စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Wednesday, September 28, 2011

Networking step-2 : NIC, MAC, IP and Connection

Cable လုပ်တာတော့ပြီးခဲ့ပြီ။ ကျနော့်ရဲ့ ပြောင်းပြန်သီအိုရီ အရ ကြိုးရပြီဆိုတော့ တပ်ဆင်ဆက်သွယ်ဖို့ ကဒ်တွေအလှည့်ပေါ့။
အခြေခံအကျဆုံးဖြစ်တဲ့ ကွန်ပြူတာ နှစ်လုံး ချိတ်ဆက်ဖို့ NIC (Network Interface Card) ကို တပ်ဆင်ထားရပါမယ်။ network card (သို့) NIC လို့ ခေါ်ကြတဲ့ device က ကွန်ပြူတာ တစ်လုံးမှ ပို့လိုတဲ့ data တွေကို electric signal အဖြစ် ပြောင်းလဲပြီး cable ကြိုးမှ တဆင့် တဖက် ကွန်ပြူတာရဲ့ NIC ဆီ ပေးပို့ပါတယ်။ တဖန် ၀င်ရောက်လာတဲ့ signal တွေကို data အဖြစ်ပြန်ပြောင်းပြီး လက်ခံပေးမှာ ဖြစ်ပါတယ်။ (NIC ကို သီးသန့် device တစ်ခု အနေနဲ့ Motherboard ရဲ့ media slot မှာ စိုက်သုံးခဲ့တာပါ။ နောက်ပိုင်းထုတ် motherboard တွေမှာတော့ build in အနေနဲ့ အသေတပ်ဆင်ပြီး ဖြစ်ပါတယ်။ NIC တပ်ဆင်ပြီး မဟုတ်တဲ့ laptop တွေအတွက်လည်း USB NIC တွေ ရှိပါတယ်)


ကွန်ပြူတာ NIC တွေဟာ RJ-45 (Registered Jack) port ဖြစ်တဲ့အတွက် ၀ါယာ ၈ ခု ပါပါတယ်။ pin 1 ဟာ ပို့ကြိုး (+) ဖြစ်ပြီး၊ pin 2 ဟာ ပို့ကြိုး (-) ဖြစ်ပါတယ်။ pin 3 ဟာ လက်ခံကြိုး (+) ဖြစ်ပြီး၊ pin 6 ဟာ လက်ခံကြိုး (-) ဖြစ်ပါတယ်။ ၈ ကြိုးမှာ ၄ ကြိုးပဲ အသုံးပြုပါတယ်။ ဒီလိုဆိုရင် ဘယ် NIC ဖြစ်ဖြစ် pin အလုပ်လုပ်ပုံ အတူတူ ဖြစ်လို့ crossover cable ကို သုံးမှသာ pin 1 နဲ့ 2 ပို့ကြိုးဟာ တဖက် NIC ရဲ့ လက်ခံကြိုး pin 3 နဲ့ 6 အဖြစ်ရောက်ရှိမှာဖြစ်ပါတယ်။

Hub နဲ့ Switch တွေရဲ့ pin 1 နဲ့ 2 ဟာ လက်ခံ (+) (-) ဖြစ်ပြီး pin 3 နဲ့ 6 ဟာ ပို့ကြိုး (+) (-) ဖြစ်လို့ NIC နဲ့ ပြောင်းပြန်လုပ်ပြီးသား ဖြစ်ပါတယ်။ ဒါ့ကြောင့် Straight-through cable ကို အသုံးပြုရခြင်း ဖြစ်ပါတယ်။

Networking part-1 : Making LAN Cable

မြန်မာနိုင်ငံပြန်ရောက်ပြီးမှ ပထမဆုံးရေးတဲ့ post ပါ။ အရင် က မူကြမ်းတောင်မရေးပဲ post တင်တဲ့ ကျနော်။ ခု ပို့စ်တင်ဖို့ A4 စက္ကူပေါ်ရေးနေရပြီ။ ဘာပဲဖြစ်ဖြစ်ပါ။ ရတဲ့နည်းနဲ့ ပေးချင်တာတွေ ပေးသွားပါ့မယ်။

စာတမ်းတစ်စောင် (သို့) စာအုပ်တစ်အုပ်အဖြစ် အကြောင်းအရာ တစ်ခုခုကို တင်ပြရေးသားမယ်ဆိုရင်တော့ သဘောတရားတွေနဲ့ သိသင့် သိထိုက်တာတွေ အရင်ရေးရမယ်။ ပြီးမှ လိုက်ပါလုပ်ဆောင်ဖွယ်ရာတွေ ရေးသားရမှာပါ။ ဒါပေမယ့် ကျနော်ပေးချင်တဲ့ ပုံစံက တစ်မျိုးဗျ။ လက်ရှိလူတိုင်းက ပျင်းရိညည်းငွေ့ဖွယ်ကောင်းတဲ့ သဘောတရားတွေထက် ဘာလုပ်ဖို့အတွက်ဆို ဘယ်လိုမျိုးဆိုတဲ့ easy making တွေကို ပိုစိတ်ဝင်စားလာကြတယ်။ နောက်ပြီးလူဆိုတာက တတ်ကျွမ်းပြီးမှသာ နှံ့စပ်ချင်တယ်။ မသိသေးပဲ အသေးစိတ်ကျတဲ့ အချက်အလက်တွေ မမှတ်ချင်ဘူး။ အဲဒါကြောင့် ပြုလုပ်နည်းကို ကျနော် အရင်ရှင်းသွားမယ်။ အသုံးချင်နေတာတွေပြောပြီး အခေါ်အဝေါ်တွေ ရင်းနှီးလာမှ သိထားသင့်တဲ့ သဘောတရား အချက်အလက်တွေကို ပြန်ရေးမယ်။

အခုတင်ပြရေးသားမယ့် အပိုင်းက အရင် မရေးဖြစ်ခဲ့တဲ့ Networking အပိုင်း။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ network က ကျနော်တို့ ပတ်ဝန်းကျင်မှာ တော်တော်လေး နေရာယူလာပါပြီ။ Computer များသာမက PS II ဂိမ်းဆိုင်တွေမှာပါ Network ကို သုံးလာတာတွေ့ရပါတယ်။ (PSII နောက်ပိုင်း မော်ဒယ်တွေကို ကွန်ပျူတာဖြင့် network ချိတ်ပြီး game CD ကို HDD မှ ရယူအသုံးပြုခြင်းကြောင့် စက်ပျက်စီးမှု၊ ခွေဖိုးကုန်ကျမှုများ များစွာ သက်သာသွားစေပါတယ်။) အဲဒါကြောင့် သင်သုံးနေတဲ့ ကွန်ယက် (network) ကို ဘယ်လိုပြုလုပ်ပြီး တည်ဆောက်ထားတာလဲ ဆိုတာ သိသင့်ပါတယ်။ (မက်လုံးပေးရရင်တော့ စက် ၁၀ လုံး networking ပြုလုပ်ခြင်းအတွက် အသားတင် လက်ခ တစ်သိန်းမှ တစ်သိန်းခွဲကြား ပေးရပါတယ်။) အခုအချိန်ကစပြီး အဲဒီမခဲယဉ်းလှတဲ့ နည်းပညာကို စာဖတ်သူတို့ဆီ ကျနော်မျှဝေပါ့မယ်။ level တိုင်းနားလည်အောင် တင်ပြသွားပါ့မယ်။
First step ကတော့ ဆက်သွယ်တပ်ဆင်တဲ့ကြိုး (Networking Cable) ပြုလုပ်ခြင်း ဖြစ်ပါတယ် …
အသုံးပြုနိုင်သော Network Cable တစ်ခု ပြုလုပ်ခြင်း

ညီနေမင်း (နည်းပညာ): computer service သမားများအတွက် Pc Mechanic (မြန်မာ...

ညီနေမင်း (နည်းပညာ): computer service သမားများအတွက် Pc Mechanic (မြန်မာ...: ဒါကတော့ ဦးဇော်လင်း ရေးထားတဲ့ Pc Mechanic ဆိုတဲ့ စာအုပ်ပါ. Hardware သမားများအတွက် ဖြစ်ပါတယ်. ကွန်ပျူတာ တစ်လုံး တစ်စုံတစ်ရာ တစ်ခုခုဖြစ်ပြီ ဆိုရင် (တစ်နည်းအားဖြင့် ပျက်ပြီဆိုရင်) ဘာ့ကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ ကို ဖြစ်နိုင်ခြေတွေကို စဉ်ခြင်သုံးသပ်ရပါတယ်. ဒီစာအုပ်ကလေး မှာ ဖြစ်နိုင်ခြေတွေကို အခြေခံ သုံးသပ်တတ်အောင်လို့ ရေးပေးထား ပါတယ်. ဖြစ်နိုင်ခြေ အများဆုံးကို အရင်ဆုံးအဖြေရှာရမှာ ဖြစ်ပါတယ်. ဟိုဟာ ဟုတ်နိုးနိုး ဒီဟာဟုတ်နိုးနိုးနဲ့ စမ်းနေလို့ကတော့ တစ်ပတ်နေလဲ ကွန်ပျူတာရဲ့ ပျက်တာရဲ့ အဖြေကို သိရမှာ မဟုတ်ပါဘူး. အဲ့တော့ ကွန်ပျူတာ ပြင်မယ် service သမား တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်ထဲက အကြောင်းအရာတွေကို မဖြစ်မနေ သိထားရမှာ ဖြစ်ပါတယ်. စက်တစ်လုံးကို မီးပလပ်ထိုးပြီးတော့ ဖွင့်ကြည့်လိုက်တာနဲ့ အနည်းဆုံး ဖြစ်နိုင်ခြေ သုံးမျိုးလောက်ကို တန်းသိရပါမယ်. ဒီလိုသိနိုင်အောင်လဲ ဖြစ်နိုင်ခြေ ပြဿနာတွေကို လေ့လာထားရပါ့မယ်. မဟုတ်ရင် customar ရှေ့မှာ အထင်သေး ခံရတတ်မယ်မယ့်အပြင် အလုပ်ကိုလဲ နှောင့်နှေးစေပါတယ်. အဓိကပြောချင်တာကတော့ မိမိကိုယ်ကိုယ် service သမားလို့မှ ခံယူထားတယ်ဆိုရင်တော့ ဒီစာအုပ်လေးကို မဖြစ်မနေ ဖတ်ပေးပါလို့ တိုက်တွန်းချင်ပါတယ်. လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ.
Download: ညီနေမင်း (နည်းပညာ)

Tuesday, September 27, 2011

Panda Cloud Internet Security 2012 @Panda Cloud Antivirus Pro 2012

 
Panda Cloud Antivirus 
သူက ပရိုမိုးရှင်းနှစ်မျိုးတောင်ပေးတာဆိုတော့ အရင်ဆုံး
ပရိုမိုးရှင်း လိပ်စာကိုကလစ်လိုက်ပါ အဲဒါဆို အပေါ်ပုံပုံအတိုင်းတွေ့မယ်ခင်ဗျာ ၀င်ရပျင်းသူအတွက်
Download : Panda Internet Security 2012
Download : Panda Antivirus Pro 2012
Internet Security 2012 activation code: IS12PVIP-98464172. Includes 6 months free service.
Antivirus Pro 2012 activation code: AP12PVIP-98464173. Includes 6 months free service.
အဆင်ပြေကျပါစေ။
Source: အမျိုးကောင်းသား

မိမိ မရှိတဲ့ အချိန် Computer ကို ဘယ်သူ သုံးလဲ

ကျွန်တော်ကို ကိုစောကြည်ဖြူ မေးလ်ပို့ပြီး မေးထားတာ အတော် ကြာပါပြီ။ ချက်ချင် မသိလို့ ချက်ချင် မဖြေပေးတာပါ။ ဒီနေ့တော့ ဖြေပေးလိုက်ပါတယ်။ ကျွန်တော်တို့ ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက Run ကနေ Recent လို့ ရိုက်ပြီ ဘာတွေ ဖွင့်လဲဆိုတာ ကြည့်မှာပေါ့လို့။ ဟုတ်ကဲ့ ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင် ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်ပါဘူး။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။

1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာ နေ့ရက် အချိန်နာရီတွေကို တွေ့နိုင်ပါတယ်။ (မှတ်ချက်။ ။ Windows 7 မှာ ရိုက်တဲ့ပုံဖြစ်ပါတယ်။ ) ကျန်တဲ့ Tool တွေကို ကိုယ်တိုင်းလေ့လာကြည့်ပါ.။ ကျွန်တော် Thinking လေးဘဲ ချပြတာပါ။ ဒီ command က ဒါတွေ လုပ်ဆောင်တယ်လို့ ပြောပြီသွားပါပြီး။ ဒီထပ် လေ့လာရမှာက စာဖတ်သူကိုယ်တိုင်းသာ ဖြစ်ပါတယ်။ :D


မှတ်ချက် ။။။။။ XP မှာ ပိုပြီး ရှင်းလင်း လွယ်ကူစွာ တွေ့မြင်နိုင်ပါတယ်။ အရမ်းကို ကောင်းပါတယ်။
Source: ကိုစံပီး

ညီနေမင်း (နည်းပညာ): laptop ပြုပြင်နည်းနှင့်သိသင့်စရာများ (မြန်မာလို)

ညီနေမင်း (နည်းပညာ): laptop ပြုပြင်နည်းနှင့်သိသင့်စရာများ (မြန်မာလို): ဒါကတော့ laptop ပြုပြင်နည်းနှင့်သိသင့်စရာများ ဆိုတဲ့ စာအုပ်ကလေးပါ . သန်းထိုက်(ရွှေရိပ်)ရေးထားတာပါ. laptop နဲ့ desktop က သဘောတရားချင်း တူတယ်လို...့ ဆိုပေမယ့် တည်ဆောက်ပုံချင်း နည်းနည်းလေး ကွဲပါတယ်. desktop ကကျတော့ ကျယ်ပြန့်တဲ့ casing ပုံးခွံထဲမှာ ထည့်ပြီး ပေါ့ပေါ့ပါးပါး သုံးလို့ရပေမယ့်. laptop ကျတော့ တစ်လက်မလောက်သာသာပဲ ရှိတဲ့ laptop အခွံထဲမှာ အားလုံး ပြွတ်သိပ်ပြီး ကွန်ပျူတာတစ်လုံးဖြစ်လာအောင် တပ်ဆင်ထားရတာ တစ်ကယ်တော့ မလွယ်ပါဘူး. desktop သမားများက (၂)နှစ် (၃)နှစ်လောက် ဖုံတက်ချင်တက်ဆိုပြီး ပစ်ထားပေမယ့် ပုံးကကျယ်တော့ လေ၀င်လေထွက်ကောင်းတယ်လေ. speed သိပ်ပြီး သိသိသာသာမကျဘူး. laptop ကျတော့ ၃ နှစ်လောက်လဲ ပစ်ထားမယ်. သန့်ရှင်းရေးလဲမလုပ်ဘူး. ဖြစ်သလိုသုံးမယ်ဆိုရင်တော့ speed သိသိသာသာကျပြီး laptop က ထွက်တဲ့ အပူချိန်ကလဲ သိသိသာသာ မြင့်တက်လာမှာဖြစ်ပါတယ်. ပြောတာနဲ့ ဘယ်ရောက်သွားမှန်း မသိတော့ဘူး. ဒီစာအုပ်ကလေးကို ဖတ်ပါ. သိသင့်တာလေးတွေ သိလာပါလိမ့်မယ်. လိုချင်ရင်အောက်မှာ Download လုပ်လိုက်ပါ.
Download : ညီနေမင်း (နည်းပညာ)

Sunday, September 25, 2011

Related Posts Plugin for WordPress, Blogger...