အသုံးပြုကြည့်ပြီး Hard drive ထဲ Installing လုပ်တော့မယ်ဆိုရင် Desktop ပေါ်က Install Ubuntu 11.10 icon ကို နိပ်လိုက်ပါ။